ချစ်ရတဲ့ဖေဖေနဲ့ သူမတို့ညီအစ်မရဲ့အမှတ်တရပုံလေးတွေကိုတင်ပြီး မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာတဲ့ ချောရတနာ
mmload.com
|
2020-09-11



သရုပ်ဆောင်မင်းသမီးလေး ချောရတနာကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာ ရိုက်ကူးခဲ့တဲ့ ပရိသတ်အချစ်တော်လေး ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ချောရတနာက အိမ်ထောင်ကျပြီး သားတစ်ယောက်၊ သမီးတစ်ယောက် ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ကလေးနှစ်ယောက်မေမေဖြစ်ပေမယ့်လည်း အခုချိန်အထိ လှနေဆဲဖြစ်တဲ့ ချောရတနာက အနုပညာလှုပ်ရှားမှုတွေကိုလည်း အနည်းငယ်လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။

မကြာသေးခင်ကလည်း ချောရတနာက ဒီဇိုင်နာမျိုးမင်းစိုးရဲ့ " ရွှေမျိုး Collection " အတွက် ကြော်ငြာလေးတစ်ခုကို ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ် ။လတ်တလောမှာတော့ ချောရတနာက သားနဲ့သမီးကိုပြုစုစောင့်ရှောက်ရင်း အိမ်မှာပဲ အေးအေးချမ်းချမ်းနေထိုင်နေတာ ဖြစ်ပါတယ် ။ မိသားစုကိုတန်ဖိုးထားတတ်တဲ့ ချောရတနာက အခုလည်း ချစ်ရတဲ့ဖေဖေအတွက် မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ် ။

ဒီနေ့စက်တင်ဘာလ (၁၁) ရက်နေ့လေးကတော့ ဖခင်ဖြစ်သူရဲ့မွေးနေ့ရက်မြတ်လေးဖြစ်တာကြောင့် သမီးကြီးချောရတနာက "Happy birthday Par Dady Father ဒီနေ့မို့ထူးပြီးမဆုတောင်းတော့ဘူး နေ့တိုင်း ဆုတောင်းပေးနေတာနော် " ဆိုပြီး ရေးသားမျှဝေထားတာ ဖြစ်ပါတယ် ။ ချောရတနာက မွေးနေ့ဆုတောင်းစကားလေးနဲ့အတူ အမှတ်တရပုံလေးတွေကိုပါ တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ချောရတနာတို့သားအဖရဲ့ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။




Some text some message..