Lotayamm

အကြွေးရှင်နော် မခန့်မညားမလုပ်နဲ့
weeklyheadline.com
|
2018-12-04




အာဖန်တီး ငယ်ငယ်က ကြားဖူးတာတစ်ခုရှိတယ်။ ရွာဦး ကျောင်းက ဆရာတော်ဆီမှာ ဗုဒ်္ဓသာ သာ ယဉ်ကျေးမှုသင်တန်းတက်တုန်း ကပေါ့။ တကယ်တော့ ယဉ်ကျေးမှု သင်တန်းရယ်လို့လည်း ပီပီပြင်ပြင် ဟုတ်ပါဘူး။ ကျောင်းပိတ်တော့ ရွာထဲကကလေးတွေ ဆရာတော့် ကျောင်း လာဆော့ခိုင်းထားတာပါ ပဲ။
ကျောင်းဝင်းကလည်း အကျယ်ကြီး။ ဆော့ရတာလည်း အဖော်အပေါင်းနဲ့ဆိုတော့ ပျော် သလား မမေးနဲ့။
နေ့လယ်ပိုင်းနေပူတဲ့ အချိန် မှာ ဆရာတော်က ပုံတိုပတ်စလေးတွေ ပြောပြီး မြန်မာ့ယဉ်ကျေးမှုမျိုးစေ့ချ ပေးတတ်တယ်။
အဲဒီမှာ အဲဒီစကားကိုကြား ဖူးတာပဲ။ ကြွေးဆိုရင် မတင်စေနဲ့တဲ့ ဆရာတော်ကပြောတာပါ။ အံမယ် ဆရာတော်က ကြွေးဆိုရင် ဘယ်ကြွေး မှ မကောင်းဘူးဆိုပြီး နန်းမတော် မယ်နုနဲ့ ဆရာတော်ဦးဗုဓ်တို့ ဇာတ် လမ်း ပြောပြသေးတာ။
နန်းမတော်မယ်နု လူသတ် ကုန်းသွားခိုက် လမ်းမှာ ဆရာတော် ဦးဗုဓ်ကို ၀င်ဖူးတော့ ဆရာတော်က ဟဲ့ မယ်နု သူ့ကြွေးရှိရင် ကျေအောင် ဆပ်လို့ ပြောတဲ့အခန်းလည်းရောက် ရော အာဖန်တီးတို့ ကလေးပီပီ မျက်ရည်လေး အ၀ဲသားနဲ့ပေါ့။
အဲဒီစကားကို အချိန်ကြာလို့ လူကြီးဖြစ်တဲ့အထိ မမေ့ဘူး။ အယ် ကျင့်သုံးသလားဆိုတော့လည်း မကျင့် သုံးပါဘူး။ ဆင်တောင်အကြွေးရရင် သက်စေ့ဝယ်မယ်ဆိုတဲ့ မြန်မာလူမျိုး ပဲဟာ။
ကြွေး ဘယ်ကြောက်လိမ့် မလဲ။ အကြွေးတင် ရှင်ဘုရင်ဆပ်ဆိုတဲ့ စကားလည်းကြားဖူးနေတာပဲလေ။
ဘာကြောက်စရာလိုလဲ။ လုပ်ငန်းကိုင်ငန်းထဲရောက်လာတော့ ပိုဆိုးတယ်။ ငွေကြေးအကြွေးတင် မကတော့ဘူး။ ကျေးဇူးအကြွေးတွေပါ များလာတော့တယ်။
အာဖန်တီးက လူကောင်း ပါ။ ဆပ်သင့်တဲ့ အကြွေးတွေတော့ ဆပ်ပါတယ်။ ဆပ်သင့်တဲ့အကြွေး၊ မဆပ်သင့်တဲ့အကြွေးဆိုတာ ကြွေးရှင် ပေါ်မှာ မူတည်တာကလား။
ကျေးဇူးဆပ်သင့်တဲ့ ကြွေး ရှင်ဆိုရင်တော့ ဆရာ၊ အဘဆိုပြီး ရိုရိုသေသေ ဆပ်နေတာပဲ။
အံမယ် တချို့ကြွေးရှင်က သူဘာမှ မတတ်နိုင်တော့မှ အာဖန် တီးကိုလာပြီး ကျေးဇူးဆပ်လုပ်ချင် သေးတာ။ ဒါမျိုးတော့ ဘယ်ရလိမ့် မလဲ။ သူ့ကိုတော့ မလုပ်ပါဘူး။ သူ့အမျိုးအဆွေတွေအားလုံး အချုပ် ထဲထည့်ပြီး ကျေးဇူးဆပ်ပစ်လိုက် တာပဲ။
ဟုတ်တယ်လေ။ အာဖန် တီးအပေါ်တင်တဲ့ ကျေးဇူးကြွေးကို အခုအချိန် လာဆပ်ခိုင်းလို့ရမလား။ အာဖန်တီးက ဆရာဖြစ်နေပြီလေ။ အာဖန်တီးကို မလေးစားရင်နေပါ။ နေရာကိုတော့ လေးစားရမှာပါ။
အဲဒါ အာဖန်တီး ကြွေးဆပ် နည်းပဲ။ သံသရာ ထိုဝဋ်ဒုက်္ခလို့တော့ လာမပြောနဲ့။ အဲဒါ အပြစ်လို့ခေါ်ရင် အဲဒီအပြစ်တွေကျေအောင် အာဖန်တီး လုပ်ခဲ့တာတွေ အများကြီးပဲ။
ဘုရားတွေပြင်၊ ကျောင်း တွေဆောက်၊ ထီးတွေတင်၊ သံဃာ တော်တွေဆွမ်းကပ်နဲ့ အာဖန်တီး လောက် လုပ်တဲ့သူ ရှိဦးမလား။
ကုသိုလ်နဲ့ အကုသိုလ်ယှဉ် ရင် ကုသိုလ်ဘက်က လေးနေလို့ လမ်းလျှောက်ရင်တောင် တစ်ဖက် စောင်းစောင်းနေတယ်။
အခုတလော အာဖန်တီးဆီ က ကြွေးယူထားတဲ့လူတွေကို ဆုံးမ ဖို့ လုပ်နေရတာနဲ့ အာဖန်တီး မအား ဘူး။
ဘယ့်နှယ်ဗျာ အာဖန်တီး ဆီကလည်း ကြွေးယူထားသေးတယ်။ အာဖန်တီးပြောတာ၊ လုပ်တာတွေ အပေါ် ကဖျက်ယဖျက်နဲ့။
လူပဲဗျာ မှားတဲ့အခါလည်း မှားတာပေါ့။ ဒါပေသိ ဒီလိုမှား တာလေးကို အာဖန်တီးဘက်က ဖုံးဖိ ပေးမယ် မစဉ်းစားဘူး။
တခြားမဟုတ်ပါဘူး။ အာဖန်တီးရင်နာတာက အာဖန်တီး စေတနာ မေတ်္တာတွေကို နားမလည်ကြ လို့ပါ။
သူတို့တွေ ဒီလိုနေနိုင်သွား နိုင်အောင် အာဖန်တီးက မေတ်္တာနဲ့ ဖန်တီးပေးခဲ့တာလေ။ ဒီကျေးဇူးလေး တော့ သိတတ်သင့်တာပေါ့။
အခုတော့ မဟုတ်ပေါင်၊ အာဖန်တီးကို အာခံမယ်ဆိုတဲ့လူတွေ ဘက်ကနေပေါင်းပြီး အာဖန်တီး တပည့်တွေကိုမကောင်းပြောသတဲ့။
ကဲ ကြားလို့မှတော်ရဲ့လား။ အာဖန်တီးတပည့်တွေက ဆရာ ငယ် ကြောက်မို့ မပြောရဲလို့သာ။
ဒါပေမဲ့ အာဖန်တီးက တပည့်တွေအပေါ် ကြည့်တတ်ပါ တယ်။ မြင်တတ်တာပေါ့။ ဒီကလေး တွေက အာဖန်တီးကို ကာကွယ်ပေး နေကြတာပဲ။ ဒီလူတွေအကျိုးကို မကြည့်ရင် ဘယ်သူ့အကျိုးကို ကြည့် ရမလဲ။ ဒါနဲ့ ဥပမာတစ်ခုပြလိုက်ပါ တယ်။ အာဖန်တီးဆီက ကြွေးယူထား တဲ့တစ်ယောက်ကို အကြွေးပြန်တောင်း လိုက်တာပေါ့။
လူတွေကခက်တယ်။ အကြွေး ယူတုန်းကယူပြီး ပြန်တောင်းတော့ မပေးချင်ကြဘူး။ ဒါလောကသဘာဝ မို့ အာဖန်တီးနားလည်ပါတယ်။
ဒီတော့ ခပ်ကြမ်းကြမ်းလေး ကိုင်ပြီး ကြွေးတောင်းရတာပေါ့။ မပေးမဖြစ်လို့သာ ပေးရတယ်။ သိပ် ကျေနပ်ပုံတော့ မရဘူး။ ဘယ်ကျေနပ် မလဲ ထောင်ကြွေးကိုး။
ကိစ်္စမရှိပါဘူး။ အာဖန်တီး က ဘယ်သူမှ မကျေနပ်လည်း နေတတ်တော့၊ ဒီနေရာက မဆင်းဘဲ နေလာတာ နှစ်(၆၀)တောင် ကျော် လာပြီ။ ဒီဟာလောက်တော့ အပျော့ ပေါ့။
အဲဒီလိုလုပ်လိုက်မှလည်း နောက်ထပ် အာဖန်တီးကို ကြွေးပေးရ မယ့်သူတွေ သိပ်မလှုပ်ရဲမှာပေါ့။ ဒါတောင် နည်းနည်းတော့ ခံပြော ချင်သေးတယ်။
အာဖန်တီးဆိုတာ ဆပ်သင့် တဲ့ အကြွေးရှင်အဖြစ် ရှိတုန်းဆိုတာ လေး သိသာရုံလုပ်လိုက်တာပါ။
တကယ်ပါ၊ ဘုရားစူး၊ အာဖန်တီးက အင်မတန်ကောင်းတဲ့ ကြွေးရှင်ဆိုတာ စာဖတ်ပရိသတ်ကြီး သိအောင် ပြောပြလိုက်ချင်တာပါ ပဲ။

အာဖန်တီး



Some text some message..