Lee Hyo-Ri အင်စတာဂရမ် လုံးဝမသုံးတော့တဲ့ အကြောင်းရင်း
mmtimes.com
|
2020-09-20



Lee Hyo-Ri အင်စတာဂရမ် လုံးဝမသုံးတော့တဲ့ အကြောင်းရင်း

အဆိုတော်Lee Hyo-Ri က အင်စတာဂရမ်အကောင့် ဖျက်ခဲ့ရတဲ့အကြောင်းရင်းကို FACE ID ဆိုတဲ့အစီအစဉ်မှာ ဖွင့်ဟခဲ့ပါတယ်။

အဓိကအကြောင်းရင်းကတော့ သူမဟာ အင်စတာဂရမ်သုံးတာကို အချိန်အများကြီးပေးမိနေ တာကြောင့်လို့ ဆိုပါတယ်။

အင်စတာဂရမ်ကို အဆက် မပြတ်သုံးမိနေပြီး တစ်ခါသုံးရင် တစ်နာရီ၊ နှစ်နာရီ လောက် တောက်လျှောက်သုံးဖြစ်နေတယ်လို့ သူမက ပြောပါတယ်။

နောက်ထပ်အကြောင်းပြချက်တစ်ခု ကတော့ သူမရဲ့ ကြောင်လေးပဲဖြစ်ပါတယ်။Lee Hyo-Ri အင်စတာဂရမ်သုံးနေချိန်မှာ သူမရဲ့ ကြောင်လေးက အဖော်မရှိဘဲ အထီးကျန်ပြီး သူမကိုစိုက်ကြည့်နေတာက သူမအတွက် စိတ် မသက်မသာဖြစ်ရတယ်လို့ ပြောပါတယ်။

နောက်ဆုံးအချက်ကတော့ လူအတော်များ များက အင်စတာဂရမ်ကနေတစ်ဆင့် သူမဆီက နေ ပိုက်ဆံလှမ်းချေးကြတာကြောင့်လို့ ဆိုပါတယ်။ ငွေကြေးအကူအညီတောင်းသူတွေက များလွန်းတာ ကြောင့် သူမအနေနဲ့ အကူအညီပေးဖို့မတတ်နိုင်ဘူးလို့ Lee Hyo-Ri က ဆိုပါတယ်။

အများထင်နေကြသလို ဝေဖန်ရေးသားကြတဲ့ Jh Comment တွေကြောင့် အင်စတာ ဂရမ်ကို အပြီးဖျက်သိမ်းလိုက်တာမဟုတ်ကြောင်း Lee Hyo-Ri က ရှင်းပြခဲ့ပါတယ်။




Some text some message..