အမျိုးသမီးတွေမှာသာ တွေ့ရနိုင်တဲ့ အံ့ဩဖွယ်ရာအစွမ်းသတ္တိများ
lifestylemyanmar.com
|
2020-02-14



အမျိုးသမီးခန္ဓာကိုယ်ရဲ့ စိတ်ဝင်စားဖို့အကောင်းဆုံးလက္ခဏာတွေထဲကတစ်ခုကတော့ ကလေးမွေးဖွားခြင်းပါပဲ။ ဒါပေမယ့် အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကနေပြီး နောက်ထပ်လူသားတစ်ယောက်ကြီးပွားစေနိုင်ခြင်းက ၎င်းတို့ကိုအလွန်အံ့အားသင့်စေနိုင်တဲ့တစ်ခုတည်းသောအရာမဟုတ်သေးပါဘူး။ ဒါ့ကြောင့် ဒီကနေ့မှာ အမျိုးသမီးရဲ့ခန္ဓာကိုယ်ဟာ အံ့ဩစရာကောင်းလောက်အောင် သက်သေပြနိုင်တဲ့အချက်၁၀ချက်ကို မျှဝေပေးလိုက်ပါတယ်။

၁။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အရောင်ခွဲခြားနိုင်စွမ်းပိုအားကြီးတယ်

အမျိုးသမီးတွေက အမျိုးသားတွေထက်အရိပ်တွေကို ပိုများများမြင်တွေ့ရပြီးအရောင်ခွဲခြားသိမြင်မှုက X-kromosomeနှင့်ဆက်စပ်နေပါတယ်။ အမျိုးသားတွေမှာ X-ခရိုမိုဆုန်းတစ်ခုတည်းရှိပြီးတော့ အမျိုးသမီးတွေမှာတော့ နှစ်ခုရှိနေတာဖြစ်ပါတယ်။




၂။ ကလေးမွေးဖွားပြီးတဲ့အခါ အမျိုးသမီးရဲ့ခန္ဓာကိုယ်ဟာ အကြီးအကျယ်ပြောင်းလဲသွားတယ်

ကလေးတစ်ယောက်မွေးဖွားခြင်းက အမှန်တကယ်ခက်ခဲတဲ့အလုပ်ဖြစ်ပါတယ်။ ဘယ်လိုအမျိုးသမီးပဲဖြစ်ဖြစ် ဒီအချက်ကိုအတည်ပြုနိုင်ပါတယ်။ အမျိုးသမီးဟာ အပြင်းအထန်နာကျင်ခံစားရတဲ့အပြင် အပြောင်းအလဲတွေများစွာလည်းပဲ ပြုလုပ်နိုင်ပါသေးတယ်။ အဲ့ဒီ့ထဲကတစ်ခုကတော့ သားအိမ်ခေါင်းကျယ်လာခြင်းပဲဖြစ်ပါတယ်။

သားဖွားချိန်မှာ သားအိမ်ခေါင်းကတင်းကျပ်စွာပိတ်ထားရာကနေပြီးတော့ ကလေးအတွက်အပြည့်အဝဖွင့်ပေးတဲ့ ထွက်ပေါက်အဖြစ်ကို ပြောင်းသွားတယ်။ ကလေးတစ်ဦးကို တွန်းထုတ်ဖို့ ၎င်းမှာ၁၀စင်တီမီတာအပြည့်အဝဖြည့်ဖို့လိုပါတယ်။ ဒါပေမယ့်လည်း ဒီ၁၀စင်တီမီတာဆိုတာ တွန်းအားပေးတဲ့အချက်ကိုသာ ကိုယ်စားပြုတာပါ။ သားအိမ်ခေါင်းဟာ ကလေးရဲ့ဦးခေါင်းကို နေရာချဖို့ ဆက်လက်ချဲ့ထွင်ရပါသေးတယ်။




၃။ နာကျင်မှုဝေဒနာကို အမျိုးသားတွေထက် ပိုပြီးတော့ခံစားနိုင်တယ်

အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုပြီးတော့ နာကျင်မှုခံစားရတယ်ဆိုတာ လူသိများတဲ့အချက်တစ်ချက်ပါပဲ။ ဒါပေမယ့် သူတို့ဘယ်လောက်အားကောင်းတယ်၊ သူတို့ရဲ့ဦးနှောက်အလုပ်လုပ်ပုံပေါ်မှာ မူတည်ပါတယ်။ လေ့လာမှုအချို့အရ အမျိုးသမီးတွေနှင့် အမျိုးသားတွေဟာ သူတို့ရဲ့အတိတ်နာကျင်မှုတွေကို ကွဲကွဲပြားပြားမှတ်မိနိုင်ကြတယ်။

အမျိုးသားတွေက သူတို့အရင်က ခံစားခဲ့ရတဲ့ နာကျင်မှုအတွေ့အကြုံတွေကို စဉ်းစားတဲ့အခါ စိတ်ဖိစီးမှုပိုများပြီးတော့ စိတ်ခံစားချက်ပိုများပေမယ့် အမျိုးသမီးတွေက ၎င်းကိုပိုပြီးတော့ မြန်မြန်ဆန်ဆန်မေ့နိုင်ကြတယ်။ ယေဘုယျအားဖြင့် အမျိုးသမီးတွေရဲ့ နာကျင်မှုနှုန်းက အမျိုးသားတွေထက် ၉ဆပိုပါတယ်တဲ့။




၄။ အမျိုးသမီးတွေဟာ စကားလုံးတွေနဲ့ ကိုယ့်ကိုယ်ကိုဖော်ပြနိုင်တယ်

မိမိကိုယ်ကိုဖော်ပြနိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ ဘယ်သူကမှမိန်းမတွေနဲ့ မယှဉ်နိုင်ပါဘူး။ ဒီနေရာမှာ ခန္ဓာဗေဒဖြေရှင်းချက်တွေတောင်မှ ရှိနေပါတယ်။ အမျိုးသမီးတွေဟာ cortexရဲ့ အရှေ့နှင့် ယာယီပိုများတဲ့နေရာတွေရှိပါတယ်တဲ့။ ဦးနှောက်အပိုင်းမှာ ဘာသာစကားစွမ်းရည်ကို လွှမ်းမိုးဖို့ စဉ်းစားထားတဲ့အပိုင်းရှိပါတယ်။

ဘာသာစကားပရိုတင်းလို့ခေါ်တဲ့ FOXP2ရဲ့ ပိုအဆင့်မြင့်တဲ့အထိ ရှိပါတယ်။ ဒီပရိုတင်းပမာဏဟာ ပျမ်းမျှအမျိုးသမီးတစ်ယောက်ကို တစ်နေ့လျှင် စကားလုံး၂၀၀၀၀အထိပြောဖို့ ကူညီပေးပါတယ်။




၅။ အမျိုးသမီးတွေရဲ့ ကြွက်သားတွေက ပိုခံနိုင်ရည်ရှိ

လေ့လာမှုတစ်ချို့အရ အမျိုးသမီးတွေဟာ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်းကို ယောင်္ကျားတွေထက် ၇၅%အထိ ပိုကြာနိုင်ပါတယ်တဲ့။ အကြောင်းကတော့ သူတို့ရဲ့ ဟော်မုန်းတွေထဲမှာဖုံးကွယ်ထားတဲ့အရာတွေကြောင့်ပါတဲ့။ အမျိုးသမီးတွေမှာရှိတဲ့ အက်စထရိုဂျင်ကသူတို့ရဲ့ ကြွက်သားတွေကို ပင်ပန်းနွမ်းနယ်မှုကို ပိုမိုခံနိုင်ရည်ရှိတယ်လို့ ယုံကြည်ကြတယ်။




၆။ အမျိုးသမီးတွေရဲ့ အသားအရေဟာ အလွန်ထိခိုက်လွယ်တယ်

ပုံမှန်အားဖြင့် အမျိုးသမီးတွေရဲ့ အရေပြားကအမျိုးသားတွေရဲ့ အရေပြားထက် ၂၅%ပါးလွှာတာကြောင့် ၎င်းက ထိတွေ့မှုနှင့် အခြားလှုံ့ဆော်မှုအမျိုးအစားများစွာကိုပိုမိုထိခိုက်လွယ်တယ်။ ဒီနေရာမှာ ကံမကောင်းစွာနဲ့ဘဲ အနုတ်လက္ခဏာဘက်နည်းနည်း ရှိပါတယ်။ အလွန်အမင်းထိခိုက်လွယ်တဲ့အရေပြားက အမျိုးသမီးတွေကို အိုမင်းခြင်းကနေပြီးတော့ ကော်လာဂျင်ဆုံးရှုံးသွားတာကြောင့်မို့လို့ လိုင်းတွေနဲ့အရေးအကြောင်းတွေဖြစ်ပေါ်စေတယ်။




၇။ အမျိုးသမီးတွေရဲ့ ခံစားချက်က သူတို့ရဲ့ဟော်မုန်းတွေပေါ်မှာ မူတည်တယ်

သူမရဲ့ဦးနှောက်နှင့် ခန္ဓာကိုယ်အတွင်းရှိဟော်မုန်းပမာဏကအမြဲတမ်းပြောင်းလဲနေတာကြောင့် ၎င်းတို့က သူမရဲ့အမြင်၊ စွမ်းအင်နှင့် sensitivityတွေကိုလည်း ပြောင်းလဲသွားစေပါတယ်။ ဥပမာအားဖြင့် အမျိုးသမီးတွေဟာ သူတို့ရဲ့ကာလအစနှင့် ၁၀ရက်ခန့်အကြာမှာ မမျိးဥထွက်ခြင်းမတိုင်မီ ခံစာမှုက မကြာခဏ Sassierဖြစ်နေတတ်ပါတယ်။ အဲဒီ့ကာလတွေမှာပဲ သူတို့ရဲ့ပါတနာကို ဆွဲဆောင်ဖို့ Sexierဝတ်ဖို့ကြိုးစားကြတယ်။

တစ်ပတ်အကြာသူတို့ရဲ့ progesteroneအဆင့်မြင့်တက်လာတာနဲ့အမျှ အမျိုးသမီးတွေဟာ သူတို့ရဲ့ချစ်သူနဲ့အတူနေဖို့ ရည်ရွယ်ကြတယ်။နောက်တစ်ပတ်မှာတော့ သူတို့ဟာအလိုလိုငိုယို၊ စိတ်တိုလွယ်လာကြတယ်။ ပြီးတော့ သူတို့ရဲ့moodဟာ သူတို့ရဲ့ကာလမစခင် ၁၂-၂၄နာရီအဆိုးဆုံးအထိပါပဲ။




၈။ အမျိုးသမီးတွေဟာမြီးကောင်ပေါက်အရွယ်ကို နှစ်ကြိမ်တိုင်တိုင်ကြုံတွေ့ရတယ်

အမျိုးသမီးတွေဟာ မြီးကောင်ပေါက်အရွယ် ဒုတိယအဆင့်ကို အသက်၄၀အရွယ်မှာ ဖြစ်ပျက်တယ်။ ၎င်းက ပုံမှန်မဟုတ်တဲ့အချိန်များ၊ ညဘက်ချွေးထွက်ခြင်းနှင့် အခြားဟော်မုန်းပမာဏပြောင်းလဲခြင်းကြောင့် ဖြစ်တဲ့ မနှစ်မြို့ဖွယ်အရာတွေရဲ့ ပုံသဏ္ဍာန်ဖြစ်တယ်။ ဒီလိုအကူးအပြောင်းကာလမှာ အမျိုးသမီးဟော်မုန်းတွေဟာ အလွန်အရူးလုပ်နိုင်တာကြောင့် သူမဟာဆယ်ကျော်သက်အရွယ်ကဲ့သို့စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အပြုအမူတွေကို ပြုမိနိုင်ပါတယ်။




၉။ အမျိုးသမီးတွေဟာ မျက်နှာဖတ်ကျွမ်းကျင်ကြတယ်

သူတို့မွေးဖွားတဲ့အချိန်ကနေပြီးတော့ အမျိုးသမီးတွေဟာလူတွေရဲ့ မျက်နှာကို ဖတ်နိုင်စွမ်းရှိပြီး သူတို့ရဲ့စိတ်ခံစားမှုနှင့် ခံစားချက်တွေကို အပြည့်အဝဖော်ထုတ်နိုင်တယ်။ ဒီအချက်က သူတို့ကအခြားသူတွေအပေါ်စာနာမှုပိုရှိစေပြီး ပိုမိုကောင်းမွန်တဲ့ဆက်သွယ်ပြောဆိုမှုတွေဖြစ်စေတယ်။ ဒါ့အပြင်အချို့လေ့လာမှုတွေအရ အမျိုးသမီးတွေ မျက်နှာသွင်ပြင်လက္ခဏာတွေကို ပြီးပြည့်စုံတဲ့မှတ်ညဏ်ရှိကြောင်း ပြသခဲ့တယ်။




Lifestyle_Myanmar

Nyein_Thu

sources-brightside





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..