
တစ်သက်လုံးအပျိုကြီးအဖြစ်အရိုးမထုတ်ချင်ဘူးဆိုရင် Single မမတွေအများဆုံးမှားတတ်ကြတဲ့ ဒီအမှားတွေကို မလုပ်မိဖို့လိုပါတယ်။ဘယ်လောက်ပဲ တစ်ယောက်တည်းနေရတာကြိုက်ကြိုက် ဖူးစာကိုရှောင်လွှဲလို့မရတဲ့အခါ၊တကယ်ချစ်မိသွားတဲ့အခါအချစ်မှာပျော်ဝင်သွားကြတာပါပဲ။ဒါပေမဲ့အချစ်ကကိုယ့်ဆီရောက်လာရင်တောင် ကိုယ်က ရှောင်ဖယ်ပစ်လိုက်တဲ့၊တွန်းထုတ်ပစ်လိုက်တဲ့အခိုက်အတန့်တွေရှိပါတယ်။ဥပမာ ပထမဆုံးဒိတ်လုပ်တဲ့အချိန် ဒီလိုအမှားတွေလုပ်မိတာမျိုးပေါ့။
*ဒိတ်ကိုအလုုပ်အင်တာဗျူးလိုလုပ်တာမျိုး
ကိုယ့်ကိုသဘောကျလို့ ဒိတ်ကြည့်မယ်ဘာညာဆို ကိုယ်ကလည်း လက်ခံလိုက်တယ်။ဒါပေမဲ့ တွေ့တဲ့အချိန်မှာအင်တာဗျူးဆန်ဆန် ဘာလုပ်တယ်။ဘယ်မှာနေတယ်။အနာဂတ်ရည်မှန်းချက် ကဘာလဲ၊အိမ်ထောင်ကျရင် ဘယ်လိုစီးပွားရေးမျိုးလုပ်မှာလဲ၊ဘဝအာမခံချက်ဘာရှိလဲ စတဲ့ မေးခွန်းတွေမေးတာဟာ တစ်ဖက်လူကိုစိတ်ကသိကအောင့်ဖြစ်စေသလို နောက်ထပ်ဒိတ်ဖို့စကားတောင်စလာတော့မှာမဟုတ်ပါဘူး။ပထမဆုံးစဒိတ်တဲ့အချိန်မှာ ဒီလိုမေးခွန်းထက် နည်းနည်းပေါ့ပေါ့ပါးပါးဖြစ်တဲ့ စကားလေးတွေပြောပေးသင့်ပါတယ်။
*ယှဉ်ပြိုင်တာမျိုး
ဒိတ်ပါတယ်ဆိုမှ သူက ကိုယ့်ထက်အလုပ်မှာသာလား ၊ပညာအရည်အချင်းသာလား ကိုယ်က သူ့ထက်သာလား စီးပွားရေးမှာ သူဘယ်လိုအခြေအနေ ကိုယ်ဘယ်လိုအခြေအနေ စသဖြင့် ယှဉ်ပြိုင်လိုစိတ်ရှိနေတယ်။သိသာအောင်ပြသမိနေတယ်ဆိုရင် တစ်ဖက်ယောကျ်ားလေးကလည်း
ကိုယ့်ကိုစိတ်ဝင်စားချင်စိတ်တောင်ပျောက်သွားပါလိ့မ်မယ်။ယောကျာ်းလေးတွေက သူတို့နဲ့ယှဉ်ပြိုင်တဲ့မိန်းကလေးမျိုးကို မလိုချင်ကြပါဘူး။ဒီလိုအချစ်ရေးမျိုးကလည်းသာယာမှာမဟုတ်ပါဘူး။
*ကျီစယ်နောက်ပြောင်စကားဆိုဖို့မေ့တာမျိုး
ပထမဆုံးဒိတ်မှာဖြစ်ဖြစ် ကိုယ့်ကိုသဘောကျလို့ စကားလာပြောတဲ့အခါမှာပဲဖြစ်ဖြစ် ကိုယ်ကလည်းသူ့ကိုသဘောကျတယ်ဆိုရင် စကားပြောတဲ့အခါ ဒဲ့တိုးကြီးပဲမပြောပါနဲ့။အတည်ပေါက်ကြီးတွေများလာရင် ရှိန်လာတတ်ပါတယ်။ဒါကြောင့် စကားစစပြောချင်းမှာ နည်းနည်းပါးပါးကျီစယ်နောက်ပြောင်စကားမျိုးပြောသင့်ပါတယ်။အဲ့ဒါမှ နှစ်ဖက်လုံး ပေါ့ပေါ့ပါးပါးနဲ့ ပိုပြီးခင်မင်ရင်းနှီးလာမှာဖြစ်ပါတယ်။
*နောက်ထပ်ဒိတ်ဖို့စကားလမ်းကြောင်းမပေးတာမျိုး
ကိုယ်ကလည်းသူ့ကိုသဘောကျတယ်ဆိုရင် သူ့ဘက်က ပြောရခက်နေမှာစိုးလို့ ကိုယ့်ဘက်က ရေလာမြောင်းပေးနည်းနည်းတော့လုပ်ပေးသင့်ပါတယ်။ကိုယ့်ဘက်ကစမပြောတဲ့အခါသူက ကိုယ်သဘောမကျဘူးအထင်နဲ့ နောက်တစ်ခါတွေ့ဖို့လည်းပြောရဲမှာမဟုတ်ပါဘူး။တွေ့ကြည့်လို့သဘောမကျဘူးဆိုရင်တော့ မပြောနဲ့ပေါ့။ကိုယ်ကလည်း သူကိုယ့်ကိုသဘောကျနေတာသိတယ်။ကိုယ်ကလည်းသဘောကျတယ်ဆိုရင် သူ့ဘက်ကစကားစလွယ်အောင် လမ်းကြောင်းပေးတာမျိုးလုပ်ပေးသင့်ပါတယ်။အဲ့ဒါမှ တစ်ခန်းရပ်ဇာတ်လမ်းမဖြစ်တော့မှာပါ။
ပထမဆုံးဒိတ်တဲ့အချိန်မှာ တစ်ယောက်အကြောင်းတစ်ယောက်မသိသေးပါဘူး။ဒါပေမဲ့ ကိုယ့်ဘက်ကအနည်းအကျဉ်းပြန်စိတ်ဝင်စားတယ်ဆိုရင်သေချာသိအောင် တစ်ယောက်ကိုတစ်ယောက်လေ့လာသင့်ပါတယ်။လက်တွဲတဲ့အဆင့်မဟုတ်သေးပဲ နှစ်ခါသုံးခါလောက်ဒိတ်ကြည့်မှ ဒီလူရဲ့သဘောသဘာ၀ ကဘယ်လိုဆိုတာသိမှာပါ။တစ်ခါတည်းတွေ့ ပြီးတော့ မထူးပါဘူးဆိုပြီး ယတိပြတ်ငြင်းတာမျိုးထက် နှစ်ခါသုံးခါလောက်တွေ့ကြည့်သင့်ပါတယ်။ပထမဆုံးဒိတ်ဆိုတာအလွဲလွဲအချော်ချော်တော့ဖြစ်တတ်တာပါပဲ။ဒါပေမဲ့ စိတ်မပျက်သွားပဲ ထပ်ပြီးတွေ့ဆုံကြည့်သင့်ပါတယ်။
Source:Yourtango
Unicode
တစ်သက်လုံးအပျိုကြီးအဖြစ်အရိုးမထုတ်ချင်ဘူးဆိုရင် Single မမတွေအများဆုံးမှားတတ်ကြတဲ့ ဒီအမှားတွေကို မလုပ်မိဖို့လိုပါတယ်။ဘယ်လောက်ပဲ တစ်ယောက်တည်းနေရတာကြိုက်ကြိုက် ဖူးစာကိုရှောင်လွှဲလို့မရတဲ့အခါ၊တကယ်ချစ်မိသွားတဲ့အခါ အချစ်မှာပျော်ဝင်သွားကြတာပါပဲ။ဒါပေမဲ့ အချစ်ကကိုယ့်ဆီရောက်လာရင်တောင် ကိုယ်က ရှောင်ဖယ်ပစ်လိုက်တဲ့၊တွန်းထုတ်ပစ်လိုက်တဲ့အခိုက်အတန့်တွေရှိပါတယ်။ဥပမာ ပထမဆုံးဒိတ်လုပ််တဲ့အချိန် ဒီလိုအမှားတွေလုပ်မိတာမျိုးပေါ့။
*ဒိတ်ကို အလုုပ်အင်တာဗျူးလိုလုပ်တာမျိုး
ကိုယ့်ကိုုသဘောကျလို့ ဒိတ်ကြည့်မယ်ဘာညာဆို ကိုယ်ကလည်း လက်ခံလိုက်တယ်။ဒါပေမဲ့ တွေ့တဲ့အချိန်မှာ အင်တာဗျူးဆန်ဆန် ဘာလုပ်တယ်။ဘယ်မှာနေတယ်။အနာဂတ်ရည်မှန်းချက် ကဘာလဲ၊အိမ်ထောင်ကျရင် ဘယ်လိုစီးပွားရေးမျိုးလုပ်မှာလဲ၊ဘဝအာမခံချက်ဘာရှိလဲ စတဲ့ မေးခွန်းတွေမေးတာဟာ တစ်ဖက်လူကိုစိတ်ကသိကအောင့်ဖြစ်စေသလို နောက်ထပ်ဒိတ်ဖို့စကားတောင်စလာတော့မှာမဟုတ်ပါဘူး။ပထမဆုံးစဒိတ်တဲ့အချိန်မှာ ဒီလိုမေးခွန်းထက် နည်းနည်းပေါ့ပေါ့ပါးပါးဖြစ်တဲ့ စကားလေးတွေပြောပေးသင့်ပါတယ်။
*ယှဉ်ပြိုင်တာမျိုး
ဒိတ်ပါတယ်ဆိုမှ သူက ကိုယ့်ထက်အလုပ်မှာသာလား ၊ပညာအရည်အချင်းသာလား ကိုယ်က သူ့ထက်သာလား စီးပွားရေးမှာ သူဘယ်လိုအခြေအနေ ကိုယ်ဘယ်လိုအခြေအနေ စသဖြင့် ယှဉ်ပြိုင်လိုစိတ်ရှိနေတယ်။သိသာအောင်ပြသမိနေတယ်ဆိုရင် တစ်ဖက်ယောကျ်ားလေးကလည်း
ကိုယ့်ကိုစိတ်ဝင်စားချင်စိတ်တောင်ပျောက်သွားပါလိ့မ်မယ်။ယောကျာ်းလေးတွေက သူတို့နဲ့ယှဉ်ပြိုင်တဲ့မိန်းကလေးမျိုးကို မလိုချင်ကြပါဘူး။ဒီလိုအချစ်ရေးမျိုးကလည်းသာယာမှာမဟုတ်ပါဘူး။
*ကျီစယ်နောက်ပြောင်စကားဆိုဖို့မေ့တာမျိုး
ပထမဆုံးဒိတ်မှာဖြစ်ဖြစ် ကိုယ့်ကိုသဘောကျလို့ စကားလာပြောတဲ့အခါမှာပဲဖြစ်ဖြစ် ကိုယ်ကလည်းသူ့ကိုသဘောကျတယ်ဆိုရင် စကားပြောတဲ့အခါ ဒဲ့တိုးကြီးပဲမပြောပါနဲ့။အတည်ပေါက်ကြီးတွေများလာရင် ရှိန်လာတတ်ပါတယ်။ဒါကြောင့် စကားစစပြောချင်းမှာ နည်းနည်းပါးပါးကျီစယ်နောက်ပြောင်စကားမျိုးပြောသင့်ပါတယ်။အဲ့ဒါမှ နှစ်ဖက်လုံး ပေါ့ပေါ့ပါးပါးနဲ့ ပိုပြီးခင်မင်ရင်းနှီးလာမှာဖြစ်ပါတယ်။
*နောက်ထပ်ဒိတ်ဖို့စကားလမ်းကြောင်းမပေးတာမျိုး
ကိုယ်ကလည်းသူ့ကိုသဘောကျတယ်ဆိုရင် သူ့ဘက်က ပြောရခက်နေမှာစိုးလို့ ကိုယ့်ဘက်က ရေလာမြောင်းပေးနည်းနည်းတော့လုပ်ပေးသင့်ပါတယ်။ကိုယ့်ဘက်ကစမပြောတဲ့အခါသူက ကိုယ်သဘောမကျဘူးအထင်နဲ့ နောက်တစ်ခါတွေ့ဖို့လည်းပြောရဲမှာမဟုတ်ပါဘူး။တွေ့ကြည့်လို့သဘောမကျဘူးဆိုရင်တော့ မပြောနဲ့ပေါ့။ကိုယ်ကလည်း သူကိုယ့်ကိုသဘောကျနေတာသိတယ်။ကိုယ်ကလည်းသဘောကျတယ်ဆိုရင် သူ့ဘက်ကစကားစလွယ်အောင် လမ်းကြောင်းပေးတာမျိုးလုပ်ပေးသင့်ပါတယ်။အဲ့ဒါမှ တစ်ခန်းရပ်ဇာတ်လမ်းမဖြစ်တော့မှာပါ။
ပထမဆုံးဒိတ်တဲ့အချိန်မှာ တစ်ယောက်အကြောင်းတစ်ယောက်မသိသေးပါဘူး။ဒါပေမဲ့ ကိုယ့်ဘက်က အနည်းအကျဉ်းပြန်စိတ်ဝင်စားတယ်ဆိုရင်သေချာသိအောင် တစ်ယောက်ကိုတစ်ယောက်လေ့လာသင့်ပါတယ်။လက်တွဲတဲ့အဆင့်မဟုတ်သေးပဲ နှစ်ခါသုံးခါလောက်ဒိတ်ကြည့်မှ ဒီလူရဲ ့သဘောသဘာဝ ကဘယ်လိုဆိုတာသိမှာပါ။တစ်ခါတည်းတွေ့ပြီး ယတိပြတ်ငြင်းတာမျိုးထက် နှစ်ခါသုံးခါလောက်တွေ့ကြည့်သင့်ပါတယ်။ပထမဆုံးဒိတ်ဆိုတာ အလွဲလွဲအချော်ချော်တော့ဖြစ်တတ်တာပါပဲ။ဒါပေမဲ့ စိတ်မပျက်သွားပဲ ထပ်ပြီးတွေ့ဆုံကြည့်သင့်ပါတယ်။
Source:Yourtango