RSတစ်ခုဟာ ရင်းနှီးတဲ့ဆက်ဆံရေးမရှိတဲ့အခါ ကြာကြာမမြဲနိုင်ကြဘူးလို့ယူဆကြပါတယ်။ ဒါပေမယ့် ဘယ်စုံတွဲမဆို အိပ်ခန်းထဲမှာရင်းရင်းနှီးနှီးနေရတဲ့အချိန်တွေနည်းသထက်နည်းလာသည့်တိုင် ကောင်းမွန်ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့နည်းလမ်းတွေရှိပါတယ်။
ဘဝမှာလိင်ပိုင်းဆိုင်ရာ ကိစ္စထက် နက်နဲတဲ့ တခြားအကြောင်းအရာတွေအများကြီးရှိပါတယ်။ ပြောရမယ်ဆိုရင် တစ်ယောက်ရဲ့ခံစားချက်ကိုတစ်ယောက်အလေးထားရင် RSတွေကြားပိုခိုင်မာတဲ့ဆက်သွယ်မှုတစ်ခုကိုဖန်တီးနိုင်ပါတယ်။
လေ့လာမှုတွေအရ တစ်ယောက်ကိုတစ်ယောက်အလေးထားတဲ့စုံတွဲတွေဟာ အိပ်ရာပေါ်က ကိစ္စလောက်ကိုပဲအလေးထားတဲ့ စုံတွဲတွေထက် သာလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးတဲ့ဆက်ဆံရေးထက် ဘယ်အရာတွေက ပိုအရေးကြီးလဲဆိုတာ အောက်မှာလေ့လာကြည့်ရအောင်.
မတူညီမှုတွေကိုလေးစားမှုရှိပေးပါ။
သင်နဲ့သင့်လက်တွဲဖော်ဟာ မတူညီတဲ့လူနှစ်ဦးဖြစ်ပါတယ်။ ကွဲပြားခြားနားတဲ့ နောက်ခံအခြေအနေတွေကလာကြတာဖြစ်သလို အကြိုက်ချင်း၊ထင်မြင်ယူဆချက်ခြင်း၊ ယုံကြည်မှုခြင်းတူချင်မှလည်းတူညီကြမှာပါ။
ဒါပေမယ့် အဲ့ဒီအရာတွေကို သင်မကြိုက်ရင်တောင် အပြန်အလှန်လေးစားမှုအနေနဲ့လက်ခံပေးနိုင်ရင် ပိုကောင်းမွန်တဲ့ဆ က်ဆံရေးတစ်ခုကို ထိန်းသိမ်းထားနိုင်မှာပါ။ဒါကြောင့် သင်တို့စုံတွဲရဲ့ အကြိုက်မတူမှုတွေကို လေးစားခြင်းနဲ့ ဂုဏ်ပြုပေးပါ။
တိုင်တိုင်ပင်ပင်တူတူညီညီရှိပေးပါ။
သင်တို့မှာ မတူညီမှုတွေအများကြီးရှိနေပေမယ့် သင့်ချစ်သူနဲ့သင့်ရဲ့ဆက်ဆံရေးဟာ စာမျက်နာတစ်ခုတည်းပေါ်မှာပဲရှိရပါမယ်။ ဆိုလိုတာက နှစ်ပေါင်းများစွာအတူတကွကောင်းကောင်းမွန်မွန်၊ ကြည်နူးဆွတ်ပျံစွာ နေထိုင်လိုတဲ့ ပန်းတိုင်တစ်ခုတည်းရှိရပါမယ်။
သင်တို့ အိပ်ခန်းထဲမှာ အချစ်မီးတောက်နေရင်တောင် သင်တို့ဟာ စွယ်တော်ရွက်လို နစ်ခုပေါင်းမှတစ်ခုတည်း ဖြစ်မနေဘူးဆိုရင် သင်တို့ရဲ့ဆက်ဆံရေးဟာ ရေရှည်ခံမှာမဟုတ်ပါဘူး။ ဘယ်အရာပဲဖြစ်ဖြစ် ချစ်တော့ချစ်တယ်၊ မင်းလည်းမင်းနေချင်သလိုနေ ငါလည်းငါနေချင်သလိုနေ လုပ်ချင်တာလုပ်မယ်ဆိုတဲ့ ဆက်ဆံရေးက ဘယ်လို တည်တံပါမလဲ?
ရိုးသားပွင့်လင်းတဲ့စကားဝိုင်းလေးတစ်ခုထူထောင်ပေးပါ။
သင့်ရဲ့ထင်မြင်ယူဆချက်တွေနဲ့ခံစားချက်တွေကို သင့်ချစ်သူကို ရိုးသားပွင့်လင်းစွာပြောပြပေးနိုင်ပါတယ်။ သင့်စိတ်ခံစားမှုတွေကို အိပ်ခန်းထဲမှာတင်မဟုတ်ပဲ နေ့စဉ်စကားပြောဆိုမှုတွေမှာလည်း ဖော်ပြနိုင်ပါတယ်။
ပျော်ရွှင်မှု၊ စိတ်ပျက်စရာ၊ ဝမ်းသာကြည်နူးစရာတွေအားလုံးကို ဆွေးနွေးတာဖြစ်ဖြစ်၊ တစ်ယောက်နဲ့တစ်ယောက် အကြံတောင်းတာဖြစ်ဖြစ် လေးလေးနက်နက်စဉ်းစားတွေးတောတတ်တဲ့ စကားပြောဆိုမှုတွေအမြဲတမ်းရှိသင့်ပါတယ်။
အပြန်အလှန်နားထောင်ပေးပါ
ကောင်းမွန်တဲ့ဆက်ဆံပြောဆိုမှုဆိုတာ ကောင်းမွန်တဲ့နားထောင်မှုစွမ်းရည်လည်းလိုအပ်ပါတယ်။ သင်တို့နှစ်ယောက်မှာ သ င်ကပဲ အရမ်းစကားတွေပြော၊ ဖြစ်ချင်တာတွေပြောချင်တာတွေပြော ပီးကိုယ့်ချစ်သူဘာပြောချင်လဲဆိုတာ ဂရုမစိုက်ရင် ဒီဆက်ဆံရေးဟာ ရေရှည်အတွက်မကောင်းပါဘူး။
အပြန်အလှန်လေးစားမှုနဲ့နားထောင်ပေးပါ။ သင်စိတ်ဆိုးနေရင်တောင်မှ သူပြောတာကို နားမထောင်ပဲ အရင်အကဲဖြတ်တာ၊ ဝေဖန်တာမျိုးတွေ ဘယ်တော့မှ မလုပ်မိပါစေနဲ့။ အလေးထားနားထောင်ပေးပါ။
ချီးကျူးစကားပြောပေးပါ
စုံတွဲတွေအနေနဲ့တစ်ယောက်ကိုတစ်ယောက် အနေကြာလာတာနဲ့အမျှလေးစားမှု၊ အလေးထားမှုတွေလျော့ကျလာပါတယ်။ အဲ့ဒါကိုဖြည့်စွက်ချက်အနေနဲ့ သူကသင့်အတွက် ကိတ်မုန့်လေးဖုတ်ပေးတာဖြစ်ဖြစ်၊ ဝက်နံရိုးကောင်းကောင်းကြော်ကျွေးတာဖြစ်ဖြစ် ချီးကျူးဖို့ ကျေးဇူးတင်စကားပြောဖို့ မမေ့ပါနဲ့။ ဒီလိုပဲ သင့်ချစ်သူရဲ့ အလုပ်ထဲက အောင်မြင်မှုသေးသေးလေးဖြစ်ဖြစ် သူကပြောပြလာရင် ကောင်းချီးပေးပြီးဝမ်းမြောက်ဝမ်းသာပြုဖို့မမေ့ပါနဲ့။ ဒါဟာတစ်ဦးနဲ့တစ်ဦး ဘယ်လောက်အလေးထားတယ်ဆိုတာကိုပြတဲ့နည်းပါပဲ။
ရယ်မောအောင်လုပ်ပေးပါ
ရယ်မောခြင်းက လူတွေကိုအသက်ရှည်စေပါတယ်တဲ့။ အဲ့ဒီလိုပဲရယ်မောခြင်းဟာ စုံတွဲတွေရဲ့ဆက်ဆံရေးကို ရှည်ကြာစေပါတယ်။ သင်တို့အိပ်ရာထဲမှာ ကိုယ်လက်နှီးနှောပြီးအလိုမကျ အဆင်မပြေဖြစ်ခဲ့ရင်တောင် ရယ်မောပျော်ရွှင်စရာတွေကို ပြောပေးပါ။
တစ်ယောက်နဲ့တစ်ယောက် ရယ်မောအောင်လုပ်ခြင်းဟာ လူနေမှုဘဝထဲက စိတ်ဖိစီးမှုတွေကို လျော့နည်းလာစေပါတယ်။ စုံတွဲပေါင်း ၁၅၀၀၀ လောက်ကို လေ့လာမှုအရ တစ်ဦးကိုတစ်ဦးရယ်မောစေတဲ့ စုံတွဲတွေဟာ ကြာရှည်တည်တံတဲ့မိတ်ဖ က်တွေဖြစ်တယ်ဆိုတာတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်ရယ်မောအောင်လုပ်ပေးပါ။
အသစ်တစ်ခုခုရအောင်ကြိုးစားပေးပါ။
အိပ်ရာပေါ်မှာဖြစ်ဖြစ် အပြင်မှာဖြစ်ဖြစ် အသစ်အဆန်းတစ်ခုခုရအောင်ကြိုးစားကြတဲ့ စုံတွဲတွေဟာ ပိုခိုင်မာတဲ့RSတစ်ခုကို တည်ဆောက်နိုင်ကြတယ်လို့ဆိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံတာကလည်း ကြာတော့ စိတ်လှုပ်ရှားစ ရာမကောင်းတဲ့ဆက်ဆံရေးဖြစ်တတ်ပါတယ်။
ဒီတို့ စုံတွဲတွေတစ်ယောက်နဲ့တစ်ယောက်ဆက်ဆံတဲ့အခါ စိတ်လှုပ်ရှားစရာကောင်းအောင် တစ်ခါမှမလုပ်ဖူးတဲ့အရာတွေကိုပြုလုပ်ဖို့ ကြိုးစားကြည့်ပါ။ အသေးစိတ်တော့မပြောပြတော့ပါဘူးနော်၊ အဲ့ဒီလိုအသစ်အဆန်းလေးတွေလုပ်ပေးတော့ ရိုးမသွားတော့ဘူးပေါ့။
အရည်အချင်းတွေတိုးတက်အောင်လုပ်ပေးကြ
စုံတွဲတွေအနေနဲ့ အိပ်ရာထဲမှာပဲ ချစ်ကြည်နူးစရာလေးတွေနဲ့အချိန်မကုန်သင့်ပါဘူးနော်။ဒါကြောင့် သင်တို့ရဲ့ အချစ်ဇာ တ်လမ်းလေး ခနနားထားတဲ့အချိန်ဖြစ်ဖြစ် တခြားလုပ်စရာတစ်ခုခုမရှိတဲ့အချိန် စိတ်ဝင်စားစရာတစ်ခုခု ဒါမှမဟုတ် ကောင် းမွန်တဲ့အရည်အသွေးတွေကိုတိုးတက်စေမယ့်အရာတွေကိုလုပ်ကြည့်ပါနော်။ အဲ့ဒီလိုလုပ်တဲ့စုံတွဲတွေဟာ ပိုအဆင်ပြေပြေနေထိုင်နိုင်ကြတယ်လို့ဆိုပါတယ်။
အမှတ်တမဲ့လေးတွေကိုနွေးထွေးပေးပါ
စုံတွဲတွေအနေနဲ့ အိပ်ရာထဲမှာပဲ တစ်ယောက်ကိုတစ်ယောက်ချစ်ပြတာထက် အမှတ်တမဲ့အပြုအမူလေးတွေဖြစ်ဖြစ် လူတွေကြားထဲမှြာဖစ်ဖြစ် နွေးထွေးမှုလေးတွေပေးဖို့လိုပါ့တယ်။ သင့်ချစ်သူက သင်နဲ့နီးနီးကပ်ကပ်နေရတာကိုကြိုက်တယ်လေ။
ဒီတော့ လူကြားထဲမှာလည်း ညင်ညင်သာသာဖက်ထားခြင်း ပွေ့ဖက်ခြင်း စတာတွေကို ရံဖန်ရံခါဆိုသလိုလုပ်ပေးပါ။ တ ကယ်လို့စူပါမားကတ်မှာတန်းစီပြီးစောင့်ဆိုင်းနေရချိန် သူ့ရဲ့လက် ဒါမှမဟုတ် ခါးစတာတွေကိုဖက်ထားပေးပါ။ နောက်ဆုံးအိမ်ဧည့်ခန်းထဲမှာ သင်စာအုပ်ဖတ်နေချိန်တောင် သူ့လက်ကလေးကို ဆုပ်ကိုင်ထားပေးပါ။
လက်တွေ့ကျသောမျှော်လင့်ချက်တွေကိုပြပါ
သင်ဟာသူ့အပေါ်မှာချည်းပဲ လုံးလုံးလျားလျား မှီခိုနေတာမဟုတ်ဘူးဆိုတာပြပေးပါ။ လူသင့်လိုအပ်မှုတွေဟာ လူတစ်ယောက်ဆီက ရမှ ဖြစ်မယ်ဆိုတာ မဟုတ်ဘူးလို့ပြပါ။ အဲ့ဒီလို သင်ဟာ သူ့အပေါ်မှာမမှီခိုပဲ ကိုယ့်ကိုကိုယ်ယုံကြည်တတ်သူ စိတ်ခိုင်မာသူဆိုတာသိရင် သင့်ချစ်သူက သင်စိတ်ကျေနပ်လောက်အောင် လိုချင်တာတွေကိုဖြည့်ဆည်းပေးပါလိမ့်မယ်။ ပီးတော့ ဂရုစိုက်မှုတွေပိုပေးပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင့်ကိုရယ်အောင်လုပ်နိုင်သူဟာ သူတစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သိထားလို့ပေါ့။
လေးနက်ပြင်းထန်တဲ့ခံစားမှုကျန်ရစ်ပါစေ
သူ့အပေါ်မှာထားတဲ့ သင့်စိတ်ခံစားမှုက အိပ်ရာထဲမှာ ချစ်ကြည်နူးချိန်ကျမှ ပြင်းပြင်းရှရှဖြစ်ရမှာမဟုတ်ပါဘူး။ တခြားကိ စ္စတွေမှာလည်း လေးလေးနက်နက် ရှိသင့်ပါတယ်။ RSတစ်ခုဟာ ချောမွေ့တဲ့ရွက်လွှင့်မှုတစ်ခုမှမဟုတ်တာ။ အရာရာတိုင်းကို လေးနက်ပြင်းထန်တဲ့ ခံစားမှုပြပေးပါ။
ချစ်ပါ၊သစ္စာရှိပါ၊ ယုံကြည်ပေးပါ
စုံတွဲတွေဟာ အချိန်တွေကြာလာတာနဲ့အမျှအပြစ်တွေမြင်လာတတ်ကြပါတယ်။ သံသယတွေနဲ့ရှုပ်ထွေးမှုတွေက ဘ၀ ထဲ ဝင်လာတတ်ကြပါတယ်၊ ဒီတော့ အပြစ်တွေအစားချစ်စရာကောင်းတာလေးတွေကို မြင်အောင်ကြည့်ပေးပါ။ သင့်အပေါ်မှာ ကောင်းခဲ့ဖူးတာတွေကို ပြန်တွေးကြည့်ပါ။ သစ္စာရှိပြီးယုံကြည်မှုလေးတွေပျိုးထောင်သွားမယ်ဆိုရင်တော့ လိင်ပိုင်းဆိုင်ရာနှီးနှောမှုထက် ပိုခိုင်မာတဲ့ဆက်ဆံရေးကို ရရှိမှာ အမှန်ပဲဖြစ်ပါတယ်။
နောက်ဆုံးအတွေးများ
ကြာရှည်တည်မြဲပြီးကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရဖို့အတွက် လိင်ပိုင်းဆိုင်ရာရင်းနှီးမှုထက် ပိုတဲ့အရာတွေအများကြီးရှိကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာရင်းနှီးမှုကိုကျော်လွန်ပြီး နေထိုင်ကြတဲ့ စုံတွဲအများစုဟာ ခိုင်မာကြာရှည်တဲ့RSတစ်ခုကို တည် ဆောက်နိုင်ကြပါတယ်။
ကိုယ်ပိုင်အချိန်တွေမှာ အိပ်ရာပေါ်မှာ သီးသန့် အိပ်နေခြင်းထက် စိတ်ပိုင်းဆိုင်ရာရင်းနှီးမှုကို ပိုလိုချင်သလား။ ခုပြောခဲ့တဲ့အချက်တွေလုပ်ကြည့်ရင် အံသြစရာကောင်းတဲ့ဆက်ဆံရေးတစ်ခုကို ဖြစ်လာပါစေလိမ့်မယ်။
#Lifestyle_Myanmar
#Mg_Htet
REF_