ကားချင်း အားလုံးတူနေပါလျှက်နဲ့ နံပါတ်အနက်သမားက ဘာကြောင့်နံပါတ်အနီယာဉ်ကိုမောင်းခွင့်မရှိတာပါလဲ
automobiledirectory.com.mm
|
2020-01-29

ကားချင်း အားလုံးတူနေပါလျှက်နဲ့ နံပါတ်အနက်သမားက ဘာကြောင့်နံပါတ်အနီယာဉ်ကိုမောင်းခွင့်မရှိတာပါလဲ

ကြည့်ပါအုံးဆရာရယ် သူလဲပရိုဘောက် ကျွန်တော့်ကားလဲပရိုဘောက် သူ့ကားကလဲ 2007 ကျွန်တော့်ကားကလဲ 2007 အမျိုးအစားလဲတူတယ်၊ ကားချင်းလဲတူတယ်၊ ပုံကလဲ တစ်ပုံစံထဲ ကွဲခြားတာဆိုလို့ကားတစ်စီးလုံးမှာ နံပါတ်ပြားတစ်ခုပဲကွဲတယ်။

သူကအနီ ကျွန်တော်ကအနက် အဲ့လိုအားလုံးတူညီနေတဲ့ကားကို ကျွန်တော်ကသူ့ကားကိုတက်မောင်းလို့မရတော့ဘူးလားဗျာ ကျွန်တော့်ယာဉ်မောင်းလိုင်စင်ကတော့ မှန်ပါတယ်"ခ"ပါ ဒါပေမဲ့ ကားကအတူတူလေတဲ့။

မှန်ပါတယ် အဲ့ဒီလို တွေးတဲ့ မေးတဲ့သူတွေလဲရှိပါတယ်။ မေးသင့်တဲ့မေးခွန်လည်းဖြစ်တာကို ဒီတော့ ဒီလိုလေးဗဟုသုတမျှဝေချင်ပါတယ်။

ကားနှစ်စီးလုံးဟာ နံပါတ်ပြား အနီ အနက်ကွဲလွဲတာကလွဲလို့ အားလုံးတူညီနေကြပေမဲ့ အနက်သမားက အနီကားကို တက်မောင်းမရတာဟာ အဓိက ယာဉ်မောင်းလိုင်စင်ပါ ယာဉ်မောင်းလိုင်စင်ကရော ဘယ်လောက်အရေးပါနေသလဲလို့မေးရင်။

နံပါတ်အနက် ကိုယ်ပိုင်ယာဉ်ကိုမောင်းနိုင်ဖို့ သိပ်မခဲရင်းပါဘူး သင်မောင်း(သ)သုံးလ ဒါမှမဟုတ် ဆိုင်ကယ်မောင်းလိုင်စင်(က)သုံးလပြည့်တာနဲ့ စာမေးပွဲ ဖြေဆိုအောင်မြင်ရင်"ခ"ယာဉ်မောင်းလိုင်စင်ရလို့ ကိုယ်ပိုင်ကားမောင်းခွင့်ရပါပြီ။

ကိုယ်ပိုင်ကားဆိုတော့ မိမိမိသားစု သူငယ်ချင်းအပေါင်းအသင်း ဆွေမျိုးတွေကို တင်ဆောင်မောင်းနှင်နိုင်ပြီပေါ့ ခရီးဆိုတာလည်း ကိုသွားချင်မှသွား ကိုမောင်းချင်မှမောင်း လမ်းဆိုတာလည်း လမ်းကြမ်းလို့မမောင်းလဲရတယ်၊ လူရှုပ်လို့ ချောင်ကြိုချောင်းကြားမို့ မောင်းမသွားချင်လဲရတယ်။ ကားပေါ်ဘယ်သူမှမတင်ဘဲ ကိုတစ်ယောက်တည်းမောင်းလဲရတယ်။ ဒါက နံပါတ်ပြားအနက် ကိုယ်ပိုင်းကားပေါ့။

နံပါတ်ပြားအနီပုံပါအငှားယာဉ်ကတော့ ဒီနေရာမှဒီနေရာပဲ သွားကိုသွားရမယ်။ လူရှုပ်လဲမောင်းရမယ် ချောင်းကြားလဲမောင်းရမယ်။ တောင်ပေါ်လည်း ချောက်ကမ်းပါး ဗွက်အိုင် မိုးသည်းသည်း လေထန်ထန် ခရီးလမ်းကြမ်းကြမ်းပေါ့။

နောက်ပြီး လက်ပြပြီးတားတဲ့ မည်သည့်ခရီးသည်မဆို လုံလောက်တဲ့အကြောင်းပြချက်မရှိရင် အားလုံးတင်ဆောင်ရတယ် အမျိုးမျိုးသောသူအားလုံးရဲ့ အသက်ကိုတာဝန်ယူရတယ် မိမိတစ်ယောက်တည်းမဟုတ်ဘဲ ကိုမသိတဲ့သူတွေကို အမြဲတင်ဆောင်မောင်နေရတယ်။

အဲ့ဒီလိုနံပါတ်ပြားအနီပုံပါကားဟာ တာဝန်ယူရတဲ့အပိုင်းတွေအများကြီးမို့ သူ့ကိုမောင်းနှင်မည့်သူဟာ ကိုယ်ပိုင်ကားမောင်းတဲ့ ယာဉ်မောင်းသက်တမ်း သုံးနှစ်ပြည့်ပြီးသားသူကိုသာ"ဃ"ယာဉ်မောင်းလိုင်စင်ဖြေဆိုရယူလို့ မောင်းခွင့်ပြုပါတယ်။

"ခ"သုံးနှစ်ပြည့်တာပဲဗျာလို့လဲ ပြောမရပါဘူး။ စောစောကပြောခဲ့တဲ့ "သ" ဒါမှမဟုတ်"က"သုံးလပြည့်လို့"ခ"ရထားတဲ့ ယာဉ်မောင်းသက်တမ်းနုသေးတဲ့သူကို အခုပြောတဲ့ နံပါတ်အနီ(Taxi)မောင်းခိုင်းကြည့်ပါလား ကိုယ်ပိုင်းကားလိုရွေးချယ်လို့မရတော့ လမ်းခရီး လူ ရာသီဥတု စတဲ့အခက်အခဲပြသနာတွေ ပုံလာမှာလေ အစထဲကကားမောင်းကျွမ်းကျင်နေရင်တော့ မပြောလိုဘူးပေါ့ ဒါပေမဲ့အများအားဖြင့်တော့"ခ"ရအောင်တောင်မနဲကြိုးစားဖြေခဲ့ရတာပါ။

ဟုတ်ကဲ့ ဒါကတော့ ကျွန်တော်တို့အများအားဖြင့် အမြဲလိုလိုသတိမထားမိတဲ့ သေချာတွေးကြည့်မှပေါ်လာတဲ့ နံပါတ်အနီနဲအနက်ရဲ့ကွာခြားချက်တွေပါ။ ကားချင်း အားလုံးတူညီပေမဲ့ အနီကို အနက်သမားမောင်းမရတာ အဲ့ဒီလိုကြောင့်ပါဗျာ။

ယာဉ်မောင်းအလုပ်နဲ့အသက်မွေးဝမ်းကြောင်းပြုကြသော"ဃ"ဖြေဆိုရန်စောင့်ဆိုင်နေကြသော အစောထဲကယာဉ်မောင်းကျွမ်းကျင်ပါသော တလျှောက်လုံး "ခ" သာလျှင်အမြဲကိုင်ထားပါသော ယာဉ်မောင်းများအတွက် ကြုံကြိုက်လာသော်လည်းအခက်အခဲမရှိဟုဆိုနိုင်သော်လည်း "ခ"ရရန်ပင် အတော်ကြိုးစားခဲ့ရသည့် သက်တမ်းနုယာဉ်မောင်းတွေအတွက်ကတော့ အဆိုပါကွာခြားချက်ဟာ ပြသနာကြီးတစ်ခုပါပဲဗျာ။

Credit; ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Zawgyi

ဟုတ်ကဲ့ ဒါကတော့ ကျွန်တော်တို့အများအားဖြင့် အမြဲလိုလိုသတိမထားမိတဲ့ သေချာတွေးကြည့်မှ ပေါ်လာတဲ့ နံပါတ်အနီနဲအနက်ရဲ့ကွာခြားချက်တွေပါ။ ကားချင်း အားလုံးတူညီပေမဲ့ အနီကို အနက်သမားမောင်းမရတာ အဲ့ဒီလိုကြောင့်ပါဗျာ။

ယာဉ်မောင်းအလုပ်နဲ့အသက်မွေးဝမ်းကြောင်းပြုကြသော"ဃ"ဖြေဆိုရန်စောင့်ဆိုင်နေကြသော အစောထဲကယာဉ်မောင်းကျွမ်းကျင်ပါသော တလျှောက်လုံး "ခ" သာလျှင်အမြဲကိုင်ထားပါသော ယာဉ်မောင်းများအတွက် ကြုံကြိုက်လာသော်လည်းအခက်အခဲမရှိဟုဆိုနိုင်သော်လည်း "ခ"ရရန်ပင် အတော်ကြိုးစားခဲ့ရသည့် သက်တမ်းနုယာဉ်မောင်းတွေအတွက်ကတော့ အဆိုပါကွာခြားချက်ဟာ ပြသနာကြီးတစ်ခုပါပဲဗျာ။

Credit; ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Some text some message..