အနမ်းတစ်ပွင့်ရဲ့အစွမ်း
hellosayarwon.com
|
2020-02-11

ချစ်သူနှစ်ဦးအကြာ း အနမ်းချင်း ဖလှယ်ကြတယ်ဆိုတာဟာ ထူးဆန်းလှတဲ့ အပြုအမူတစ်ခုတော့မဟုတ်ပါဘူး။ လိင်စိတ်ဆန္ဒကြောင့်ပဲဖြစ်ဖြစ်၊ ချစ်ခင်မြတ်နိုးမှုကို ပြသလိုတဲ့ စိတ်ဆန္ဒကြောင့်ပဲဖြစ်ဖြစ် အနမ်းတွေ ဖလှယ်ကြတယ်မဟုတ်လား။ တကယ်တော့ နမ်းရှုတ်တယ်၊ အကြင်နာပေးတယ်၊

Kissing ပေးတယ်ဆိုတာတွေဟာ အချစ်ကို ကိုယ်စားပြုရုံတင်မဟုတ်ပါဘူး။ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေနဲ့ လူနှစ်ဦးအကြားက ခိုင်မြဲတဲ့ ဆက်ဆံရေးတွေအပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိပါတယ်။ သိပ္ပံနည်းကျလေ့လာမှုတွေအရ အနမ်းဟာ လူတွေရဲ့ ကျန်းမာရေးကို တိုးတက်စေနိုင်ပါတယ်တဲ့။ ဘယ်လို အကျိုးပြုသလဲ ကြည့်ကြရအောင် … ၁။ အနမ်းဟာ စိတ်ခံစားချက်ကောင်းမွန်စေတဲ့ ဟော်မုန်းတွေ ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ် - နမ်းရှုတ်ကြတဲ့အခါ "The Love Hormone" လို့ လူသိများကြတဲ့

Oxytocin နဲ့ Vasopressin တွေ ထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ နောက်ပြီး Endogenous Opioids၊ Dopamine နဲ့ တခြားသော လူကိုအကျိုးပြုတဲ့ Neurohormones တွေကိုလည်း ပိုမိုဖြစ်ပေါ်လာစေနိုင်ပါတယ်။ ၂။ အဆိုပါ စိတ်ခံစားချက်ကောင်းမွန်စေတဲ့

ဟိုမုန်း တွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေကို ကုစားနိုင်တဲ့ အကျိုးကျေးဇူးရှိပါတယ် - သိပ္ပံလေ့လာမှုတွေအရ ကျေနပ်နှစ်သိမ့်မှုနဲ့ တပ်မက်စိတ်တို့ဟာ စိတ်ဖိစီးမှုကို လျှော့ချနိုင်သလို ရေရှည်ကျန်းမာတဲ့ အကျိုးကျေးဇူးကိုလည်း ပေးနိုင်ပါတယ်တဲ့။ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ ဟိုမုန်းတွေကို လျှော့ချနိုင်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်နာကျင်မှုတွေကို သက်သာသေမှာဖြစ်ပြီးတော့ စိတ်ကျန်းမာရေးဘက်မှာ အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။ ၃။ အနမ်းက သင့်ကိုပိုပြီး သတိရှိနေစေတယ် - နမ်းရှုပ်ကြတဲ့အခါမှာ မကြာခဏဆိုသလို Adrenaline နဲ့

Noradrenaline တို့လို ဓာတ်မျိုးတွေ ထွက်ရှိလာပါတယ် - အဆိုပါ ဓာတ်တွေဟာ လူတွေရဲ့ နှလုံးခုန်နှုန်းကိုမြန်ဆန်စေပြီး စိတ်လှုပ်ရှားစေရုံသက်သက်တင်မဟုတ်ပါဘူး။ လူကိုပိုပြီး သတိရှိနေစေဖို့လည်း အကျိုးပြုပါတယ်။ ၄။ နမ်းရှုတ်ခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ် - ဟုတ်ပါတယ်။ “အပြန်အလှန် ချစ်ခင်နှစ်သက်မှု သီအိုရီ” ဆိုတာ ရှိပါတယ်။ အဆိုပါ သီအိုရီအရဆိုရင် အနမ်းချင်းဖလှယ်တာအပါအဝင် ရုပ်ပိုင်ဆိုင်ရာအရ ချစ်ခင်နှစ်သက်မှုကို ဖော်ပြနိုင်တဲ့ ထိတွေ့ဆက်ဆံမှုတိုင်းဟာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်တဲ့။ ၅။ စိတ်ဖိစီးမှုနည်းရင် ကိုလက်စထရောလည်း ကျမယ် - စိတ်ဖိစီးမှု နည်းပါးလာတဲ့အခါ သွေးတွင်းမှာရှိတဲ့ ကိုယ်လက်စထရော ပမာဏလည်း ကျဆင်းသွားမှာဖြစ်ပါတယ်။ ဇီဝကမ္မဖြစ်ပျက်မှုတွေကို တွန်းအားပေးတဲ့ fat-soluble vitamins တွေကို ပိုမို ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး Cortisol ၊ Dldosterone ၊ Progesterone ၊

Estrogens နဲ့ Testosterone တို့လို Steroid Hormones တွေပါဝင်ပါတယ်။ ၆။ အနမ်းချင်း ဖလှယ်ပေးရင် အလက်ဂျစ်ဖြစ်စေတဲ့ ရောဂါလက္ခဏာတွေကိုလည်း လျှော့ချပေးနိုင်ပါတယ် - တစ်စုံတစ်ခုနဲ့ အလက်ဂျစ်ရှိနေတဲ့အခါ စိတ်ဖိစီးမှုက ဝေဒနာပိုဆိုးအောင် တွန်းအားပေးပါတယ်။ ဂျပန်သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ နမ်းရှုတ်မှုကြောင့် Feel-good

Hormones တွေ များများထုတ်လွှတ်လာတဲ့အခါ အလက်ဂျစ်ဖြစ်တဲ့ ဝေဒနာတချို့ကို ထိန်းချုပ်လျှော့ချနိုင်တာကို သိရှိခဲ့ရပါတယ်။ ၇။ အနမ်းတစ်ပွင့်ဟာ သင့်ရဲ့

ကိုယ်ခံစွမ်းအား ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ် - တစ်စုံတစ်ယောက်နဲ့ နှုတ်ခမ်းချင်း ထိစပ်နမ်းရှုပ်လိုက်တဲ့အခါမျိုးတွေမှာ ဘက်တီးရီးယားတွေကို လက်ခံရယူလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင် နာမကျန်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်ကြောင့်ပဲ သင့်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပြီး ဘက်တီးရီးယားတွေကို ပြန်လည်တိုက်ထုတ်မယ့် သင့်ရဲ့ ကိုယ်ခံအားစနစ်ကို လှုံ့ဆော်မှုပေးလိုက်တာလည်း ဖြစ်လာမှာပါ။ သြစတြေးလျက သိပ္ပံပညာရှင်တွေကတော့ တစ်နေ့ကို ၉ ကြိမ်နမ်းပါလို့ ဆိုထားကြပါတယ်။ ၈။ အနမ်းချင်း ဖလှယ်ရင် ခံတွင်းလည်း ကျန်းမာတယ်နော် - နှုတ်ခမ်းချင်း နမ်းရှုတ်တဲ့အခါမှာ နှစ်ဦးလုံးရဲ့ ခံတွင်းမှာ တံတွေးရည်တွေပိုမိုထုတ်လုပ်နိုင်ပြီး အလွယ်တကူမျိုချနိုင်အောင်လည်း ကူညီပါတယ်။ ဒီအချက်က သွားအတွင်းမှာကပ်ငြိနေတဲ့ အစာအကြွင်းအကျန်တွေကို ဖယ်ရှားရှင်းလင်းနိုင်စေမှာဖြစ်ပါတယ်။ ၉။ အနမ်းတစ်ပွင့်ဟာ ကြင်ဖက်ရဲ့ အရည်အသွေးကို ဆုံးဖြတ်ပေးနိုင်တယ် - စွဲမက်ဖွယ် အနမ်းတစ်ပွင့်ကြောင့် လက်တွဲဖော်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ကျန်းမာရေး၊ လိင်အမူအကျင့်၊ (အမျိုးသမီးတွေဆိုရင်) ရာသီသွေးလည်ပတ်ပုံတွေအကြောင်းတွေကိုပါ သိနားလည်လာနိုင်တယ်လို့ Archives of

Sexual Behavior ဆိုတဲ့ စာတမ်းတစ်ခုက ဖော်ပြထားပါတယ်။ ၁၀။ ချစ်သူ နှစ်ဦးအကြား အနမ်းချင်း ဖလှယ်တာဟာ စိတ်ကျေနပ်စရာ ဆက်ဆံရေးကို ရစေနိုင်တယ် - နမ်းရှုပ်တာနဲ့ တခြားသော ရုပ်ပိုင်ဆိုင်ရာ ဆက်နွယ်မှုတွေဟာ ချစ်သူ နှစ်ဦးအကြား ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေမှာလည်းဖြစ်ပါတယ်။ များများနမ်းတာဟာ များများလိင်ဆက်ဆံတာထက် ပိုပြီး ဆက်ဆံရေးတွေကို ခိုင်မြဲစေနိုင်တယ်လို့ သုတေသနတွေကဆိုပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..