ငြိမ့်ငြိမ့်ညောင်းညောင်း ထွက်ပေါ်လာတဲ့သီချင်းက ကားရှေ့ခန်းကလွင့်ပျံနေပါတယ်… သာယာတဲ့ နေ့တနေ့ ပေါင်းများစွာကို လစ်လျူရှူ့နေရတဲ့မြို့ပြ ဘဝမှာ တကြိမ်တခါလောက်ဖြစ်ဖြစ်တော့ ရေဒီယိုသီချင်းတွေက ရေငတ်ပြေ နေတာ တော့ အမှန်ပါပဲ၊၊
“ကောင်းကင်ပြာကို ဘယ်သူများ ဆေးရောင်ခြယ်…..ငှက်တွေကို ဘယ်သူ…တွေ တေးဆိုသင်!!!!တယ်…တွေးမရဘူးလေ တွေးမရဘူးလေကွယ်…”
အဆိုတော် လေးလေးဝါးရဲ့ အသံအေးအေးလေးကြောင့် ကိုတောင် ကောင်းကင်ကြီးကို မော့ကြည့်ဖြစ်တယ်။ အေးဟုတ်ပ ဘာကြောင့် အပြာရောင်ကြီးလဲပေါ့၊၊ နဂိုကမှ ဆပ်ဆလူးဆိုတော့ တခါတည်း အဖြေရအောင်တောင်း (အဲလေ) ခေါင်းထဲမှာ ရှင်းအောင်လုပ်ရတော့တာပါပဲ။
ဘာကြောင့်များ ကောင်းကင် နဲ့ ပင်လယ်ပြာနေပါလိမ့်
----------------------------------------------------------
လူ့ဗီဇ မှာ အားလုံးထက်သာတဲ့ အချက်ကတော့ စူးစမ်းချင်တဲ့သဘာဝပါပဲ…အဲ့ဗီဇရှိတဲ့သူတိုင်း တခါတရံ တော့ ဘာလို့ကောင်းကင် ကြီးကပြာနေပါလိမ့် ပင်လယ်ကကော ဘာလို့လဲ…တောက်! ပန်းဆီရောင်လေးဖြစ်လိုက်ပီးရောကွာ လို့တွေးတတ်ကြပါတယ်။ အဲ့ဒီ့ အပြာကိစ္စကို မသွားခင် ကျွန်တော်တို့ ရဲ့ မျက်လုံး နောက်ကွယ်က အရောင်တွေကို ဘယ်လိုသတ်မှတ်နေလဲဆိုတာ သိဖို့လိုပါတယ်။ သင့်ရဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ နှင်းဆီပန်းလေး ကပန်းရောင်၊ ငှက်ပျော်သီးက အဝါရောင်၊ သစ်ရွက်တွေက အစိမ်းရောင် ဒါတွေဟာ တကယ်တော့ မျက်စိက ခွဲခြမ်းစိတ်ဖြာ မြင်နေရတဲ့အရာတွေပါ။
အရောင်တွေကို ဘယ်လိုမြင်ပါလိမ့်
--------------------------------------
ပထမဆုံး သိပ္ပံပညာ အရ အရောင်တွေရဲ့မူလ ဇစ်မြစ်ဟာ အလင်းပါ သူတို့တွေအရာဝတ္ထုတွေနဲ့ ထိတွေ့တဲ့အခါ ရောင်ပြန်ဟပ်တာ ဖြာထွက်သွားတာ စုပ်ယူသွားတာ ကွေးသွားတာက နေ အရောင်တွေဖြစ်ပေါ်လာတာပါ။ အော်ဒါ့ကြောင့် EPC ကမီးပျက်တဲ့အခါ ဘာမှမမြင်ရတာကိုး (ဤကား စကားချပ်)၊၊ အရာဝတ္ထုဆိုတဲ့အထဲမှာ အဆိုင်အခဲ အရေ အငွေ့ အကုန်ပါပါတယ်။ အလင်းရောင်ဖြူဖြူကို သင်မြင်ရတဲ့အခါ တကယ်တော့ သက်တန့်ထဲမှာ ရှိတဲ့အရောင် အကုန်ပါဝင်နေပါတယ်။ ဖန်ခွက်လေးထဲကို ရေလေးထည့် ပြတင်းပေါက်ဘေးနားမှာ ထိုင်လိုက်ရုံနဲ့ သူ့ရဲ့ဘီလူးခေါင်းကို သင်မြင်ရပါလိမ့်မယ်။ နေကလာတဲ့ အလင်းဖြူဖြူက ရေဖန်ခွက်ကို ထိတွေ့သွားတဲ့အခါ အကွင်းလိုက်ကြီးတွေ အလင်းပြန်ကြပါလိမ့်မယ် အဲ့ဒီ့အခါ အနီရောင် လိမ္မော်ရောင် အဝါရောင် အစိမ်းရောင် အပြာရောင် ခရမ်းရောင် ဆိုတဲ့ သိပ်လှတဲ့သက်တန့်ကြီးတောင်ကွေးသွားမယ်ဆိုတာမျိုး မြင်ရမှာပါ။
အရာဝတ္ထုတွေအားလုံးဟာ အလင်းကိုစုပ်ယူနိုင်စွမ်း နဲ့ အလင်းကို ပြန်နိုင်စွမ်း ရှိကြပါတယ်။ ဥပမာ အားဖြင့် အလင်းဟာ သစ်ရွက်လေး တစ်ရွက်ကို ထိတွေ့တဲ့အခါ သစ်ရွက်လေးက အရောင်အားလုံးကို စုပ်ယူလိုက်ပါတယ် အစိမ်းရောင်မှ တပါးပေါ့ ပီးတော့ အဲဒီ့အရောင်ကို အလင်းပြန်လိုက်ပါတယ် အဲ့ဒီ့အခါ ကျွန်တော်တို့တွေ အစိမ်းရောင်သစ်ရွက်လေးတွေ ဝေဆာနေတာကို မြင်ရပါတယ်။ တစ်ကယ်တော့ အရောင်တွေဟာ အဓိက မဟုတ်ပါဘူး ဘယ်အရာတွေက ဘယ်အရောင်တွေကိုစုပ်ယူပီး ဘယ်အရောင်တွေကို အလင်းပြန်သလဲဆိုတဲ့အပေါ်မှာသာ မူတည်နေတာပါ။
ပင်မအရောင်တွေက ဘာတွေပါလိမ့်
ပင်မ အုပ်စုဝင် အရောင် နှစ်မျိုး ရှိတယ်လို့ သင်ခဲ့ရဖူးပါတယ်။ Subtractive Colors နဲ့ Additive Colors ဆိုပီးတော့။
Subtractive Colors ဆိုတာကတော့ အနီ၊အပြာနဲ့အဝါတို့ပေါင်းစပ်ထားတာပါ။ Subtractive Colors ဆိုတာ ကျွန်တော်တို့ မျက်လုံးကို ပြန်လာတဲ့ အလင်းရောင်ကို ခေါ်တာပါ။ဒီအရောင် သုံးခုကို ရောနှောလိုက်တဲ့အခါ တဖြည်းဖြည်း နက်မှောင်လာ ပါတယ်။ ဒါ့ကြောင့် ပန်းချီဆွဲတဲ့အခါ ကာလာတွေ ထပ်ပေါင်းလေ အရောင်က ရင့်ရင့်လာလေ နက်လာလေ ဖြစ်တာပါ။ ကျွန်တော် တို့မြင်မြင်သမျှ အရောင် အလင်းပြန်လာတဲ့ဘာရောင်ဖြစ်ဖြစ် Subtractive Colors လို့ခေါ်ပါတယ်။
နောက်တမျိုးကတော့ အနီ အပြာ နဲ့ အစိမ်း တို့ရောစပ်ထားတဲ့ Additive Colors ဖြစ်ပါတယ်။ Additive Colors ဆိုတာ အလင်းထုတ်တဲ့ မျက်နှာပြင်တခုခုရဲ့ ဖန်သားပြင်ကနေ ကျွန်တော်တို့ မျက်လုံးဆီကို လာတဲ့အလင်းကိုခေါ်တာပါ။ TV , Mobile Phone, computer monitor တွေဟာ Additive Colors system တွေကို pixel လေးတွေအဖြစ် ဖန်တီးယူထားတာပါ။မူလဇစ်မြစ် ကတော့ သုံးရောင်ထဲပါ။ကဲဒီတော့ အပြာရောင်မိုးကောင်းကင်ကြီးဟာ ဘာအုပ်စုဝင်လည်းဆိုရင်တော့ Subtractive Colors ပါ။
ကောင်းကင်ကြီးက တကယ်ကောပြာရဲ့လား
-----------------------------------------------
ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တဲ့အခါ တကယ်တော့ ကမ္ဘာ့လေထုကို မော့ကြည့်ခြင်းသာပါ။ ကျွန်တော်တို့ ကမ္ဘာကြီးဟာ အများအားဖြင့် နိုက်ထရိုဂျင် အောက်ဆီဂျင်တို့ပေါင်းစပ်ဖွဲ့စည်းထားကြောင်းသင်ခဲ့ရဖူးကြမှာ။ အနွေးဓာတ်ခံရှိတဲ့ အနီရောင်လိုမျိုး အရောင်တွေရဲ့ လှိုင်းအလျှားဟာ ရှည်ပါတယ် အအေးဓာတ်ခံရှိတဲ့ အပြာရောင်လိုမျိုးအရောင်တွေရဲ့ လှိုင်းအလျှား ကတိုပါတယ်။ ဘာလို့ပြောရလဲဆို အလင်းက လှိုင်းပုံစံ သွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ နေကလာတဲ့ အလင်းက ကမ္ဘာ့လေထု ကိုဖြတ်တဲ့အခါ နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင်တို့ကို ဖြတ်သန်းသွားရပါတယ်။ အဲ့ဒီ့အခါ အလင်းတွေပြန့်ကြဲသွားပါတယ်။ ထူးခြားချက်က လှိုင်းအလျှား ရှည်တဲ့အရောင်တွေဟာပြန့်ကြဲ မလွယ်ကြပဲနဲ့ လှိုင်းအလျှားတိုတဲ့ အပြာရောင်လေးတွေဟာ လွယ်လွယ်ကူကူပဲ ပြန့်ကြဲသွားပါတယ်။ဘလိုသဘောလဲ မရှင်းတဲ့သူများအတွက် ဥပမာ အောက်ကပုံအရ ကြိုးကို တချက်ခြင်း ညှင်ညှင်သာသာ အထက်အောက် ရမ်းတဲ့ အခါ တချက်ခြင်း အပေါ်ကပန်းသီး ကိုထိမှာဖြစ်ပီး အထက်အောက် ခပ်ကြမ်းကြမ်းလေး ရမ်းတဲ့အခါ လှိုင်းတွန့်တွေ ပိုများလာ ပိုစိပ် လာပီး အပေါ်က အသီးတောင် ကြွေသွားမှာ ဖြစ်ပါတယ်။ ကဲ ဒီနည်းနဲ့ သရက်သီးခူးနိုင်ပါပီ (ဟယ် အဟုတ်ဟ)။ဒါ့ကြောင့် လှိုင်းအလျှားတိုတဲ့ အပြာရောင်တွေဟာ ကောင်းကင်မှာ အပြန့်ကြဲဆုံးအရောင်အဖြစ် ကျွန်တော်တို့မျက်လုံးတွေနဲ့ မြင်နေရတာဖြစ် ပါတယ်။
ဘာလို့များ ပင်လယ်ကကော ပြာပါလိမ့်
------------------------------------------
လူအများစု ယုံကြည်ကြတာကတော့ ကောင်းကင်ကပြာတဲ့အတွက် ပင်လယ်ဟာရောင်ပြန်ဟတ်တယ် မှန်လိုမျိုးပေါ့လို့ထင်ကြပါ တယ်။တကယ်တော့ မဟုတ်ပါဘူး မယုံခဲ့ရင် ကမ်းခြေ ကို ကမြင်းကြောဆွဲဖို့ ရောက်တဲ့အခါ ဖန်ခွက်ထဲကို ထည့်ကြည့်ပေါ့။ပင်လယ်ကြီးကပြာပါတယ် ဘာလို့ဆို ရေရဲ့ မော်လီကြူးတွေဟာ လှိုင်းအလျှားရှည်တွေကို စုပ်ယူနိုင်စွမ်းရှိပီး လှိုင်းအလျှားတိုတွေ တွေကို အလင်းပြန်နိုင်စွမ်းရှိလို့ပါ။ ကမ်းခြေနား တဝိုက်မှာ အပြာရောင်ဖျော့ဖျော့ တခါတရံ အစိမ်းရောင်သမ်းနေပါလိမ့်မယ် အဲဒါ ဘာဖြစ်လို့ဆို အောက်ခြေမှာရှိတဲ့ အပင်တွေနဲ့ အရာဝတ္ထုတွေကြောင့်ဖြစ်ပါတယ် တနည်း ရေရဲ့ထုထည်လည်း သေးလို့ဖြစ်ပါတယ်။
ဒါ့ကြောင့် ပင်လယ်ကမ်းခြေနဲ့ ဝေးသွားလေ Navy Blue လိုမျိုးအရောင်တွေကို တွေ့ရမှာဖြစ်ပါတယ် တချို့နေရာတွေမှာဆို အနက်ရောင်လိုမျိုးတွေကိုတွေ့နိုင်ပါတယ်။ ရေပိုများလေ ကာလာတွေကို ပိုပီး စုပ်ယူနိုင်စွမ်းရှိလေ ဖြစ်လို့ပါ။
<<< Zawgyi >>>
အရောင်တွေရဲ့ အကြောင်း
-----------------------------
ငြိမ့်ငြိမ့်ညောင်းညောင်း ထွက်ပေါ်လာတဲ့သီချင်းက ကားရှေ့ခန်းကလွင့်ပျံနေပါတယ်… သာယာတဲ့ နေ့တနေ့ ပေါင်းများစွာကို လစ်လျူရှူ့နေရတဲ့မြို့ပြ ဘဝမှာ တကြိမ်တခါလောက်ဖြစ်ဖြစ်တော့ ရေဒီယိုသီချင်းတွေက ရေငတ်ပြေ နေတာ တော့ အမှန်ပါပဲ၊၊
“ကောင်းကင်ပြာကို ဘယ်သူများ ဆေးရောင်ခြယ်…..ငှက်တွေကို ဘယ်သူ…တွေ တေးဆိုသင်!!!!တယ်…တွေးမရဘူးလေ တွေးမရဘူးလေကွယ်…”
အဆိုတော် လေးလေးဝါးရဲ့ အသံအေးအေးလေးကြောင့် ကိုတောင် ကောင်းကင်ကြီးကို မော့ကြည့်ဖြစ်တယ်။ အေးဟုတ်ပ ဘာကြောင့် အပြာရောင်ကြီးလဲပေါ့၊၊ နဂိုကမှ ဆပ်ဆလူးဆိုတော့ တခါတည်း အဖြေရအောင်တောင်း (အဲလေ) ခေါင်းထဲမှာ ရှင်းအောင်လုပ်ရတော့တာပါပဲ။
ဘာကြောင့်များ ကောင်းကင် နဲ့ ပင်လယ်ပြာနေပါလိမ့်
---------------------------------------------------------
လူ့ဗီဇ မှာ အားလုံးထက်သာတဲ့ အချက်ကတော့ စူးစမ်းချင်တဲ့သဘာဝပါပဲ…အဲ့ဗီဇရှိတဲ့သူတိုင်း တခါတရံ တော့ ဘာလို့ကောင်းကင် ကြီးကပြာနေပါလိမ့် ပင်လယ်ကကော ဘာလို့လဲ…တောက်! ပန်းဆီရောင်လေးဖြစ်လိုက်ပီးရောကွာ လို့တွေးတတ်ကြပါတယ်။ အဲ့ဒီ အပြာကိစ္စကို မသွားခင် ကျွန်တော်တို့ ရဲ့ မျက်လုံး နောက်ကွယ်က အရောင်တွေကို ဘယ်လိုသတ်မှတ်နေလဲဆိုတာ သိဖို့လိုပါတယ်။ သင့်ရဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ နှင်းဆီပန်းလေး ကပန်းရောင်၊ ငှက်ပျော်သီးက အဝါရောင်၊ သစ်ရွက်တွေက အစိမ်းရောင် ဒါတွေဟာ တကယ်တော့ မျက်စိက ခွဲခြမ်းစိတ်ဖြာ မြင်နေရတဲ့အရာတွေပါ။
အရောင်တွေကို ဘယ်လိုမြင်ပါလိမ့်ပထမဆုံး သိပ္ပံပညာ အရ အရောင်တွေရဲ့မူလ ဇစ်မြစ်ဟာ အလင်းပါ သူတို့တွေအရာဝတ္ထုတွေနဲ့ ထိတွေ့တဲ့အခါ ရောင်ပြန်ဟပ်တာ ဖြာထွက်သွားတာ စုပ်ယူသွားတာ ကွေးသွားတာက နေ အရောင်တွေဖြစ်ပေါ်လာတာပါ။ အော်ဒါ့ကြောင့် EPC ကမီးပျက်တဲ့အခါ ဘာမှမမြင်ရတာကိုး (ဤကား စကားချပ်)၊၊ အရာဝတ္ထုဆိုတဲ့အထဲမှာ အဆိုင်အခဲ အရေ အငွေ့ အကုန်ပါပါတယ်။ အလင်းရောင်ဖြူဖြူကို သင်မြင်ရတဲ့အခါ တကယ်တော့ သက်တန့်ထဲမှာ ရှိတဲ့အရောင် အကုန်ပါဝင်နေပါတယ်။ ဖန်ခွက်လေးထဲကို ရေလေးထည့် ပြတင်းပေါက်ဘေးနားမှာ ထိုင်လိုက်ရုံနဲ့ သူ့ရဲ့ဘီလူးခေါင်းကို သင်မြင်ရပါလိမ့်မယ်။ နေကလာတဲ့ အလင်းဖြူဖြူက ရေဖန်ခွက်ကို ထိတွေ့သွားတဲ့အခါ အကွင်းလိုက်ကြီးတွေ အလင်းပြန်ကြပါလိမ့်မယ် အဲ့ဒီအခါ အနီရောင် လိမ္မော်ရောင် အဝါရောင် အစိမ်းရောင် အပြာရောင် ခရမ်းရောင် ဆိုတဲ့ သိပ်လှတဲ့သက်တန့်ကြီးတောင်ကွေးသွားမယ်ဆိုတာမျိုး မြင်ရမှာပါ။
အရာဝတ္ထုတွေအားလုံးဟာ အလင်းကိုစုပ်ယူနိုင်စွမ်း နဲ့ အလင်းကို ပြန်နိုင်စွမ်း ရှိကြပါတယ်။ ဥပမာ အားဖြင့် အလင်းဟာ သစ်ရွက်လေး တစ်ရွက်ကို ထိတွေ့တဲ့အခါ သစ်ရွက်လေးက အရောင်အားလုံးကို စုပ်ယူလိုက်ပါတယ် အစိမ်းရောင်မှ တပါးပေါ့ ပီးတော့ အဲဒီအရောင်ကို အလင်းပြန်လိုက်ပါတယ် အဲ့ဒီအခါ ကျွန်တော်တို့တွေ အစိမ်းရောင်သစ်ရွက်လေးတွေ ဝေဆာနေတာကို မြင်ရပါတယ်။ တစ်ကယ်တော့ အရောင်တွေဟာ အဓိက မဟုတ်ပါဘူး ဘယ်အရာတွေက ဘယ်အရောင်တွေကိုစုပ်ယူပီး ဘယ်အရောင်တွေကို အလင်းပြန်သလဲဆိုတဲ့အပေါ်မှာသာ မူတည်နေတာပါ။
ပင်မအရောင်တွေက ဘာတွေပါလိမ့်
--------------------------------------
ပင်မ အုပ်စုဝင် အရောင် နှစ်မျိုး ရှိတယ်လို့ သင်ခဲ့ရဖူးပါတယ်။ Subtractive Colors နဲ့ Additive Colors ဆိုပီးတော့။
Subtractive Colors ဆိုတာကတော့ အနီ၊အပြာနဲ့အဝါတို့ပေါင်းစပ်ထားတာပါ။ Subtractive Colors ဆိုတာ ကျွန်တော်တို့ မျက်လုံးကို ပြန်လာတဲ့ အလင်းရောင်ကို ခေါ်တာပါ။ဒီအရောင် သုံးခုကို ရောနှောလိုက်တဲ့အခါ တဖြည်းဖြည်း နက်မှောင်လာ ပါတယ်။ ဒါ့ကြောင့် ပန်းချီဆွဲတဲ့အခါ ကာလာတွေ ထပ်ပေါင်းလေ အရောင်က ရင့်ရင့်လာလေ နက်လာလေ ဖြစ်တာပါ။ ကျွန်တော် တို့မြင်မြင်သမျှ အရောင် အလင်းပြန်လာတဲ့ဘာရောင်ဖြစ်ဖြစ် Subtractive Colors လို့ခေါ်ပါတယ်။
နောက်တမျိုးကတော့ အနီ အပြာ နဲ့ အစိမ်း တို့ရောစပ်ထားတဲ့ Additive Colors ဖြစ်ပါတယ်။ Additive Colors ဆိုတာ အလင်းထုတ်တဲ့ မျက်နှာပြင်တခုခုရဲ့ ဖန်သားပြင်ကနေ ကျွန်တော်တို့ မျက်လုံးဆီကို လာတဲ့အလင်းကိုခေါ်တာပါ။ TV , Mobile Phone, computer monitor တွေဟာ Additive Colors system တွေကို pixel လေးတွေအဖြစ် ဖန်တီးယူထားတာပါ။မူလဇစ်မြစ် ကတော့ သုံးရောင်ထဲပါ။ကဲဒီတော့ အပြာရောင်မိုးကောင်းကင်ကြီးဟာ ဘာအုပ်စုဝင်လည်းဆိုရင်တော့ Subtractive Colors ပါ။
ကောင်းကင်ကြီးက တကယ်ကောပြာရဲ့လား
-----------------------------------------------
ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တဲ့အခါ တကယ်တော့ ကမ္ဘာ့လေထုကို မော့ကြည့်ခြင်းသာပါ။ ကျွန်တော်တို့ ကမ္ဘာကြီးဟာ အများအားဖြင့် နိုက်ထရိုဂျင် အောက်ဆီဂျင်တို့ပေါင်းစပ်ဖွဲ့စည်းထားကြောင်းသင်ခဲ့ရဖူးကြမှာ။ အနွေးဓာတ်ခံရှိတဲ့ အနီရောင်လိုမျိုး အရောင်တွေရဲ့ လှိုင်းအလျှားဟာ ရှည်ပါတယ် အအေးဓာတ်ခံရှိတဲ့ အပြာရောင်လိုမျိုးအရောင်တွေရဲ့ လှိုင်းအလျှား ကတိုပါတယ်။ ဘာလို့ပြောရလဲဆို အလင်းက လှိုင်းပုံစံ သွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ နေကလာတဲ့ အလင်းက ကမ္ဘာ့လေထု ကိုဖြတ်တဲ့အခါ နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင်တို့ကို ဖြတ်သန်းသွားရပါတယ်။ အဲ့ဒီအခါ အလင်းတွေပြန့်ကြဲသွားပါတယ်။ ထူးခြားချက်က လှိုင်းအလျှား ရှည်တဲ့အရောင်တွေဟာပြန့်ကြဲ မလွယ်ကြပဲနဲ့ လှိုင်းအလျှားတိုတဲ့ အပြာရောင်လေးတွေဟာ လွယ်လွယ်ကူကူပဲ ပြန့်ကြဲသွားပါတယ်။ဘလိုသဘောလဲ မရှင်းတဲ့သူများအတွက် ဥပမာ အောက်ကပုံအရ ကြိုးကို တချက်ခြင်း ညှင်ညှင်သာသာ အထက်အောက် ရမ်းတဲ့ အခါ တချက်ခြင်း အပေါ်ကပန်းသီး ကိုထိမှာဖြစ်ပီး အထက်အောက် ခပ်ကြမ်းကြမ်းလေး ရမ်းတဲ့အခါ လှိုင်းတွန့်တွေ ပိုများလာ ပိုစိပ် လာပီး အပေါ်က အသီးတောင် ကြွေသွားမှာ ဖြစ်ပါတယ်။ ကဲ ဒီနည်းနဲ့ သရက်သီးခူးနိုင်ပါပီ (ဟယ် အဟုတ်ဟ)ဒါ့ကြောင့် လှိုင်းအလျှားတိုတဲ့ အပြာရောင်တွေဟာ ကောင်းကင်မှာ အပြန့်ကြဲဆုံးအရောင်အဖြစ် ကျွန်တော်တို့မျက်လုံးတွေနဲ့ မြင်နေရတာဖြစ် ပါတယ်။

THIHA