
ဇူလိုင် ၂၀
ဘော်ဒါဆောင်များအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးရန် ကျူရှင်ဆရာ/ဆရာမများ ၊ကိုယ်ပိုင်ကျောင်း ကိုယ်စားလှယ်များက ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့အင်းဝအိမ်ရာ KMK Myanmar Education Channel ရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ တောင်းဆိုခဲ့ကြသည်။
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ
ရန်ကုန်တိုင်းကျူရှင်ဆရာများအသင်း၏ နာယကဂုဏ်ထူးဦးသိန်းနိုင်က“ကျူရှင်ကျောင်းတွေမှာနေကြရတဲ့ကျောင်းသူကျောင်းသားတွေဟာ ကိုယ်ပိုင်အထက်တန်းကျောင်းမှာနေရတဲ့ကျောင်းသူကျောင်းသားတွေထက် အဆတစ်ရာလောက်များပါတယ်။လူဦးရေအများကြီးပါ။ ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ထောင်ကျော်ရှိပါတယ်။ တစ်ထောင်ကျော်မှာရှိတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတွေထက်ပိုများပါတယ်။အစီရင်ခံတာပါ။ မေတ္တာ ရပ်ခံတာပါ။ “ ဟု ပြောသည်။
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ
ဇူလိုင်လ ၂၁ ရက်နေ့တွင် အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် သင်ရိုးသစ် Grade 10 နှင့် Grade 11 အတန်းများအားပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။ COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ဘောဒါဆောင်တွေ၊ဘောဒါဆောင်များနှင့်တွဲဖွင့်ထားသည့်ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘာသာရပ်သင် ကိုယ်ပိုင်ကျောင်းများအား ဖွင့်လှစ်ခွင့်မပြုသေးကြောင်းကို ဇူလိုင်လ ၁၄ ရက် နေ့က ကြေငြာထားပါတယ်။
ဘော်ဒါဆောင်များပြန်လည်ဖွင့်လှစ်ခွင့်ရရှိရေးအတွက် ဘော်ဒါဆောင်တည်ထောင်သူများ၊ကိုယ်ပိုင်ကျောင်းကိုယ်စားလှယ်များ၊ဘာသာရပ်သင်တန်းကိုယ်စားလှယ်များနှင့် ဆရာအဖွဲ့အသီးသီးမှကိုယ်စားလှယ်များက ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပေမယ့်ခွင့်ပြုမိန့်မရတာကြောင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာမေတ္တာရပ်ခံခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး ဘာသာရပ်သင်အဖွဲ့ မှ ဦးအောင်မျိုးမင်းဦးက“ဘာသာရပ်သင် သင်တန်းတစ်ခုအနေနဲ့ ဘက၊ကိုယ်ပိုင်ကျောင်း၊အစိုးရကျောင်းညီနောင်တွေကို ကျနော်တို့ပဲကျန်နေခဲ့တဲ့အပေါ် ဒါမမျှတဘူးလို့ ယူဆပါတယ်''ဟုပြောသည်။
''ဖြေလျော့မှုတွေမှာပါချင်ပါတယ်။ မိမိတို့တိုင်းဒေသကြီးအစိုးရရဲ့လက်အောက်မှာ အတူတကွပူးပေါင်းဆောင်ရွက်ပြီး ကျန်မာရေးနဲ့ညီညွှတ်အောင်ကျောင်းတွေဖွင့်လှစ်ကြမယ်ဆို ကူးစက်မှုက ယခုထက် ပိုပြီးဖြစ်လာနိုင် စရာအကြောင်း မရှိဘူး မြင်ပါတယ် “ ဟုဆက်ပြောသည်။
ဇူလိုင်လ ၂၁ ရက်နေ့မှာတော့ အစိုးရအထက်တန်းကျောင်းပေါင်း ၆၀၀၀ နီးပါးပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကိုယ်ပိုင်ကျောင်းပေါင်း ၁၂၀၀ ကျော်ရှိကြောင်းသိရသည်။