သပြေသီးကောက်
sayar.com.mm
|
2020-10-05

ဆရာမင်းသုဝဏ်ရဲ့ ကဗျာလေးတစ်ပုဒ်ကို အတူတူ ဆိုကြပါစို့။ ဟိုး ငယ်စဉ်ကလေးဘဝထဲက ရင်းနှီးပြီးသားဖြစ်တဲ့ "သပြေသီးကောက်" ဆိုတဲ့ကဗျာလေးပါ။ သူငယ်ချင်းတွေနဲ့အတူတူ အော်ဆိုခဲ့တဲ့ ဟိုးအရင်အချိန်တွေကိ ပြန်လည်သတိရရင်း ဒီကဗျာလေးကို အင်္ဂလိပ်-မြန်မာ (၂)ဘာသာနဲ့ ရေးသားထားတာကို အတူတူ ဆိုကြမယ်နော်။

သပြေသီးကောက်

ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့် ကောက်စို့ကွယ်။

ခရာဆူးချုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်။

မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့
မြွေနဂါးတောင် ကြောက်ဘူးကွယ်။

တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်။

သွားကွယ်၊ သွားကွယ်။

မင်းသုဝဏ် (11.6.1931)

Rose-Apple Gatherers

July, August-rain and flood-
Let's go pick the ripe rose-apple.

Hi! Take care! In thorns and mud,
That's where big, black leeches grapple.

Leeches? Pah! The hornless thing!
I'll fight snakes or serpent-kings.

Who's afraid? Let's all go now.
I'll just leave my coconut cow.

Come on! Come on!

(G.H Luce)

Some text some message..