[Zawgyi]
စကားပုံတွေဟာ ကိုယ့်အတွက် လိုအပ်နေတဲ့အချိန်မျိုး၊ အသစ်သောအရာများကို စွန့်စားကြတော့မယ့် အခါမျိုးတွေမှာ များစွာ ခွန်အားဖြစ်စေပါတယ်။ အခုပြောပြပေးမယ့် စကားပုံတွေက သင် အခက်အခဲတွေကိုကျော်လွှားသွားနိုင်ဖို့အပြင် ကောင်းသောပြောင်းလဲခြင်းဖြစ်ဖို့ပါ ကူညီပေးပါလိမ့်မယ်။
ဒီစကာပုံတွေက ပျော်စရာတွေ၊ သဘာဝနဲ့အတိုင်းဖြစ်နေတာတွေနဲ့၊ တကယ့်ကိုမှ အရေးကြီးတာတွေမျိုး ဖြစ်နေပါလိမ့်မယ်။ အားလုံးသော စကားပုံတွေကတော့ သင့်ဘဝလမ်းကြောင်းပေါ်အတွက် အကူအညီ (သို့) အထောက်အပံ့ကောင်းတွေ ဖြစ်စေပါလိမ့်မယ်။
ကျန်းမာတဲ့အလေ့အထတွေ ဖြစ်လာစေနိုင်တာကလည်း စကားပုံကြောင့်ပါ။ စကားပုံတွေထဲကနေ ကိုယ့်အားနည်းချက်တွေကို အားသာချက်အဖြစ် ပြောင်းလဲသွားစေနိုင်တဲ့ ခွန်အားတွေ ရှာဖွေ စားသုံးနိုင်ပါတယ်။ အခု ဒီစကားပုံတွေကို သင့်စိတ်ထဲ မှတ်သားထားမယ်ဆိုရင် ခက်ခဲနေတဲ့ သင့်ဘဝကို လွယ်ကူ ပျော်ရွှင်သွားအောင် သင်ရှာဖွေလာနိုင်မှာပါ။ ကိုယ့်အနေအထားကို သိလာမှာဖြစ်ပြီး ဘဝအတွက် အကောင်းဆုံး အဖြေတွေကို သင်တွေ့သွားပါလိမ့်မယ်။
၁။ “မလုပ်နိုင်ဘူးလို့ပြောတဲ့သူတွေဟာ လုပ်နိုင်တယ်လို့ ယုံကြည်လို့ လုပ်နေကြတဲ့သူတွေကို နှောက်ယှက်ဖျက်ဆီးခြင်း မလုပ်သင့်ပါ” (တရုတ်စကားပုံ)
၂။ “အမှားတွေ မလုပ်ဘဲနဲ့တော့ အောင်မြင်မှုကလည်း မဖြစ်တည်ပါဘူး။ သို့သော် အမှားတစ်ခုတည်းကို နှစ်ခါဘယ်တော့မှ မဖြစ်စေပါနဲ့” (ဂျော့ဘားနက်ရှော)
၃။ “သင့်မှာ ရှိတဲ့အချိန်တွေက အင်မတန်နည်းပါတယ်။ အဲဒါကြောင့် သင့်အချိန်တွေကို သူများဘဝအတွက်ကြီးပဲ အကုန်ခံမနေပါနဲ့။ သူများတွေနဲ့ ပါးစပ်ဖျားက အမှန်တရားတွေနဲ့ပဲ သင့်ဘဝကို မပိတ်မိပါစေနဲ့။ ကိုယ်ပိုင် ယုံကြည်ချက်တွေကိုလည်း သူများတွေကြောင့် အပျက်အဆီးမခံပါနဲ့။ အရေးအကြီးဆုံးအရာက သင့်နှလုံးသားနဲ့ခံယူချက်တွေနောက်လိုက်နိုင်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွန်းအားတွေ ရှိပါ။” (စတိဗ်ဂျော့)
၄။ “သင်ပိုင်ဆိုင်တဲ့အရာတွေကို အခြားသူတွေ မပိုင်ဆိုင်ပါဘူး။ သင့်အသံ၊ သင့်စိတ်ထား၊ သင့်ဘဝ၊ သင့်ရည်မှန်းချက် တွေပေါ့။ ဒါကြောင့် သင့်ဘဝကို နေနိုင်သမျှာ ရှင်သန်ပါ၊ ရေးပါ၊ ရေးဆွဲပါ၊ တည်ဆောက်ပါ၊ ကစားပါ၊ ကပါ။” (နေးဂီမန်)
၅။ “ဘဝဆိုတာဟာ ပြဿနာတွေတန်းစီထားတဲ့အရာပါ။ ပြဿနာတစ်ခုရဲ့အဖြေတစ်ခုက နောက်ပြဿနာတစ်ခု စတင်ခြင်းပါပဲ။ ပြဿနာမရှိပဲ ဘဝတစ်ခုကို မမျှော်လင့်ပါနဲ့။ ဒါဟာ မဖြစ်နိုင်ပါဘူး။ သို့သော်လည်း လှပတဲ့ ပြဿနာတွေကိုတော့ မျှော်လင့်ထာပေါ့လေ။” (Mark Manson)
[Unicode]

The post
ဘဝကို ပျော်ရွှင်စေမယ့် စကားပုံများ
appeared first on
MyStyle Myanmar
.