
FA တွေ ဆိုတာ တစ်ကယ်တော့ ညံံံ့လို RS မရတာလည်း မဟုတ်ပါဘူး၊၊ တစ်ကယ်တော့ ဘယ်လို Purpose လုပ်ရမယ်ဆိုတဲ့နည်းလမ်းကောင်းတွေကို မသိရှိသေးလို့ပါ ။ ကျွန်တော် ပြောတဲ့အချက်တွေကို တစ်ကယ်လိုက်လုပ် ဖို့တော့လိုပါတယ်၊ ဆက်ဖတ်ရအောင်….
ကဲစကြစို့ ….
ယောင်္ကျားလေးတွေပေါ့ ကိုယ် Crushနေတဲ့ ကောင်မလေးရှိနေပြီဆိုရင် Crush တဲ့အဆင့်မှာတင်ရပ်မနေပါနဲ့ ပြီးတော့အများစုက ''ငါကတော့သူ့ကိုမရလောက်ပါဘူး''
ဆိုပြီး ပြောတောင်မပြောရခင်ကတည်းက သိမ်ငယ်နေတတ်ကြပါတယ်။ တစ်ကယ်တော့ သူတို့က ကိုယ်တွေရဲဖွင့်ပြောမှုကို စောင့်မျှော်နေရတာပါ .. ဒါကိုစိတ်ထဲ သိရှိနေဖို့လိုအပ်ပါတယ်။
သင့်ဘာသာသင် မီးစိမ်းနေတာလေးထိုင်ကြည့် Postတိုင်း LoveReactထိုင်ပေး ပုံလေးတွေSaveမှတ်ပြီးသိမ်း
ဟုတ်ကဲ့ပါ Crushသက်သာ သုံးနှစ်သုံးမိုးကြာသွားမယ် ဟိုကမသိပါဘူး ပြောမှမပြောပဲကိုး ဘယ်သိမှာလဲ ..?
၁) မိမိကိုယ့်ကိုယ် ယုံကြည်မှုရှိပါ
ကျွန်တော်တို့ ကိုယ် Crush နေတဲ့ ကောင်မလေးကို တွေရင်အရင်ဆုံး မိမိကိုယ့်ကို ယုံကြည်မှုအပြည့်ရှိပါ။ တစ်ယောက်တည်း လဒ မှိုင်မနေသင့်ပါဘူး။ ငါတစ်ကယ်သူကိုချစ်တာ သေချာရင်လုပ်ငန်းစတော့..
၂)အမှတ်တစ်မဲ့ကနေအမှတ်တရဖြစ်အောင်လုပ်ပါ
ဘာလား? မြန်မာကားအကြောင်းလာပြောပြနေတာလား လို့မပြောနဲ့ ဆုံးအောင်ဖတ်…
သင်သာ သူကို တစ်ကယ်ကြွေနေရင် နောက်ကနေ လိုက်ကြည့်ဖြစ်မှာပဲ မဟုတ်ဘူးလား ..သူလက်ထဲက ပစ္စည်းတစ်ခုခု ကူကိုင်ပေးတာမျိုး စကားလမ်ကြောင်းရှာပါ။ သူကတာ့ ပေါ့ပေါ့လေးကိုင်နေတာပဲ နိုင်ပါတယ်လို့ မထင်နဲ့ ။ ဘယ်မိန်းကလေးမဆို ဂရုစိုက်တဲ့ ယောင်္ကျားလေးကို ကြွေကြတာပဲလေ…
နောက်တစ်ဆင့် သူနဲပါတ်သတ်ပြီးအသေးစိတ် ဂရုစိုက်တာမျိုး ၊ ကူညီတာမျိုး စသဖြင့် သူနဲ့ ရင်နီးအောင် လုပ်ပါ။
၄) ရိုးသားပါ
သူမအပေါ်တစ်ကယ်ချစ်ရင်ရိုးသားပါ ၊ ဘယ်တော့မှ လိမ်ညာမှုမျိုး မလုပ်မိစေပါနဲ့၊ ဘာပဲဖြစ်ဖြစ် မိန်းခလေးအများစု ကကိုယ်လာ crush တဲ့သူ ရဲ့ ရိုးသာမှု ကိုအလေးအနက်ထား စဉ်းစားတတ်လို့..
၃) Date ပါ
အပေါ်ကအဆင့်တွေလုပ်ပြီးသွားရင် သင့်အပေါ် တစ်စိတ်တစ်ပိုင်း တော့ ယုံကြည်မှု ရှိမှာ ကျိန်းသေပါတယ်။ first dateအရမ်းကိုအရေးကြီးပါတယ်။ သင့်အနေနဲ့ နာမည်ကြီးဆိုင်မဟုတ်ရင်တောင် ၊အသင့်အတင့် ရှိတဲ့ ဆိုင်လေမှာ ညစာ လိုက်ကျွေးတာမျိုးပြုလုပ်သင့်ပါတယ်။အဲဒီအခါမှာ သင့်အနေနဲ့အမှားနည်းပါစေ။ သန့်ပြန် ကျော့ရှင်းတဲ့အဝတ်အစားမျိုး ဝတ်ဆင်သွားပါ ။အဲအဆင့် ပြီးသွားရင်တော့ ငါအဖြေရတော့မယ်လို့အထင်လိုက်နဲ့မိန်းကလေးတွေက purpose လုပ်ပြီးနောက် သင့်ရဲ့အမူအကျင့်ကို ဂရုစိုက်ကြည့်နေတတ်တယ်။သင့်အနေနဲ့အရင်ထက် ပိုပြီးဂရုစိုက်ပေးပါ ၊ ဖုန်းဆိုလည်း တစ်နေ့တစ်ခါက် နှစ်ခေါက်လောက်တော့ ဆက်ဖြစ်အောင်ဆက်ပေးလိုက်ပါ ။ ဒါမှသာ ကောင်မလေးတွေကို “အော် သူငါကိုတစ်ကယ် ဂရုစိုက်ပါလား လို ထင်နေမှာ..”
၄)အလောမကြီးသင့်
သင့်အနေနဲ့ Purpose တော့လုပ်ပြီးပြီ၊အဖြေပြန်မရသေးဘူး ဆိုပြီးအလောမကြီးဖို့လို့ပါတယ်။ နောက်ဆုတ်သွားဖို့လဲမလိုပါဘူး ။ သည်ခံတတ်ချိန်တန်ပြီ ! မကြာပါဘူး သင့်ရဲ့ သည်းခံ နိုင်စွမ်းကိုအလေးအနက်ထားပြီးအဖြေပြန်ပေးတော့မှာပါ၊
၅) သူမကိုပျော်ရွင်အောင်ထားပါ
အဆင့် ၅ မှာ သင့်ကိုအဖြေပြန်ပေးပါပြီ။ ကဲသင်လိုချင်တဲ့ ပန်းတိုင်ရောက်ပြီမလား ။ ပန်းတိုင်ရောက်ပြီးဆိုတာနဲ့အချစ်တွေလျှော့အသွားနဲဦး ။ သူမ ကိုအပြင် လိုက်ပို့တာမျိုး (ပန်းခြံ ၊ ကစားကွင်း ၊ ရုပ်ရှင်ရုံ ၊ ဘုရား)အစရှိတဲ့ ပျော်စရာလေးတွေဖန်တီးပေးဖိုလို့တယ်။ Surprise ဖြစ်စေမဲ့အရာမျိုးလေးတွေနဲမကြာခဏလုပ်ပေးနော်….
တော်ပီဗျာ !
နည်းလမ်းတွေတော့ပြောခဲ့ပြီ စော်ရအောင်ရှာဖို့က ဘဒိုတို့တာဝန်...
ကဲ စော်နဲ ဒိုးပြီ .. ပုံတွေကြည့်သွားဦး