ကားလေစစ် ကိုယ်တိုင်လဲမယ်ဆိုရင်
automobiledirectory.com.mm
|
2020-01-29

ကားတစ်စီးရဲ့လေစစ်ဆိုတာ ဈေးလည်း သိပ်ပြီးမကြီးသလို ထိန်းသိမ်းပြုပြင်ရတဲ့ အပိုင်းမှာလည်း လွယ်ကူပါတယ်။


ဒါပေမယ့်ကားအတွက်တော့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ လေစစ် မရှိရင် ကားအတွင်းကို ရှိုက်သွင်းလိုက်တဲ့ လေတွေကတဆင့် အင်ဂျင်ထဲကို လေနဲ့အတူ အမှိုက်တွေ ဝင်ရောက်သွား စေနိုင်ပါတယ်။


လေစစ်မှာ ဖုန်မှုန့်နဲ့အမှိုက်တွေ ပိတ်နေရင်လည်း အင်ဂျင်ထဲကို လေဝင်ရောက်မှု နည်းစေပြီး အင်ဂျင်အရုန်းအစွဲကျ စေပါတယ်။ အဲဒါကြောင့် ကားတစ်စီး ရဲ့လေစစ် ဆေးကြော၊ လဲလှယ်တာတွေ လုပ်ဖို့အတွက် ကားဆားဗစ် မကြာခဏ သွားစရာမလိုဘဲ ကိုယ်တိုင်ပြုပြင် ဆေးကြောနိုင်မယ့်နည်းလမ်းတွေကို အဆင့်ဆင့် ဖော်ပြပေးလိုက်ပါတယ်။


အဆင့်(၁)


မိမိကားနဲ့ကိုက်ညီတဲ့ လေစစ်၊ ကား ထုတ်လုပ်သူက ညွှန်ပြပေးထားတဲ့ လေစစ် အသစ်တစ်ခုကို ကားပစ္စည်း အရောင်းဆိုင်တွေမှာ ရွေးချယ် ဝယ်ယူပါ။ အဲဒါဆိုရင်တော့ ကား လေစစ်ရဲ့မူလ အနေအထားကို မြင်တွေ့နိုင်ပြီဖြစ်ပါတယ်။


အဆင့်(၂)


ဒုတိယအဆင့ျမှာတော့ မြေပြင်ညီနေရာမှာ ကားကို ပါကင်နေရာမှာ ပါကင်ထိုးပြီး အော်တိုဂီယာဆို P မှာထားပါ၊ မန်နူရယ်ဂီယာဆိုရင် ပထမဆုံးဂီယာမှာထားပါ။


အဆင့်(၃)


တတိယအဆင့ျမှာတော့ ကား ဘောနက်ဖုံး ကိုဖွင့်ပြီး သေချာအောင် ဒေါက်ထောက်ပါ။ လေစစ်ဗူး ကိုရှာပါ။ လေစစ်ဗူးအဖုံး ကလစ် တွေကို ဖြုတ်ထုတ်ပြီး အဖုံးကိုဖယ်ထုတ်ပါ။ လေစစ်ကိုထုတ်ယူပါ။


အဆင့်(၄)


လေစစ်အသစ်နဲ့ကားထဲက လေစစ်ကို နှိုင်းယှဉ်ကြည့်ရင် လေစစ် အဟောင်း ကပ်နေတဲ့ အမှိုက်တွေနဲ့ ဖုန်မှုန့်တွေ ဘယ်လောက်များနေလဲ သိနိုင်ပါတယ်။ ဆေးကြောလို့ရနိုင်မလား၊ အသစ်လဲလှယ်လို့ ရ၊ မရ ဆိုတာတွေကို အမြင် ဖြင့် အရင်ဆုံးဖြတ်ပါ။အသစ်လဲသင့်ရင် လဲလှယ်ပါ။


အဆင့်(၅)


ဆေးကြောလို့ရမယ့်အခြေအနေ ဆိုရင်တော့ ဖွင့်ထားတဲ့ လေစစ် ထည့် ထားတဲ့ဗူးကို ပြန်ဖုံးထားပြီး လေစစ်ကို ကားနဲ့ ဝေးတဲ့နေရာကို ယူသွားပါ။


အဆင့်(၆)


လေစစ်ကို ရှေ့နောက်ခွဲခြား မှတ်သားပြီးနောက် လေမှုတ်စက်မှအားအသင့်တင့် ရှိတဲ့ လမေှုတ်အားဖြင့် ရှေ့၊ နောက် တစ်ဖက်ချင်း ကို မှုတ်ထုတ်ပါ။ လေစစ်က ဖုန်မှုန့်နဲ့အမှိုက်တွေ ကင်းစင်သွားရင် မူလ အရောင်နီးပါး ပြန်ဖြစ်လာနိုင်ပါတယ်။


အဆင့်(၇)


သန့်စင်ပြီး လေစစ်ကို ကားအနီးသို့ ပြန်ယူလာပြီး မူလတပ်ဆင်တဲ့ ပုံစံအတိုင်း လေစစ်ကို ပြန်လည်တပ်ဆင် ပေးပါ။ လေစစ်ဗူးအဖုံး ကလစ်တွေကိုလည်း သေချာအောင် ချိတ်ပြီးမှပြန်ပိတ်လိုက်ပါ။ ဘောနက်ကိုလည်း သေချာပြန် ဖုံးအုပ်ပြီး ပိတ်ပေးပါ။ လေစစ်တစ်ခုကို လဲလှယ်တာ၊ ဆေးကြောတာတွေ လုပ်ဆောင်ဖို့ အတွက် သတ်မှတ်ထားတဲ့ ခရီးမိုင် အကွာအဝေး သတ်မှတ်ချက်တွေ လည်းရှိနေပါတယ်။ ကားထုတ်လုပ်သူတွေကလည်း ကားအမျိုးအစား အလိုက်သတ်မှတ်ပေး ထားတာတွေလည်း ရှိပါတယျ။


ယေဘူယျအနေနဲ့တော့ ကား လေစစ်ကို စစ်ဆေးပြီး လဲလှယ်တာ၊ ဆေးကြောတာ တွေလုပ်ပေးသင့်တာကတော့အနည်းဆုံး ကီလိုမီတာ ငါးသောင်း (မိုင်သုံးသောင်းခန့်) အသုံးပြုပြီးတိုင်း စစ်ဆေးပေးသင့်ပါတယ်။


မှတ်ချက်-(ဖုန်ထူထပ်တဲ့နေရာတွေဘက် ခရီးထွက်ရင်တော့ အခြေနေပေါ် မူတည်ပီး ၂ ရက် ၃ ရက် တခါလည်း စစ်ဆေးသင့်ရင် စစ်ရပါမယ်)


Credit; CG GPS Myanmar


Zawgyi


ကားလေစစ် ကိုယ်တိုင်လဲမယ်ဆိုရင်


ကားတစ်စီးရဲ့လေစစ်ဆိုတာ ဈေးလည်း သိပ်ပြီးမကြီးသလို ထိန်းသိမ်းပြုပြင်ရတဲ့ အပိုင်းမှာလည်း လွယ်ကူပါတယ်။


ဒါပေမယ့်ကားအတွက်တော့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ လေစစ် မရှိရင် ကားအတွင်းကို ရှိုက်သွင်းလိုက်တဲ့ လေတွေကတဆင့် အင်ဂျင်ထဲကို လေနဲ့အတူ အမှိုက်တွေ ဝင်ရောက်သွား စေနိုင်ပါတယ်။


လေစစ်မှာ ဖုန်မှုန့်နဲ့အမှိုက်တွေ ပိတ်နေရင်လည်း အင်ဂျင်ထဲကို လေဝင်ရောက်မှု နည်းစေပြီး အင်ဂျင်အရုန်းအစွဲကျ စေပါတယ်။ အဲဒါကြောင့် ကားတစ်စီး ရဲ့လေစစ် ဆေးကြော၊ လဲလှယ်တာတွေ လုပ်ဖို့အတွက် ကားဆားဗစ် မကြာခဏ သွားစရာမလိုဘဲ ကိုယ်တိုင်ပြုပြင် ဆေးကြောနိုင်မယ့်နည်းလမ်းတွေကို အဆင့်ဆင့် ဖော်ပြပေးလိုက်ပါတယ်။


အဆင့်(၁)


မိမိကားနဲ့ကိုက်ညီတဲ့ လေစစ်၊ ကား ထုတ်လုပ်သူက ညွှန်ပြပေးထားတဲ့ လေစစ် အသစ်တစ်ခုကို ကားပစ္စည်း အရောင်းဆိုင်တွေမှာ ရွေးချယ် ဝယ်ယူပါ။ အဲဒါဆိုရင်တော့ ကား လေစစ်ရဲ့မူလ အနေအထားကို မြင်တွေ့နိုင်ပြီဖြစ်ပါတယ်။


အဆင့်(၂)


ဒုတိယအဆင့်မှာတော့ မြေပြင်ညီနေရာမှာ ကားကို ပါကင်နေရာမှာ ပါကင်ထိုးပြီး အော်တိုဂီယာဆို P မှာထားပါ၊ မန်နူရယ်ဂီယာဆိုရင် ပထမဆုံးဂီယာမှာထားပါ။


အဆင့်(၃)


တတိယအဆင့်မှာတော့ ကား ဘောနက်ဖုံး ကိုဖွင့်ပြီး သေချာအောင် ဒေါက်ထောက်ပါ။ လေစစ်ဗူး ကိုရှာပါ။ လေစစ်ဗူးအဖုံး ကလစ် တွေကို ဖြုတ်ထုတ်ပြီး အဖုံးကိုဖယ်ထုတ်ပါ။ လေစစ်ကိုထုတ်ယူပါ။


အဆင့်(၄)


လေစစ်အသစ်နဲ့ကားထဲက လေစစ်ကို နှိုင်းယှဉ်ကြည့်ရင် လေစစ် အဟောင်း ကပ်နေတဲ့ အမှိုက်တွေနဲ့ ဖုန်မှုန့်တွေ ဘယ်လောက်များနေလဲ သိနိုင်ပါတယ်။ ဆေးကြောလို့ရနိုင်မလား၊ အသစ်လဲလှယ်လို့ ရ၊ မရ ဆိုတာတွေကို အမြင် ဖြင့် အရင်ဆုံးဖြတ်ပါ။


အသစ်လဲသင့်ရင် လဲလှယ်ပါ။


အဆင့်(၅)


ဆေးကြောလို့ရမယ့်အခြေအနေ ဆိုရင်တော့ ဖွင့်ထားတဲ့ လေစစ် ထည့် ထားတဲ့ဗူးကို ပြန်ဖုံးထားပြီး လေစစ်ကို ကားနဲ့ ဝေးတဲ့နေရာကို ယူသွားပါ။


အဆင့်(၆)


လေစစ်ကို ရှေ့နောက်ခွဲခြား မှတ်သားပြီးနောက် လေမှုတ်စက်မှ အားအသင့်တင့် ရှိတဲ့ လေမှုတ်အားဖြင့် ရှေ့၊ နောက် တစ်ဖက်ချင်း ကို မှုတ်ထုတ်ပါ။ လေစစ်က ဖုန်မှုန့်နဲ့အမှိုက်တွေ ကင်းစင်သွားရင် မူလ အရောင်နီးပါး ပြန်ဖြစ်လာနိုင်ပါတယ်။


အဆင့်(၇)


သန့်စင်ပြီး လေစစ်ကို ကားအနီးသို့ ပြန်ယူလာပြီး မူလတပ်ဆင်တဲ့ ပုံစံအတိုင်း လေစစ်ကို ပြန်လည်တပ်ဆင် ပေးပါ။ လေစစ်ဗူးအဖုံး ကလစ်တွေကိုလည်း သေချာအောင် ချိတ်ပြီးမှ ပြန်ပိတ်လိုက်ပါ။ ဘောနက်ကိုလည်း သေချာပြန် ဖုံးအုပ်ပြီး ပိတ်ပေးပါ။ လေစစ်တစ်ခုကို လဲလှယ်တာ၊ ဆေးကြောတာတွေ လုပ်ဆောင်ဖို့ အတွက် သတ်မှတ်ထားတဲ့ ခရီးမိုင် အကွာအဝေး သတ်မှတ်ချက်တွေ လည်းရှိနေပါတယ်။ ကားထုတ်လုပ်သူတွေကလည်း ကားအမျိုးအစား အလိုက်သတ်မှတ်ပေး ထားတာတွေလည်း ရှိပါတယ်။


ယေဘူယျအနေနဲ့တော့ ကား လေစစ်ကို စစ်ဆေးပြီး လဲလှယ်တာ၊ ဆေးကြောတာ တွေလုပ်ပေးသင့်တာကတော့အနည်းဆုံး ကီလိုမီတာ ငါးသောင်း (မိုင်သုံးသောင်းခန့်) အသုံးပြုပြီးတိုင်း စစ်ဆေးပေးသင့်ပါတယ်။


မှတ်ချက်-(ဖုန်ထူထပ်တဲ့နေရာတွေဘက် ခရီးထွက်ရင်တော့ အခြေနေပေါ် မူတည်ပီး ၂ ရက် ၃ ရက် တခါလည်း စစ်ဆေးသင့်ရင် စစ်ရပါမယ်)


Credit; CG GPS Myanmar




Some text some message..