
ကမ္ဘာ့အသိအမှတ်ပြု သမိုင်းဝင်အထင်ကရမြို့တော်ဖြစ်တဲ့အီဂျစ်နိုင်ငံ ဂီဇာကအထွဋ်အမြတ်ထားရာ ပိရမစ်ထိပ်ဖျားသို့ ရောက်အောင် တက်ခဲ့ပြီး ကိုယ်လုံးတီးချွတ်နဲ့ မဖွယ်မရာ ပုံတွေရုပ်သံတွေ ရိုက်ကူးပြီးအွန်လိုင်းပေါ် တင်ခဲ့တဲ့ စုံတွဲတတွဲကိုအီဂျစ်အာဏာပိုင်တွေကအရေးယူဖို့ စုံစမ်းရှာဖွေနေကြပါတယ်။
ဒီဇင်ဘာလ ၇ ရက်နေ့ကအွန်လိုင်းပေါ်ပျံ့နှံ့ခဲ့သောအဆိုပါရုပ်သံအတွက်အီဂျစ်နိုင်ငံ ရှေးဟောင်းဝန်ကြီးဌါနမှ ဝန်ကြီး Khaled El-Anany ကိုယ်တိုင် သောကြာနေ့ကအမှုဖွင့်လိုက်တာဖြစ်ပါတယ်။
ရုပ်သံမှာ ဒိန်းမတ် ဓါတ်ပုံဆရာ Andreas Hvid နဲ့ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးသည့်အမျိုးသမီးတစ်ဦး ပါဝင်ပြီး ဒီဇင်ဘာ ၅ ရက်နေ့က ယူကျူ့မှာ တင်ခဲ့တာဖြစ်ပါတယ်။
အီဂျစ်မှာ ပိရမစ်တွေပေါ်ကို တက်ရောက်ခွင့် ပိတ်ပင်ထားပြီး တွေ့ရှိပါက ဥပဒေအရအရေးယူအပြစ်ပေးနိုင်ပါတယ်။အဆိုပါ ရုပ်သံမှာတော့ စုံတွဲနှစ်ယောက်ဟာ ပိရမစ်ထိပ်ရောက်အောင် တွယ်တက်ခဲ့ပြီးအပေါ်အရောက်မှာတော့ ကိုယ်လုံးတီးချွတ် ပုံတွေ ရိုက်ခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ဒီလိုကိုယ်လုံးတီး ရိုက်ဖို့အတွက် ရည်ရွယ်ခဲ့လား ဆိုတာကို စုံစမ်းနေဆဲဖြစ်ပါတယ်။
ဒီပုံတွေကို ယခုနှစ် နိုဝင်ဘာလထဲမှာ ရိုက်ခဲ့တာဖြစ်ပြီး
က သူ့ရဲ့ကိုယ်ပိုင် ဘလောက်ခ့်စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။ ဒါ့အပြင်အခုလို ပိရမစ်ပေါ်တက်ပြီး တိုယ်လုံးတီးပုံရိုက်ဖို့ဆိုတာ သူ့ရဲ့ နှစ်ရှည်လများ မျှော်မှန်းခဲ့တဲ့အိမ်မက်ဖြစ်တယ်လို့ သေကြာနေ့က ပြောကြားခဲ့ပါတယ်။
သူဟာ ဒီပုံတွေကို ရိုက်ဖို့ ကနဦးမှာ နော်ဝေနိုင်ငံက သူငယ်ချင်းတွေနဲ့ စီစဉ်ထားပြီး ကံမကောင်းစွာနဲ့ သူ့သူငယ်ချင်းတွေအဖမ်းခံခဲ့ရပြီး ပြည်နှင်ဒဏ်ပေးခံခဲ့ရပါတယ်။ ဒါကြောင့်အဲဒီနေရာမှာ ဒိန်းမတ်မော်ဒယ်လ်နဲ့အစားထိုးခဲ့တာဖြစ်ပြီး သူတို့နှစ်ဦး ကိုယ်လုံးတီးပုံ ဓါတ်ပုံရိုက်တာကလွဲရင် ပိရမစ်ပေါ်မှာ ဘာမှမဖြစ်ခဲ့ကြဘူးလို့လည်း ရှင်းလင်းထားပါတယ်။