သိပ္ပံပညာဟာ အစဉ်အမြဲဖွံ့ဖြိုးတိုးတက်နေပါတယ်။ လွန်ခဲ့တဲ့အနှစ်၂၀က ဆေးဝါးနှင့်နည်းပညာတွေမှာ လုံးဝမဖြစ်နိုင်ဘူးလို့ ထင်မှတ်ထားခဲ့တဲ့အရာတွေက ဒီကနေ့မှာတော့ နေ့စဉ်ဘဝတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။ ဒါပေမယ့် သိပ္ပံပညာက လုံးဝအဖြေမပေးနိုင်တဲ့မေးခွန်းများစွာရှိနေပါသေးတယ်။ ဥပမာ ကမ္ဘာကြီးဘယ်လိုဖြစ်ပေါ်လာတယ်၊ Big Bangမတိုင်မီ ဖြစ်ပျက်ခဲ့တဲ့အရာတွေ၊ သရဲတစ္ဆေတွေနဲ့ပတ်သက်တဲ့အရာတွေများစွာပေါ့။ ဒီကနေ့မှာ သိပ္ပံပညာက မဖြေနိုင်တဲ့မေးခွန်းတွေကို မျှဝေပေးထားပါတယ်။ သိပ္ပံပညာက မဖြေနိုင်တဲ့မေးခွန်းတွေကို သင့်အနေနဲ့ စိတ်ဝင်စားရင် ဝင်ဖြေခဲ့လို့ရပါတယ်။
၁။ ကမ္ဘာပေါ်က သက်ရှိတွေဘယ်လိုစတင်ခဲ့ကြသလဲ
ဒီမေးခွန်းကို ဖြေဆိုဖို့ကြိုးစားကြတဲ့ သီအိုရီတွေအမြောက်အများရှိပေမယ့်လည်း တူညီတဲ့အယူအဆရှိတဲ့သူတွေတောင် အမြဲတမ်းသဘောမတူနိုင်ပါဘူး။ ဥပမာအနေနဲ့ ကမ္ဘာမြေကြီးကိုယ်တိုင်က သက်ရှိတွေဖြစ်ပေါ်စေနိုင်တဲ့ ရှုပ်ထွေးတဲ့မော်လီကျူးတွေကို ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့ တစ်ချို့က ယုံကြည်ကြတယ်။ ဒါပေမယ့် ဒီသီအိုရီကို ယုံကြည်တဲ့သူတွေက အရေးကြီးဆုံးဖြစ်စဉ်တွေဖြစ်ပျက်ခဲ့မှုနဲ့ပတ်သက်ပြီး တူညီတဲ့အမြင်မရှိကြပြန်ပါဘူး။ ဥပမာ ရေခဲအောက်မှာလား၊ မြေကြီးထဲမှာလားစတဲ့ထင်မြင်ချက်တွေအများကြီးရှိနေပေမယ့် အဖြေကို ရှင်းရှင်းလင်းလင်းမသိရပါဘူး။
၂။ လူတွေရဲ့စကားကို ကွန်ပျူတာတွေဘယ်လိုနားလည်သလဲ
ကျွန်တော်တို့ရဲ့ ဘာသာစကားဟာ မတူညီတဲ့အချက်ပေါင်းမြောက်များစွာအပေါ်မှာ မှီခိုနေပါတယ်။ အတုအယောင်မှတ်ညဏ်တွေနဲ့ ပတ်သက်လာရင် စကားပြန်ဟာ အလွန်အရေးကြီးပါတယ်။ ဥပမာအားဖြင့် ”ဒီဟင်းချိုကို သောက်ပါ”ဆိုရင် လူတွေဟာ ဒီဟင်းချိုကိုသောက်ဖို့ အကြံပြုချက်တစ်ခုအဖြစ်သာနားလည်ပါတယ်။ ဒါပေမယ့် ကွန်ပျူတာကတော့ ပန်းကန်၊ ဟင်းချိုပမာဏတွေအထိ နားလည်လိုက်ပါတယ်။ ကွန်ပျူတာတစ်လုံးဟာ စကားလုံးတွေရဲ့ စာသားတွေအတိုင်းပဲနားလည်ပါတယ်။
ဒီကနေ့ခေတ်ကွန်ပျူတာဟာ လူသားတစ်ဦးရဲ့အခြေအနေနဲ့ အချိန်အခါကို နားမလည်နိုင်သေးတဲ့ကိရိယာတစ်ခုပါပဲ။ ဆိုလိုတာကတော့ အခုချိန်မှာ ကွန်ပျူတာက လူတွေရဲ့အမိန့်တွေကို ၁၀၀%အထိ နားမလည်နိုင်သေးတာပဲ။
၃။ လူသားတွေမှာ Pheromonesတွေရှိပါသလား
လူတစ်ယောက်က ကြောက်ရွှံ့ခြင်း၊ စိတ်မကောင်းခြင်း (သို့)ဆန့်ကျင်ဘက်လိင်တစ်ယောက်ကို အလွန့်အလွန်ဝေးကွာတဲ့အရပ်ကနေ တွေ့မြင်နိုင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ မဟုတ်ပါဘူး။ အခြားတစ်ဖက်မှာလည်း လူအများစုက သူတို့ရဲ့ဆွေမျိုး၊ သူငယ်ချင်းတွေကို အနံ့တွေနဲ့ အသိအမှတ်ပြုနိုင်ပါတယ်။
ဥပမာ-ခန္ဓာကိုယ်တစ်ခုရဲ့ သဘာဝအနံ့ ဒါမှမဟုတ် အသက်ရှုမှုက တစ်ချို့သော ဓာတုဗေဒဆိုင်ရာအချက်ပြမှုတွေအပြင် လူတစ်ဦးရဲ့ တစ်စုံတစ်ရာသော တုန့်ပြန်မှုတွေအထိ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် လူသားတွေမှာ pheromonesတွေ ရှိနေမယ်ဆိုရင်တောင် ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ ဓာတုဗေဒဆိုရာအချက်ပြမှုတွေကို ခန့်မှန်းမပြနိုင်သေးတာတော့ သေချာပါတယ်။
၄။ သရဲဆိုတာ ဘယ်လိုအရာလဲ
ဝိညာဏအလေ့အကျင့်တွေအားလုံးဟာ ဇီဝကမ္မဖြစ်စဉ်တွေနဲ့ ဆက်နွယ်နေတဲ့ သိပ္ပံနည်းကျရှင်းလင်းချက်ရှိတယ်ဆိုတာကို နားလည်ဖို့အရေးကြီးပါတယ်။ Sleep Paralysisဆိုတာ သိပ္ပံပညာက အလွယ်တကူရှင်းပြနိုင်တဲ့နောက်ဖြစ်ရပ်တစ်ခုပါ။
ဒါ့ကြောင့် သင့်အနေနဲ့ တစ္ဆေနဲ့ပတ်သက်ပြီး သင့်ရဲ့အတွေ့အကြုံတွေကို ကျွမ်းကျင်တဲ့သူတစ်ယောက်ယောက်ကို ပြောပြမယ်ဆိုရင် သင်ဘယ်လိုခံစားရတယ်ဆိုတာကိုသာ ပြောပြပါ။ ဒီနေရာမှာသာ ဘယ်လောက်ရှေးကျတယ်၊ ကြောက်စရာဇာတ်လမ်းတွေနဲ့ အခြားရင်ခုန်စရာ ကဗျာဆန်ဆန်သတင်းအချက်အလက်တွေဟာ လုံးဝအသုံးမကျပါဘူး။ ဒီအရာတွေက သင့်ကိုမကူညီနိုင်တဲ့အပြင် ဆူညံသံသီးသန့်ဖြစ်နေပါလိ့မ်မယ်။
၅။ အခြားလူတွေက ကမ္ဘာကြီးကို သင်မြင်တဲ့အတိုင်းမြင်ပါသလား
ဒီအဖြေကို ဘယ်သူမှမသိပါဘူး။ အရောင်တွေကို မခွဲခြားနိုင်တဲ့လူတို့အကြောင်း ကျွန်တော်တို့ထည့်မပြောဘူးဆိုရင်တောင် ဒီဂြိုလ်ပေါ်မှာ နေထိုင်ကြတဲ့လူတိုင်းအတွက် ကောင်းကင်ပြာဟာ အပြာရောင်ဖြစ်တယ်ဆိုတာ သင်သေချာမသိနိုင်ပါဘူး။
Lifestyle_Myanmar
Nyein_Thu
sources-Myanmar