မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ… ဒါပေမဲ့ ဘဝမှာ လှလှပပတော့ ရှင်သန်သင့်တယ်။ ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့ အသိပညာ၊ ကောင်းမွန်တဲ့စာရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ မိန်းမကောင်းအဖြစ်နဲ့ ရုပ်ရည်မလှသည့်တိုင် ဘဝကို အမှန်တကယ် လှပစေနိုင်ပါတယ်။
၁။ မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေ တယ်။
၂။ မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။
၃။ မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။
၄။ မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။
၅။ မိန်းမကောင်းဆိုတာ ရှူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။
၆။ မိန်းမကောင်းဆိုတိုင်း ရုပ်ရည်လှပနေမှ မဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ် ရှိတယ်။ ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊ လုပ်သင့်တာ ကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး အပြုံးမပျက်သူဖြစ်တယ်။
၇။ မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးဖြစ်တယ်။
၈။ မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါး တန်ဆာဆင်မှ လှပတာမဟုတ်ပါဘူး။
၉။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊ ပျော့ညံ့သူမဟုတ် ဘူး။ ယောက်ျားတွေကို မှီခိုသူမဟုတ်ဘူး။
၁၀။ မိန်းမကောင်းဆိုတာ ပိန်တာ၊ ဝတာနဲ့မဆိုင်ဘူး။ မျက်နှာပေါက်လှတယ်၊ မလှဘူးနဲ့မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။ ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုး တယ်၊ ဝတယ်၊ ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ် ထဲကဖြစ်လာတဲ့ နှစ်လို့ဖွယ်အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ ကျင့်ကြံနိုင် ပါတယ်။
မိန်းကလေးတိုင်း ထူးချွန် ထက်မြက်မှာမဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘဝမှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က မိခင်ဝတ္တရားနဲ့ ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်း ဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး နားလည်မှုနဲ့ လေးစားမှုကို အောင်နိုင် ရယူသူတွေသာ မိန်းမကောင်းများ ဖြစ်ကြပါတယ်။
[ Unicode ]

Ref; lifehacks