ပရိသတ်ကြီးရေ မနေ့က စက်တင်ဘာလ (၁၃)ရက်နေ့ကတော့ ပရိသတ်တွေရဲ့အချစ်တော် အဆိုဆော် သရုပ်ဆောင် ဒါရိုက်တာ ယုန်လေးရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ ယုန်လေးကတော့ မနေ့က မွေးနေ့ရက်မြတ်လေးမှာ နှစ်စဉ်နှစ်တိုင်းသူပြုလုပ်နေကျဖြစ်တဲ့ ဘာသာကြီး (၄)မျိုးအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။
ယုန်လေးက ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ စတဲ့ ဘာသာ(၄)မျိုးတို့ရဲ့ဘာသာရေးဆိုင်ရာ ဘုန်းကြီးကျောင်း၊ Church၊ ဟိန္ဒူ ဘုရားကျောင်း၊ ဗလီ တို့မှာ လိုအပ်တာတွေအသုံးပြုဖို့တတ်နိုင်သလောက်ပါဝင်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီအလှူလေးအပြင် ငှက်လွှတ်၊ ငါးစာ ခိုစာကျွေး စတဲ့ အလှူတွေကိုလည်း ပြုလုပ်လှူဒါန်းခဲ့ပါသေးတယ်။
ယုန်လေးကတော့ အခုလို သူ့ရဲ့မွေးနေ့မှာ အလှူအတန်းတွေပြုလုပ်ခဲ့ရတဲ့အတွက် ကြည်နူးပီတိဖြစ်နေကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးရေ ယုန်လေးကတော့ အခုပြုလုပ်ရတဲ့ အလှူလေးရဲ့အဖို့ဘာဂကို Covid ကပ်ရောဂါကြီးကိုအမြန်ဆုံးကျော်လွှာနိုင်စေဖို့လည်း တောင်းဆုပြုထားပါသေးတယ်။
Chilli – CeleZone
Source – Yone Lay