စက်တင်ဘာ ၃၀
ယနေ့နံနက်ပိုင်းတွင် ခေတ်သစ်ဖောင်ဒေးရှင်းနှင့် Clean Yangon တို့ပူးပေါင်းကာ ရန်ကုန်မြို့တွင်းရှိ သီလရှင်စာသင်တိုက် များကို ဆန်အပါအဝင်စားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
သီလရှင်များဆရာကြီး/ဆရာလေးများအနေဖြင့် COVID-19 ကာလအတွင်း ဆွမ်းဆန်ခံခြင်းမပြုလုပ်ရသဖြင့် ဆွမ်းဆန်အခက်အခဲဖြစ်ပေါ်နေခြင်းတို့ကြောင့် အဆိုပါ အခက်အခဲကို ပြေလည်စေဖို့အတွက် ခေတ်သစ်ဖောင်ဒေးရှင်းနှင့် Clean Yangon တို့ပူးပေါင်းလှူဒါန်းမည့် ရန်ကုန်မြို့တွင်းရှိ သီလရှင်စာသင်တိုက် (၂၅) တိုက် ကို ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်အဖြူ/အနီ၊ ကြက်ဥ၊ ငပိကြော်၊ မုန့်မျိုးစုံ နှင့် Mask များအား သွား လှူဒါန်းသွားမှာဖြစ်ပါတယ်။
ယနေ့နံနက်ပိုင်းတွင် မြိုင်သီလ ရှင်ကျောင်း၊ ကမ်းဇေယျာ သီလရှင်စာသင်တိုက်၊ ရွှေရတနာ သီလရှင်စာသင်တိုက် ၊ဓမ္မမဟေသီရွှေနံ့သာ သီလရှင်စာသင်တိုက်၊ ခေမာရာမ သီလရှင်စာသင်တိုက် ၊ ကေသာရာတီ သီလရှင်ကျောင်း နှင့် ရွှေစင်ရတနာ စာသင်တိုက် အား တစ်ကျောင်းလျှင်ကာလတန်ဖိုး (၃) သိန်းကျော်တန်ဖိုးရှိဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်အဖြူ/အနီ၊ ကြက်ဥ၊ ငပိကြော်၊ မုန့်မျိုးစုံ နှင့် Mask များအား သွားရောက်ပို့ဆောင် လှူဒါန်းခဲ့ကြောင်းသိရပါတယ်။
TNO