သမီးဖြစ်သူရဲ့ နှုတ်ခမ်းကို နမ်းခဲ့တာကြောင့် ဒေဗစ်ဘက်ခမ်းအကြီးကျယ်ဝေဖန်ခံနေရ (ရုပ်သံ)
popolay.com
|
2018-11-30

ကမ္ဘာကျော်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်း ဟာ သူ့ရဲ့သမီးဖြစ်သူ “ဟာပါ”အသက် ၇ နှစ်ရဲ့ နှုတ်ခမ်းကို နမ်းနေတဲ့ ရုပ်သံဖိုင်အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးနောက် ဆိုးဆိုးရွားရွား ဝေဖန်တုံ့ပြန်မှုတွေ ခံနေရတာဖြစ်ပါတယ်။





သူတို့သားအဖဟာ လန်ဒန်မှာ ရေခဲပြင်လျောစီးနေစဉ် ဘက်ဟမ်းက သမီးရဲ့နှုတ်ခမ်းကို ချစ်စနိုးနဲ့ နမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးနှုတ်ခမ်းကို နမ်းတာဟာ ဖခင်တစ်ယောက်အနေနဲ့ သမီးကို နမ်းရမယ့်အနမ်းမျိုးမဟုတ်ပဲ မိန်းမကို နမ်းရတဲ့အနမ်းမျိုးဖြစ်လို့ ဒါဟာလုံးဝ မှားယွင်းနေတယ်လို့ ဝေဖန်ခံနေရတာဖြစ်ပါတယ်။




Rebekah Vardy

ဒါပေမယ့် ဘက်ဟမ်း (၄၃ နှစ်) ရဲ့အမာခံပရိသတ်တွေကတော့အင်စတာဂရမ်ပေါ်မှာ ဘက်ဟမ်းဘက်ကနေ ပြန်လည်တုံ့ပြန်ခဲ့ကြပါတယ်။အဲဒီလို ဝေဖန်ထိုးနှက်ကြသူတွေထဲမှာ ဆယ်လီတစ်ဦးဖြစ်တဲ့ “ရေဗက္ကာဘာဒီ (Rebekah Vardy)” လည်းအပါအဝင်ဖြစ်ပါတယ်။လည်းအပါအဝင်ဖြစ်ပါတယ်။




ပြခဲ့တဲ့ လကလည်း တရုပ်နိုင်ငံကအမြန်ရထားတစ်စင်းပေါ်မှာ ဖခင်ဖြစ်သူက သမီးငယ်ရဲ့ တစ်ကိုယ်လုံးကို ပွပ်သပ်ပြီး နမ်းခဲ့တာကြောင့် ရဲတိုင်ကြားမှုခံခဲ့ရပါတယ်။ ဒီလိုမျိုးအဖြစ်ပျက်တွေကို ဘေးကနေမြင်ရတဲ့ ပတ်ဝန်းကျင်အနေနဲ့ မသင့်တော်ဘူးလို့ ဝေဖန်ခဲ့ကြပေမယ့် ဖခင်တွေအများစုကတော့ ဒါကိုလက်မခံခဲ့ကြပါဘူး၊ သားသမီးကို ချစ်လွန်းရင် ဒီလိုပဲ ဖြစ်တတ်ကြတယ်လို့ တုံပြန်မှုတွေ ရှိခဲ့ပါတယ်။



>>






Some text some message..