၂ဝ၁၉ ခုနှစ် အမျိုးသားစာပေဆုရရှိသူများစာရင်း ထုတ်ပြန်
mmtimes.com
|
2020-12-05
၂ဝ၁၉ ခုနှစ် အမျိုးသားစာပေဆုရရှိသူများစာရင်း ထုတ်ပြန်

၂ဝ၁၉ ခုနှစ်အတွက် အမျိုးသားစာပေဆုရရှိသူများအား ဒီဇင်ဘာ ၄ ရက်ညပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

တစ်သက်တာစာပေဆုရှင် (စာရေးဆရာ) ဦးအံ့မောင်(အံ့မောင်)နှင့်တစ်သက်တာစာပေဆုရှင် (ပညာရှင်)ဦးမောင်မောင်ညွန့်(မောင်မောင်ညွန့်မန်းတက္ကသိုလ်)တို့အားချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ဝတ္ထုရှည်ဆုတွင် ငါးဖမ်းသမားစာအုပ်ဖြင့် မိုးကျော်ဇင်၊ ဝတ္ထုတိုဆုတွင် လမ်းဆုံးတော့ရွာမဂ္ဂဇင်းဝတ္ထုရှည်စာအုပ်ဖြင့် နတ်မောက်အနီချို၊ ကဗျာဆုတွင် ခရုပစ်လောင်ချာစာအုပ်ဖြင့် ပန်ဒိုရာ၊ စာပဒေသာဆုတွင်နှင်းတောင်တန်းက ပန်းဥယျာဉ်ဖြင့်ဉာဏ်ဝေ(မြစ်သာမြေ)၊ ဘာသာပြန်(သုတ)ဆုတွင် ဂျာဝါဟားလားနေရူး၏လျှပ်တစ်ပြက် ကမ္ဘာ့သမိုင်းစာအုပ်ဖြင့်ဘိုးလှိုင်၊ ဘာသာပြန် (ရသ)ဆုတွင်ဝါဆောက ရုပ်သေးဆရာလေး စာအုပ်ဖြင့် စိန်ဝင်းစိန်၊ သုတပဒေသာ (ဝိဇ္ဇာ)ဆုတွင်၂ဝ ရာစု မြန်မာကဗျာများပြောင်းလဲဖြစ်တည်လာပုံ စာအုပ်ဖြင့်ဒေါက်တာနိုင်ဇော်၊ သုတပဒေသာ(အသုံးချသိပ္ပံ)ဆုတွင် ကင်ဆာရောဂါနှင့် မြန်မာ့အစားအစာ စာအုပ်ဖြင့်ဒေါက်တာလှကြည် (အာဟာရဆရာကြီး)၊ နိုင်ငံရေးစာပေဆုကို မြန်မာ့နိုင်ငံခြားဆက်ဆံရေးများစာအုပ်ဖြင့် ဆင်ဖြူကျွန်းသန်းထွန်း၊ ရသစာတမ်း (အက်ဆေး)ဆုကို ဘုရားသခင်နဲ့ ကြွေအန်ကစားသူများ အက်ဆေးစုစည်းမှုစာအုပ်ဖြင့်မောင်ခိုင်လတ်တို့က ရရှိခဲ့ကြသည်။

အလားတူ ၂ဝ၁၉ ခုနှစ်အတွက်စာပေဗိမာန် စာပေဆုရစာရင်းအားကြေညာခဲ့ရာ ဝတ္ထုရှည်ပထမဆုကိုနွေကံ့ကော် (မြို့လှ)၏ မော်စကိုမှာဝေတဲ့နှင်း၊ ဝတ္ထုတိုပေါင်းချုပ်ဆုတွင်ပထမဆုအား နန္ဒာခင်(သက္ကလမြေ)၏အဖေ့ခြံနှင့် အခြားရသဝတ္ထုတိုပေါင်းချုပ်၊ကဗျာ့ပေါင်းချုပ်ဆုတွင် ပထမဆုအားယဉ်ယဉ်(မင်းကန်)၏ မနွမ်းပန်းကဗျာများ၊ သုတပဒေသာ(ဝိဇ္ဇာ)ဆုတွင် ပထမဆုအား ရဲမင်းထက် (မြန်မာစာ)၏ ဇာတကနောက်ခံ ရခိုင်သာခြင်းများ၏ အပြောက်အမွမ်း၊ သုတပဒေသာ(ရိုးရိုးသိပ္ပံနှင့် အသုံးချသိပ္ပံ)ဆုတွင်ပထမဆုကို ဒေါက်တာ ဆုမွန်လွင်၏ကြောင်ချစ်သူများသိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ၊ စာပဒေသာဆုတွင် ပထမဆုကို ဦးရဲဒွေး၏ ရုပ်သေးသဘင်သုံးဇာတ်စာဇာတ်စကားများ၊ မြန်မာ့ယာဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုတွင် ပထမဆုကို လွင်မြန်မာ(မန်းတက္ကသိုလ်)၏ မြန်မာ့ရွှေချည်ထိုး၊ကလေးစာပေဆုတွင် ပထမဆုကိုကန့်ဘလူခင်မောင်ဆွေ၏ စက္ကူကျားနှင့်ရွှံ့ရုပ်နွား ကလေးကဗျာများ၊ လူငယ်စာပေဆုတွင် ပထမဆုကို ရန်ကုန်ဌေးဇော်၏ အသက်ရှည်ပါရေ၊ နိုင်ငံရေးစာပေဆုတွင် ဒုတိယဆုကို ဇွဲသန်းသျှင်း(သုံးဆယ်)၏ ကချင်ပြည်နယ်တိုင်းရင်းသားများ၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းစာမူ၊ ပြဇာတ်စာပေဆုတွင် ဒုတိယဆုကို မောင်မြေနီ (တမာတော)၏ တစ်နေ့နေ့ထဲက တစ်နေ့၊ဘာသာပြန်စာပေ(သုတ)ဆုတွင် ပထမဆုကို ဒီပံလင်း၏ နောက်ဆုံးကျန်သောရေတစ်စက်-ရေနိုင်ငံရေး၊ ဘာသာပြန်စာပေ(ရသ)ဆုတွင် ပထမဆုအားဇော်ဦးငြိမ်း၏ ဗွီအက်(စ်) နိုင်ပေါလ်စိတ်ကူးရောင်စုံဝတ္ထုများစုစည်းမှု စာမူစသည့် ဆုရရှိသူများအပြင် အခြားသောဆုရရှိသူများ၏ စာရင်းအား ထုတ်ပြန်ကြေညာခဲ့သည်။




Some text some message..