ပြည်သူချစ် စာပေပညာရှင် လူထုဒေါ်အမာ၏ (၁၀၃)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲများ မန္တလေးမြို့ တောင်လေးလုံးကျောင်းတိုက်တွင် ကျင်းပ
myanmaplatform.com
|
2018-11-30



မန္တလေး၊ နိုဝင်ဘာ

ပြည်သူချစ် စာပေပညာရှင် လူထုဒေါ်အမာ၏ (၁၀၃)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲကို မန္တလေးမြို့အမရပူရမြို့နယ် တောင်သမန်အင်းအနီး တောင်လေးလုံးကျောင်းတိုက်တွင် (၂၀၁၈)ခုနှစ် နိုဝင်ဘာ(၂၉)ရက် နံနက်(၉)နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

'' မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်က စာပေပညာရှင်တွေအမေကို ချစ်တဲ့ လူတွေ လေးစားတဲ့ လူတွေ တက်ရောက်လာလို့ ဝမ်းသာပါတယ်၊ ကျေးဇူးတင်ပါတယ်၊ နောက်နှစ်တွေမှာလဲ ပြန်ဆုံချင်ပါတယ် '' ဟု လူထုဒေါ်အမာ၏ သားဖြစ်သူ စာရေးဆရာ ညီပုလေးက ပြောသည်။

လူထုဒေါ်အမာ၏ (၁၀၃)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲသို့ မန္တလေးမြို့ခံ စာရေးဆရာ၊ ကဗျာဆရာများသာမကအခြားမြို့များမှ စာရေးဆရာ၊ ကဗျာဆရာမများ၊ လူထုဒေါ်အမာကို လေးစားကြသူများ တက်ရောက်ခဲ့ပြီး စာရေးဆရာများ၊ သတင်းစာ ဆရာကြီးများကအမှတ်တရစကား ပြောခဲ့သည်။

လူထုဒေါ်အမာသည် မန္တလေးမြို့၊ လက်ဆည်ကန် ဂုန္တာန်ရပ်၌အဖ ဦးထင်၊အမိ ဒေါ်စုတို့မှ (၁၉၁၅)ခုနှစ်တွင် ဖွားမြင်ခဲ့ပြီး မြန်မာပြည် လွတ်လပ်ရေး လှုပ်ရှားမှု၊ မြန်မာပြည် ငြိမ်းချမ်းရေးလှုပ်ရှားမှု၊ မြန်မာ့ စာပေ စာနယ်ဇင်း လောက၏ မီးရှူးတန်ဆောင်၊အဖိနှိပ်ခံ

ပြည်သူတို့ ဘက်က နေတစ်စင်း၊ လတစ်စင်းအဖြစ်အစဉ်အမြဲ ရပ်တည်ခဲ့သူတစ်ဦးဖြစ်ပြီး (၂၀၀၈)ခုနှစ်တွင်အသက်(၉၃)နှစ်၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။

မိုးထက်မင်း




Some text some message..