“သနားပါတယ်” ဆိုတဲ့အစား “ မင်းလည်းလုပ်နိုင်တယ်” ဆိုပြီး အမြင်လေးတွေ ပြောင်းကြည့်ရအောင်။
"ဟယ် ဟိုကလေးလေးက စကားမပြောတတ်ဘူး။ သနားစရာလေးနော်။"
"သူကတော့ ခြေထောက်မသန်ဘူးလေ။ ကလေးဖြစ်ပြီး သူဘယ်လောက်ဝမ်းနည်းနေလိမ့်မလဲ။ သနားစရာကောင်းလိုက်တာ" စသဖြင့် မပြည့်စုံတဲ့ လူသားတော်တော်များများ ကို တွေ့ကြတဲ့အခါ ဒီလိုဒီပုံ သနားဂရုဏာသက်ကြပါတယ်။
လောကမှာ ဘယ်သူကမှ အရာရာပြည့်စုံနေတယ်ဆိုတာ မရှိကြပါဘူး။ မပြည့်စုံလို့ သနားကြေးဆို ကမ္ဘာကြီးတည်ရှိနေတာကတောင် သနားစရာဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ကျေးဇူးပြုပြီး မသနားကြပါနဲ့။
ဘာကြောင့်မသနားပါနဲ့ လို့ပြောရလည်းဆိုတာကို ဖတ်ဖူးတဲ့စာတစ်ပုဒ်နဲ့ သာဓကပြပါရစေ။
တစ်ခါက စတိုးဆိုင်ပိုင်ရှင်တစ်ယောက်က ဆိုင်ဝမှာ ဆိုင်းဘုတ်အသစ်တစ်ခုချိတ်တယ်တဲ့။ “ခွေးပေါက်လေးများရောင်းရန်ရှိသည်” ဆိုတဲ့ဆိုင်းဘုတ်လေးပေါ့။ ဒါနဲ့ ကလေးတစ်ယောက်က အဲ့ကြော်ငြာဆိုင်းဘုတ်လေးတွေ့တော့ ခွေးလေးလိုချင်တာနဲ့ ဆိုင်ထဲဝင်လာပြီး “ခွေးလေးတစ်ကောင်ဘယ်လောက်လဲဗျ”ဆိုပြီး မေးတယ်တဲ့။ ဆိုင်ရှင်က “ဒေါ်လာ၃၀ က ၅၀ ထိ အစားစားရှိပါတယ်” လို့ ပြန်ဖြေတယ်တဲ့။
ကာင်လေးက သူ့အိတ်ထဲက အကြွေတွေိကို ထုတ်ပြီး “ကျွန်တော့်မှာ ၂ဒေါ်လာနဲ့ ၃၇ဆင့် ရှိပါတယ်။ ခွေးလေးတွေ ကျွန်တော်ကြည့်လို့ရမလား” လို့ ခွင့်တောင်းတော့ ဆိုင်ရှင်က လေချွန်လိုက်ပါတယ်။
အဲ့အခါ ခွေးမကြီးတစ်ကောင် ပြေးထွက်လာပြီး သူ့နောက်မှာ ခွေးပေါက်လေး ငါးကောင် တန်းစီလိုက်လာတာပေါ့။ ဒါပေမဲ့ နောက်ဆုံးက ခွေးပေါက်လေးကတော့ ထော့နဲ့ထော့နဲ့ နဲ့ နောက်ဆုံးလှမ်းလှမ်းကနေ လိုက်လာတယ်တဲ့။ အဲ့အခါ ကောင်လေးကစိတ်ဝင်စားသွားပြီး “ဘာကြောင့် အဲ့ခွေးလေးက ဒီလိုဖြစ်နေတာလဲ” လို့မေးသတဲ့။
“ခွေးလေးက မွေးရာပါ တင်ပဆုံမပါလို့ ခြေထောက်ထော့နဲ့နဲ့ဖြစ်နေကြောင်း ပြောပြတော့ ကောင်လေးက “ အဲ့ခွေးလေး ကျွန်တော့်ကိုရောင်းဗျာ” လို့ ဆိုသတဲ့။ ဆိုင်ရှင်က “ဟာ မဝယ်ပါနဲ့ မင်းလိုချင်ရင် ငါအလကားပေးပါ့မယ်” လို့ပြောတော့ ကောင်လေးက “ဘယ်ဟုတ်မလဲ။ အလကားပေးတာကျွန်တော်မယူဘူး။ ဒီခွေးလေးကလည်း တခြားခွေးလိုပဲ တန်ဖိုးရှိတယ်။ ကျွန်တော်တပြားသားမှမလျော့ဘဲ ဝယ်မယ်” လို့ စကားသံမာမာနဲ့ပြောသတဲ့။
အဲ့အခါ ဆိုင်ရှင်က “မင်းစိတ်ပျက်သွားလိမ့်မယ်။ ဒီခွေးလေးက မင်းနဲ့ ပြေးတိုင်းလိုက်တိုင်းဆော့နိုင်မှာမဟုတ်ဘူး” လို့ ဆိုတော့ ကောင်လေးက သူ့ရဲ့ခြေထောက်လေးကိုလှန်ပြလိုက်ပြီး “ကျွန်တော်လည်း မပြေးနိုင်ပါဘူး” လို့ ဆိုသတဲ့။ ကောင်လေးရဲ့ ဘယ်ဘက်ခြေထောက်က ဆိုးဆိုးဝါးဝါးသိမ်ခွေနေတာပါတဲ့။
ဒီ ဆောင်းပါးလေးက ဆရာဖေမြင့်ရဲ့ နှလုံးသားအာဟာရစာအုပ်ထဲက ကောက်နှုတ်ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာလည်း ဒီလို လွဲမှားတဲ့ "သနားခြင်း" တွေ အများကြီးရှိပါတယ်။
အထူးသဖြင့် ကိုယ်လက်အင်္ဂါချို့တဲ့သူ တွေကိုဆို ပိုလို့သနားတတ်ကြပါတယ်။ ဒါပေမယ့် သနားတယ် ဆိုတဲ့ အသုံးအနှုန်းက တစ်ဖက်သားရဲ့ ချို့တဲ့မှုကို အားနည်းချက်တစ်ခုအဖြစ် သတ်မှတ်လိုက်ရာရောက်ပါတယ်။ ဒါကြောင့် “မသနားကြပါနဲ့။ ကိုယ်ချင်းစာရင်ရပါပြီ။”
အထက်ကပြောခဲ့သလိုပဲ။ ပြည့်စုံတဲ့လူရယ်လို့ မရှိတဲ့အတွက် ချို့တဲ့နေတဲ့ လူတွေဟာလည်း လူထဲကလူပါပဲ။ လူတစ်ယောက်ရဲ့ တန်ဖိုးက သူ့ရဲ့အရည်အချင်းသာဖြစ်တာမလို့ တစ်ပါးသူရဲ့ ရုပ်ပိုင်းဆိုင်ရာမပြည့်ဝမှုပေါ်မှာ “သနားပါတယ်” ဆိုပြီး ပယ်ထားမဲ့အစား “ မင်းလည်းလုပ်နိုင်တယ်” ဆိုပြီး လက်တွဲခေါ်ယူကြရအောင်။
ဆရာဖေမြင့်ရဲ့ နှလုံးသားအာဟာရစာအုပ်လေးတွေကို ဖတ်ချင်ရင်တော့ ဒီ Link တွေကနေတစ်ဆင့် ဖတ်ရှုခံစားနိုင်ပါတယ်။
>>> ၁။နှလုံးသားအာဟာရ ရသစာစုများ (၁) -
https://www.mediafire.com/download/odfz96g2z4z8wis
>>> ၂။နှလုံးသားအာဟာရ ရသစာစုများ (၂) -
https://www.mediafire.com/download/grcp3ffiqlin52g
>>> ၃။နှလုံးသားအာဟာရ ရသစာစုများ (၃) -
https://www.mediafire.com/download/dpw69e4p7zojdgp

>>> ၁။နွလုံးသားအာဟာရ ရသစာစုမာ်း (၁) -
https://www.mediafire.com/download/odfz96g2z4z8wis
>>> ၂။နွလုံးသားအာဟာရ ရသစာစုမာ်း (၂) -
https://www.mediafire.com/download/grcp3ffiqlin52g
>>> ၃။နွလုံးသားအာဟာရ ရသစာစုမာ်း (၃) -