ချစ်သူမိန်းကလေးကို အမြန်ဆုံး စိတ်ကောက်ပြေစေတဲ့ ချော့နည်းအမျိုးမျိုး
trend.com.mm
|
2020-02-14

စိတ်ကောက်တတ်တဲ့ ချစ်သူကောင်မလေးကို ပိုင်ဆိုင်ထားရပြီလား။ မိန်းကလေးတွေဟာ ခံစားလွယ်ပြီး သနားတတ်တယ်ဆိုပေမယ့် စိတ်ဆိုးစိတ်ကောက်တာကနေ ချစ်သူချင်းလမ်းခွဲရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် စိတ်မပူပါနဲ့။ ဒီမှာ အမြန်ဆုံး စိတ်ကောက်ပြေနည်း အမျိုးမျိုးကို ဝေမျှပေးလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါဦး။

၁။ ရယ်စရာတွေ ပြောပါ
ချစ်သူရည်းစားဆက်ဆံရေးမှာ ရယ်စရာဟာသတွေက သိသာတဲ့အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ နှစ်ယောက်ကြားမှာ ဘာမှပြောစရာမရှိဘူးဆိုရင် ဟာသလေးတွေပြောတာ၊ ရယ်စရာကောင်းတဲ့ အမူအယာလုပ်တောတွေက နှစ်ယောက်စလုံးကို ပျော်ရွှင်စေနိုင်ပါတယ်။ စိတ်ဆိုးစရာကိစ္စတွေကိုလည်း မေ့သွားစေနိုင်ပါတယ်။

၂။ သင့်မာနကို ခဏဘေးချိတ်ထားပါ
ချစ်သူစုံတွဲတွေကြားမှာ အကြီးမားဆုံးပြဿနာတစ်ခုကတော့ မာန ပဲ ဖြစ်ပါတယ်။ လူတွေက ဘာကိုပဲတွေးတွေ၊ ဘာကိုပဲလုပ်လုပ် သူတို့ရဲ့မာနကို ရှေ့တန်းတင်ထားတတ်ကြပါတယ်။ သင့်ကောင်မလေးနဲ့ စိတ်ဆိုးစိတ်ကောက်ကြတဲ့အခါမှာ မာနကို ဖယ်ထားပြီး အရင်ဆုံးစကားစပြောပါ။ ကောင်မလေးဖက်ကလည်း ချစ်တဲ့စိတ်ရှိနေမယ်ဆိုရင် သင့်ရဲ့ကြိုးစားအားထုတ်မှု အလကားမဖြစ်ပါဘူး။ သူ့ဖက်ကလည်း လိုက်လျောညီထွေ အလျှော့ပေးလာမှာပါ။

၃။ အမှားအတွက် တောင်းပန်ပါ
တောင်းပန်ခြင်းဟာ သင့်အပြစ်တွေအတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ သင့်အမှားကို ခွင့်လွှတ်စေနိုင်ရုံသာမက မိန်းကလေးအပေါ်မှာ လေးစားတန်ဖိုးထားမှုကိုလည်း ဖော်ပြပြီးသားဖြစ်စေပါတယ်။ သူမကို အချိန်အနည်းငယ်လောက်တော့ ပေးဖို့လိုရင်လိုပါလိမ့်မယ်။ ဒါပေမယ့် တောင်းပန်တာက သင့်ကောင်မလေးကို စိတ်ကြည်သွားစေမှာ သေချာပါတယ်။

၄။ အထိအတွေ့
မိန်းကလေးတစ်ယောက်အတွက် ပွေ့ဖက်တာ၊ ကြင်ကြင်နာနာ နမ်းတာတို့ကို ဘုရင်မတစ်ယောက်လို့ ခံစားရစေပါတယ်။ သူမမှာလည်း ချစ်တဲ့စိတ်ရှိနေသေးရင် သင့်ရဲ့အထိအတွေ့က ပျော်ရွှင်စေနိုင်မှာပါ။ မိန်းကလေးတွေက နူးညံ့ပြီး ခံစားရလွယ်တာကြောင့် အထိအတွေ့က လက်ရှိအခြေအနေအားလုံးကို မေ့ပျောက်သွားစေနိုင်ပါတယ်။

၅။ ထပ်တလဲလဲ ပြောမနေပါနဲ့
လူအများစုက ကိစ္စတစ်ခုထဲကို ထပ်ခါထပ်ခါ ပြောနေတတ်ကြပါတယ်။ ဒီဟာက မကောင်းတဲ့အကျင့်တစ်ခု ဖြစ်ပါတယ်။ ပြဿနာကြီးတယ်ဆိုရင်တောင် သေးအောင်လုပ်ရမှာပါ။ သင့်အနေနဲ့ ပြဿနာဖြစ်တဲ့ ကိစ္စကို ထပ်ကာတလဲလဲပြောမနေဘူးဆိုရင် သူမအနေနဲ့လည်း အကြာကြီး စိတ်ဆိုးမနေနိုင်ပါဘူး။ ပုံမှန်ပြန်ဖြစ်သွားမှာပါ။ သူမဖက်က ဖြစ်ချင်တာကို ပြောလာရင်လည်း အလိုက်အထိုက် လိုက်ဆွေးနွေးပေးလိုက်ရုံပါပဲ။

၆။ လက်ဆောင်ပေးပြီး အံ့အားသင့်အောင်လုပ်လိုက်ပါ။
သင် တစ်ခုခုပေးလိုက်တာနဲ့ သူမဖက်က အားလုံးကို မေ့သွားတာမျိုး မဟုတ်ပါဘူး။ လက်ဆောင်ပေးလိုက်ခြင်းအားဖြင့် သူမကို ထူးခြားတဲ့ခံစားမှု ခံစားရစေပါတယ်။ သူမရဲ့ နေအိမ် ဒါမှမဟုတ် အလုပ်နေရာကို ပန်းစည်းလေးတစ်ခု ဒါမှမဟုတ် လက်ဆောင်အသေးလေးတစ်ခုလောက် ပို့ပေးလိုက်တာနဲ့ မိန်းကလေးရဲ့ စိတ်ကိုအများကြီးပြောင်းလဲမှု ဖြစ်စေနိုင်ပါတယ်။ တောင်းပန်တဲ့စာတိုလေး တစ်ကြောင်းနှစ်ကြောင်းလောက် ထည့်ပေးလိုက်ရင်တော့ ပွဲသိမ်းပြီပေါ့။

၇။ စာပို့ပြီး ပျော်ရွှင်အောင် လုပ်ပေးပါ
သင့်ကောင်မလေး စိတ်ဆိုး စိတ်ကောက်နေချိန်မှာ အွန်လိုင်းပေါ်ကနေ ဒါမှမဟုတ် ဖုန်းလိုင်းပေါ်ကနေ ဆက်သွယ်တတ်မယ်ဆိုရင်လည်း အဆင်ပြေနိုင်ပါတယ်။ အင်တာနက်ပေါ်မှာ ရိုမန်းတစ်ဆန်တဲ့ အချစ်စကားလေးတွေ၊ တောင်းပန်စကားလေးတွေကို နည်းနည်းလောက် ရှာဖွေလိုက်ပြီး သင့်ကိုယ်ပိုင်စကားလုံးလေးတွေနဲ့ စုတုပြုလုပ်ပြီး ပို့ပေးလိုက်ပါ။ သူမ ရင်ထဲမှာ ပျော်သွားမယ်ဆိုတာ သေချာပါတယ်။

၈။ အချိန်ပေးပြီး အနားမှာနေပေးပါ
သင့်ကောင်မလေးကို ပျော်ရွှင်စေမယ့် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ သူမအနားမှာ ရှိနေပေးတာပဲ ဖြစ်ပါတယ်။ သင့်ကောင်မလေးဟာ သင့်ကမ္ဘာရဲ့ ဗဟိုချက်ဖြစ်တယ်ဆိုတာ ခံစားသွားရလောက်အောင် နေပြလိုက်ပါ။ သူမအတွက် မကောင်းတာတွေ စဉ်းစားဖို့အချိန်မရှိအောင် လုပ်ပေးလိုက်ပါ။

၉။ မထင်မှတ်တဲ့အချိန်မှာ ဖုန်းဆက်ပါ၊ ချိုချိုသာသာပြောဆိုပါ
အချစ်က ခန့်မှန်းလို့မရပါဘူး။ အထူးသဖြင့် ကြည်နူးစရာတွေ ဖြစ်နေချိန်မှာ ပိုပြောရခက်ပါတယ်။ ဒါ့ကြောင့် သင့်ဆီကနေ ဖုန်းမဆက်လောက်ဘူးလို့ သူမထင်နေတဲ့အချိန်မျိုးမှာ ဖုန်းခေါ်ပြီး ဘယ်လောက် သတိရနေကြောင်း ပြောပြလိုက်ပါ။ ပျော်စရာကိစ္စတွေကို ဝေမျှလိုက်ပါ။

၁၀။ ကတိပေးပါ
နောက်ဆုံးအနေနဲ့ကတော့ သူမပျော်ရွှင်စေဖို့အတွက် ကတိပေးလိုက်ပါ။ မိန်းကလေးတစ်ယောက်အတွက် ချစ်သူကောင်လေးက ပြောတဲ့အတိုင်းဖြစ်အောင်လုပ်တတ်သူတစ်ယောက် ဖြစ်တာလောက် ပျော်စရာကောင်းတာ မရှိပါဘူး။ ကတိပေးလိုက်ခြင်းအားဖြင့် သူမကို ပိုပြီးစိတ်ချလုံခြုံစေပြီး သင်နဲ့ချစ်နေရတာကိုလည်း ပျော်ရွှင်နေမှာ ဖြစ်ပါတယ်။

[ Unicode ]

Ref; rsgoals

Some text some message..