သောကြာသားသမီးတွေအကြောင်း တစေ့တစောင်း
shweinnlay.com
|
2020-01-30

သောကြာနေ့အတွက် သောကြာသားသမီးတွေရဲ့ စိတ်နေစိတ်ထား အကြောင်းလေးတွေကို ဖော်ပြပေးသွားချင်ပါတယ် ။

– သောကြာသားသမီးတွေဟာ အချစ် ၊ အလှအပ ၊ ငြိမ်းအေးမှု ၊ ပျော်ရွှင်မှုတို့ရဲ့ ရှေ့ပြေးနိမိတ်လေးတွေပါ။ သီချင်း ၊ ရုပ်ရှင် ၊ ပန်းချီ စသဖြင့် အနုပညာအလုပ်တွေကို အရမ်းနှစ်သက်ကြပါတယ် ။

– ပျော်ပျော်နေတတ်ပြီး အချစ်ရေးနှင့် ပတ်သတ်လာလျှင်တော့ အထိအခိုက် မခံနိုင်ကြတဲ့ သူတွေပါ။ အသည်းကွဲတဲ့ဒဏ်ကို ခံနိုင်ရည်မရှိကြသလို တစ်စုံတစ်ယောက်က ဝမ်းနည်းနာကြင်အောင် ပြုလုပ်လျှင်လည်း သူများထက်ပိုပြီး အချိန်ကြာ ခံစားနေတတ်ပါတယ်။

– မိန်းကလေးဆိုလျှင် EQ လို့ခေါ်တဲ့ ခံစားသိမြင်နိုင်တဲ့ နှလုံးစွမ်းရည် မြင့်မားတတ်ကြပါတယ် ။ ဒါ့ကြောင့်ပဲ အပေါင်းအသင်း သူငယ်ချင်း ပေါများတတ်ပါတယ် ။ ဘယ်အရာမဆို နားလည်လွယ်ပြီး စီးပွါးရေးအမြင်လည်း ကြွယ်ပါတယ်။

– အကယ်၍ ယောက်ျားလေးဆိုရင်တော့ စေတနာသဒ္ဒါတရားအားကောင်းကာ မိန်းကလေးတွေကြားမှာလည်း ပေါ်ပြူလာဖြစ်နေတတ်ပါတယ် ။ သို့သော်လည်း မိသားစုဝင်တွေအပေါ်ကိုတော့ ချွေတာပါတယ် ။ ခရီးသွားရတာကို ကြိုက်နှစ်သက်ပြီး အထူးသဖြင့် ပြည်ပခရီးစဉ်တွေကို ပိုပြီး နှစ်သက်တတ်ပါတယ် ။

– စိတ်ထိခိုက်ခံစားလွယ်လွန်းသူ မဟုတ်သော်လည်း စိတ်ထိခိုက်ပြီဆိုလျှင်တော့ ပြန်ပြီးကုစားဖို့ အချိန်တော်တော်ယူပြီးမှ ကုစားလို့ရတဲ့သူမျိုးတွေပါ ။ ခပ်လွယ်လွယ်ပြောရရင်တော့ အစွဲအလမ်းကြီးတတ်တဲ့ သူမျိုးတွေပေါ့။

– တစ်ခါတစ်ရံ ဗဟုသုတကြွယ်ဝလွန်းတာကြောင့် အသက်ကြီးသူတွေထက်တောင် အသိဉာဏ်ပညာနဲ့ ပြည့်စုံနေတတ်ကြပါတယ် ။

CHAN (ရွှေအင်းလေး)




Some text some message..