ပန်းသီးကြွေကျတာကို အစွဲပြုပြီး ကမ္ဘာကျော်ဖော်မြူလာကို ရှာဖွေဖော်ထုတ်ခဲ့တဲ့ သိပ္ပံပညာရှင်ကြီး အိုင်စတိုင်းကို ဒီကမ္ဘာပေါ်မှာ မသိသူမရှိပါဘူး။ ဖြူဖွေးနေတဲ့ဆံပင်စုတ်ဖွားနဲ့သူ့ရဲ့ပုံစံ၊ သတင်းထောက်တွေကို လျှာထုတ်ပြနေတဲ့ သူ့ရဲ့ပုံရိပ်တွေက ဒီနေ့ဒီအချိန်အထိ ကမ္ဘာသူကမ္ဘာသားအားလုံးအတွက် အမှတ်တရအဖြစ်ရှိနေဆဲပါပဲ။ အဲ့ဒါကြောင့် ဒီနေ့မှာတော့အိုင်းစတိုင်းနဲ့ပတ်သက်လို့ ထူးထူးဆန်းဆန်းအကြောင်းအရာတွေကို ဗဟုသုတရစရာအဖြစ် တင်ဆက်ပေးလိုက်ရပါတယ်။
၁။ ခြေအိတ်မဝတ်ဆင်ခြင်း
ကိုယ်က ဘယ်လောက်ပဲစမတ်ကျတဲ့သူတစ်ယောက်ဖြစ်ပါစေ၊ ရှူးဖိနပ်စီးမယ်ဆိုရင်တော့ ခြေအိတ်ကိုမဖြစ်မနေ ဝတ်ဆင်သင့်တယ်လို့ဆိုကြပါတယ်။ ဒါပေမယ့် အောက်စဖို့ဒ်ကျောင်းသားကြီးတစ်ယောက်ဖြစ်ခဲ့တဲ့ အိုင်းစတိုင်းကတော့ ခြေအိတ်လုံးဝမဝတ်ဆင်ခဲ့တဲ့အကြောင်း သူ့သူငယ်ချင်းတွေဆီမှာ ဝန်ခံခဲ့ပါတယ်။ သူများနဲ့မတူ ထူးခြားဆန်းပြားတဲ့ ဒီပုဂ္ဂိုလ်ကြီးက ခြေအိတ်အရောင်နဲ့ အင်္ကျီ၊ ဘောင်းဘီအရောင်တွေလိုက်ဖက်လို့လည်း ဘယ်သူမှမြင်နိုင်မှာမဟုတ်ဘူးလို့ တွက်ဆခဲ့တဲ့ပုံပါပဲ။
၂။ စကားပြောနောက်ကျခဲ့သူ
အိုင်းစတိုင်းဟာ သူ့ရဲ့ငယ်ဘဝတည်းက ထူးခြားဆန်းပြားသူတစ်ယောက်ဖြစ်ခဲ့တယ်လို့ ဆိုရရင် လွန်မယ်မထင်ပါဘူး။ သူ့ရဲ့အထ္တုပတ္တိကို ရေးသားခဲ့တဲ့ စာရေးဆရာတစ်ဦးရဲ့ အဆိုအရ အိုင်းစတိုင်းတစ်ယောက် အသက် (၃) နှစ်အရွယ်လောက်အထိ စကားမပြောခဲ့ဘူးလို့ သိရပါတယ်။
၃။ တယောတီးရတာကို သဘောကျခဲ့သူ
အိုင်းစတိုင်းရဲ့အမေဖြစ်သူဟာ စန္ဒရားပညာရှင်တစ်ယောက်ဖြစ်ခဲ့တာကြောင့် သားဖြစ်သူကိုလည်း ဂီတပိုးသွင်းပေးဖို့ ရည်ရွယ်ခဲ့ပုံရပါတယ်။ အဲ့ဒါကြောင့်လည်း အမေဖြစ်သူက အိုင်းစတိုင်းကို အသက် (၅) နှစ်လောက်တည်းက တယောတီးသင်တန်းပို့ပေးခဲ့ပြီး စစချင်းမှာ အိုင်းစတိုင်းတစ်ယောက် သင်ခန်းစာတွေကို စိတ်မဝင်စားခဲ့ပေမယ့် Mozart ရဲ့တေးဂီတတွေကို နားထောင်ပြီးနောက်မှာတော့ တယောအပေါ်ချစ်မြတ်နိုးခဲ့ပြီး မကွယ်လွန်ခင် နှစ်အနည်းငယ်လောက်အထိ တယောကို စွဲစွဲလမ်းလမ်းတီးခဲ့တယ်လို့ သိရပါတယ်။
၄။ မူပိုင်ခွင့်ရုံးက အိုင်းစတိုင်းရဲ့ဘဝ
Zurich Polytechnic မှာ သင်ကြားရေးဒီပလိုမာဘွဲ့ရပြီးနောက်ပိုင်း အိုင်းစတိုင်းအနေနဲ့ ဆရာတစ်ယောက်ဖြစ်ဖို့ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီး (၂) နှစ်လောက်ကြာမှ မူပိုင်ခွင့်ရုံးမှာ မူပိုင်ခွင့်စစ်ဆေးသူတစ်ယောက်အဖြစ် အလုပ်ရရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီရုံးမှာ လျှပ်စစ်ဆိုင်ရာမူပိုင်ခွင့်တွေကို စစ်ဆေးခွင့်ရရှိခဲ့တာက အိုင်းစတိုင်းအတွက် အခွင့်အရေးကောင်းတစ်ရပ်ဖြစ်ခဲ့ပြီး နောင်တစ်ချိန်မှာ နာမည်ကျော်လာမယ့် သူ့ရဲ့သီအိုရီတွေအတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။
၅။ ရွက်လွှင့်ရတာကို သဘောကျသူ
ရွက်လွှင့်တဲ့နေရာမှာ မထူးချွန်သည့်တိုင် ရွက်လှေနဲ့ ရွက်လွှင့်ရတာကို သဘောကျတဲ့အိုင်းစတိုင်းရဲ့ စိတ်အားထက်သန်မှုကို ဘယ်သူမှမတားဆီးနိုင်ခဲ့ပါဘူး။ ဒါ့အပြင် အိုင်းစတိုင်းဟာ ရေလည်းမကူးတတ်ခဲ့ဘူးလို့ သိရပါတယ်။
၆။ သင်္ချာပညာရပ်မှာ ထူးချွန်ခဲ့သူ
အိုင်းစတိုင်းရဲ့ ကလေးဘဝပညာရေးနဲ့ပတ်သက်လို့ ယုံတမ်းစကားတွေ အများအပြားထွက်ပေါ်ခဲ့ပေမယ့် လုံးဝကိုလက်ခံထားရမယ့်အချက်တစ်ခုက အိုင်းစတိုင်းဟာ ငယ်စဉ်တည်းက ထူးချွန်ထက်မြက်ခဲ့တယ်ဆိုတာပါပဲ။ Zurich Polytechnic ဝင်ခွင့်မှာ ကျရှုံးခဲ့ဖူးတယ်ဆိုပေမယ့် ပြင်သစ်ဘာသာစကား အခက်အခဲကြောင့်သာဖြစ်ပြီး သင်္ချာညံ့လို့မဟုတ်ခဲ့ပါဘူး။
၇။ ကွယ်လွန်ပြီးမှ ဦးနှောက်အခိုးခံရခြင်း
အိုင်းစတိုင်းရဲ့အလောင်းကို ခွဲစိတ်ခဲ့တဲ့ ရောဂါဗေဒပညာရှင် သောမတ်စ်ဟာဗေးဟာ အိုင်းစတိုင်းရဲ့အလောင်းကနေ ဦးနှောက်ကိုခွင့်ပြုချက်မရှိဘဲ ခိုးယူသွားခဲ့တာကြောင့်အလုပ်ပြုတ်ခဲ့ပြီး နောက်ပိုင်းမှာလည်း ဆေးဝါးလိုင်စင်ပိတ်သိမ်းခံခဲ့ရပါတယ်။
#HM
#LifeStyleMyanmar
Source: chattyfeet, ansnuclearcafe