Standard Operating Procedures (SOP)
SOP ဆိုတာ လုပ်ငန်းတွေအတွက် အရေးကြီးတဲ့လိုအပ်ချက်တစ်ခုပါ။ SOP ကို လုပ်ငန်းဆောင်ရွက်တဲ့အခါ လိုအပ်တဲ့ အဆင့်ဆင့်သတ်မှတ်ချက်တွေကို စနစ်တကျဖော်ပြခြင်းလို့လည်း မှတ်ယူနိုင်ပါတယ်။
Standard ဆိုတာ စံသတ်မှတ်ချက်ဖြစ်ပြီးတော့ Operating ဆိုတာ လုပ်ငန်းဆောင်ရွက်ခြင်း ကို ဆိုလိုပါတယ်။
လုပ်ငန်းလုပ်ဆောင်ပုံအဆင့်ဆင့် (Process ) တွေကို စံနှုန်းတစ်ခုအနေနဲ့ သတ်မှတ်ပြီး စုပေါင်းထားတာကို Procedures လို့သတ်မှတ်ပါတယ်။
Procedures တွေကို စုပေါင်း သတ်မှတ်ထားပြီး သွားချင်တဲ့ အဖွဲ့အစည်းရဲ့ လမ်းကြောင်းကို ပုံဖော်ဆောင်ရွက်ဖို့ ရေးဆွဲခြင်း ကတော့ Policy ပါ။ ဒီတော့ Standard Operating Procedures ဆိုတာ လုပ်ငန်းဆောင်ရွက်ခြင်းကို စံချိန်စံနှုန်းနဲ့အညီ သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ် လို့မှတ်ယူနိုင်ပါတယ်။
လုပ်ငန်းအဖွဲ့အစည်းတစ်ခုနဲ့တစ်ခု SOP သတ်မှတ်ပုံချင်းမတူညီနိုင်ကြပါဘူး။
SOP ကို ဘာကြောင့်ဆွဲသလဲ?
လုပ်ငန်းအဖွဲ့အစည်းတစ်ခုက ဆောင်ရွက်ချက်တစ်ခု ၊ လုပ်ဆောင်ချက်တစ်ခုကိုစတင်ဆောင်ရွက်တဲ့အခါ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းဖြစ်စေ ၊ အများစုဖြစ်စေ ဆောင်ရွက်ရတာရှိပါတယ်။ ဒါကို အားလုံးတစ်ပြေးညီဆောင်ရွက်နိုင်အောင် ၊ နောက်လူရောက်လာရင်ပဲဖြစ်ဖြစ် အစားထိုးလုပ်ဆောင်ရတာပဲဖြစ်ဖြစ် ပုံစံတစ်ခုတည်းဆောင်ရွက်နိုင်အောင် သတ်မှတ်ထားတာပါ။ စနစ်တစ်ခုကို တစ်သားတည်း ဘောင်ဝင်သွားအောင် သတ်မှတ်ခြင်းမျိုးပါ။
အချိန်ကုန်သက်သာပြီး လွယ်ကူလျင်မြန်စေမယ့် လုပ်ငန်းဆောင်ရွက်ချက်တွေ လိုချင်တာကြောင့် SOP ကို ရေးဆွဲကြတာဖြစ်ပါတယ်။ HR တွေအတွက်လည်း SOP တွေရှိပါတယ်။ Recruitment , Training , C&B အစရှိတာတွေအတွက်လည်း SOP သတ်မှတ်ထားပါတယ်။ ဝန်ထမ်းရွေးချယ်ရေးလုပ်ငန်းစဉ်ကို ဘယ်လိုဆောင်ရွက်ရမလဲ၊ ရွေးချယ်ရာတွင်အသုံးပြုရမယ့် ဖောင်ပုံစံသတ်မှတ်ချက်တွေ ၊ ရွေးချယ်ရန် နည်းလမ်းများ (စာတွေ ၊လက်တွေ့) ၊ မှတ်တမ်းများ၊ စာရွက်စာတမ်း များ စစ်ဆေးပုံ အစရှိတာတွေကို တစ်ဆင့်ချင်း ဆီ အသေးစိတ် ရေးသွင်းထားရတာဖြစ်ပါတယ်။ တစ်ချို့လုပ်ငန်းတွေမှာ ရုပ်ပုံကားချပ် (Flow Chart) တွေပါ ထည့်သွင်းရေးဆွဲထားပြီး ရှင်းလင်းမြင်သာမယ့် SOP မျိုးကို ပြင်ဆင်ထားတာရှိပါတယ်။
SOP ရေးရင် ဘာတွေပါဝင်မလဲဆိုတော့…….
1.Objective (ရည်ရွယ်ချက်များ)
ဘာကြောင့်ရေးဆွဲရတယ်ဆိုတဲ့အပိုင်းကို အစပိုင်းမှာထည့်သွင်းရပါတယ်။ အငြင်းပွားမှုတွေ ၊ကွဲလွဲမှုတွေ လျော့နည်းစေပြီး တူညီတဲ့အရည်အသွေးလုပ်ဆောင်ချက်များကို ရရှိစေဖို့က အဓိကပါပဲ။
2. Scope (ပါဝင်ပတ်သက်သူများ )
ဒီလို သတ်မှတ်ထားတဲ့ SOP ထဲမှာ ဘယ်သူတွေ ပါဝင်သလဲ၊ ပါဝင်ဆောင်ရွက်ရမယ့်သူတွေက ဘယ်သူတွေလဲဆိုတာကို သတ်မှတ်ချက်ပါဝင်ရမှာပါ။ ဝန်ထမ်းအားလုံးနဲ့သက်ဆိုင်တဲ့ လုပ်ငန်းစဉ်တွေဆိုရင် အားလုံးပါဝင်ရမှာ ဖြစ်ပြီး ဌာနအလိုက်သက်ဆိုင်တဲ့ SOP တွေမှာ သက်ဆိုင်ရာဝန်ထမ်းများကလိုက်နာဆောင်ရွက်ရမှာပါ။
3 .Terms and Definition ( ဖော်ပြချက်များနဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်များ)
ဥပဒေ စကားအရပြောရင် ဒါက စကားစုတွေကိုအနက်ဖွင့်ထားတာပါ။ ဘာကြောင့်လည်း ဆိုတော့ Scope မှာ သက်ဆိုင်ရာဌာန (၂) (၃) ခုဖြစ်လာခဲ့ရင် ဌာနတွင်းမတူညီတဲ့အခေါ်အဝေါ်တွေအပေါ်မှာ အငြင်းမပွားအောင်ရယ် ၊အတိုကောက်ရေးသားချက်တွေအပေါ် ရှင်းလင်းပြတ်သားအောင်ပဲဖြစ်ပါတယ်။
4.Procedures Details ( ဆောင်ရွက်ချက် အသေးစိတ်)
ဒီအပိုင်းမှာ SOP စရေးရမယ့် လုပ်ငန်းဆောင်ရွက်ချက် အဆင့်ဆင့်ပါလာပါပြီ။ အပေါ်က ရေးခဲ့တဲ့ အဆင့် တွေကို (1)(2)(3)(4) ခေါင်းစဉ်တပ်ပြီးရေးရင် ခေါင်းစဉ် (4) ရဲ့အခွဲက (4.1 )ပါ။ စစချင်း ပထမတစ်ကြောင်းကိုတော့ (4.1 ) နဲ့စရေးပါတယ်။
5 .Role and Duty
ပါဝင်ပတ်သက်နေတဲ့ဌာနခွဲတွေ ဒါမှမဟုတ် ဝန်ထမ်းတွေမှာ လိုအပ်တဲ့ တာဝန်ဝတ္တရားတွေကို သေချာထည့်သွင်းဖော်ပြရပါမယ်။
ဒါကတော့ SOP ရေးဆွဲခြင်း နမူနာပုံစံပါ။
1.Objective (ရည်ရွယ်ချက်များ)
2.Scope (ပါဝင်ပတ်သက်သူများ )
3.Terms and Definition ( ဖော်ပြချက်များနဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်များ)

(4.1)
(4.2)
5.Role and Duty
-Manager (ဆောင်ရွက်ချက်)
-Officer (ဆောင်ရွက်ချက်)
အစရှိသည်ဖြင့် မိမိဆောင်ရွက်မယ့် လုပ်ငန်းဆောင်ရွက်ချက်အသေးစိတ်ကို ထည့်သွင်းရေးသားရမှာပါ။ Functions တစ်ခုချင်းစီအလိုက်လည်း ခွဲခြားရေးသားလို့ရပါတယ်။ ဝန်ထမ်းသစ်ရွေးချယ်ခြင်း ၊ ဝန်ထမ်းအတည်ပြုခန့်အပ်ခြင်း ၊ အစမ်းခန့်ဝန်ထမ်းများ သတ်မှတ်ခြင်း အစရှိသည်ဖြင့် ဝန်ထမ်းရွေးချယ်ခန့်အပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်အတွက် Functions တွေ ခွဲခြားရေးသားထားလို့လည်းရပါတယ်။
SOP ရဲ့ အားသာချက်ကတော့
-လုပ်ငန်းစဉ်သတ်မှတ်ချက်တွေ ရှိတာကြောင့် လူတိုင်းက ပုံစံတူညီစွာလုပ်ကိုင်နိုင်ကြပါတယ်။
-လုပ်ငန်းဆောင်ရွက်ချက်အဆင့်ဆင့်သတ်မှတ်ထားတဲ့အတွက် အမှားအယွင်းError တွေရှိရင်လည်း တစ်ဆင့်ချင်းစီ တစ်ချက်ချင်းစီကိုပြန်လည်စစ်ဆေးပြင်ဆင်လို့ရပါတယ်။ နောက်ပြီး Auditလည်း လုပ်ရတာလွယ်ပါတယ်။ ဘယ်အပိုင်းက အားနည်းနေတယ်ဆိုတာကိုလည်း လွဲမှားသွားတဲ့အချက်တွေအရ ထင်ရှားစွာမြင်တွေ့နိုင်ပါတယ်။
SOP ရဲ့ အကျိုးရလဒ်တွေအတွက် တွေ့မြင်နိုင်တာကတော့ -
Reduced learning curve/training time for new employees
ဝန်ထမ်းအသစ်တွေအတွက် လေ့လာသင်ယူမှုအချိန်ကာလကို လျော့ချနိုင်ပါတယ်။ ကိုယ်က SOP သတ်မှတ် ထားတဲ့အတွက် လေ့လာသင်ယူမှုအချိန်မကြာစေပဲ လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ ပိုမိုလျင်မြန်စွာတိုးတက်ဖြစ်ထွန်းစေနိုင်ပါတယ်။
Standardized processes
စံချိန်စံညွှန်းမှီလုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက်နိုင်ပါတယ်။ ဝန်ထမ်းတစ်ဦးချင်းစီအလိုက် လုပ်ဆောင်ပေမယ့်လည်း သတ်မှတ်ချက်များအတိုင်းဆောင်ရွက်ရတာဖြစ်လို့ အားလုံးကသတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်များအတိုင်း လိုက်ပါဆောင်ရွက်နိုင်ပါတယ်။
Delegating jobs
တာဝန်ခွဲဝေမှုအပိုင်းအတွက်လည်း ကောင်းမွန်ပါတယ်။ ဘယ်သူကဆောင်ရွက်ရမယ့်အပိုင်းဖြစ်တယ်ဆိုတာကို သတ်မှတ်ထားတာဖြစ်တဲ့အတွက် လုပ်ဆောင်ရာမှာအဆင်ပြေစေနိုင်ပါတယ်။
Quality Control
အရည်အသွေးပိုင်းကို ထိန်းချုပ်ဆောင်ရွက်နိုင်ပါတယ်။ စံနှုန်းသတ်မှတ်ထားတဲ့အတွက် ဖြစ်စဉ် တစ်ခုချင်းစီအတိုင်းအတွက် အရည်အသွေးပိုင်းမှာ အားနည်းချက်တွေကို ထင်ရှားစွာမြင်နိုင်တာကြောင့် Quality Control ပိုင်းလည်း ကောင်းမွန်စေနိုင်မှာပါ။
SOP ရဲ့ အားနည်းချက်တစ်ချို့လည်း ရှိပါတယ်။ တစ်ချို့ လုပ်ငန်းဆောင်ရွက်ချက်တွေမှာ အဆင့်ဆင့်သတ်မှတ်ထားတဲ့အတွက် လက်တွေ့ အမှတ်မထင်ဖြစ်ပေါ်လာတဲ့ ပြဿနာရပ်တွေကိုကိုင်တွယ်ဖြေရှင်းရာမှာ အစီအစဉ်တကျလုပ်လို့မရနိုင်တဲ့အခြေအနေတွေဖြစ်လာတတ်ပါတယ်။
နောက်တစ်ခုကဝန်ထမ်းတိုင်း နားမလည်နိုင်တာတွေ ၊ မသိရှိတာတွေလည်းရှိတာကြောင့် လိုက်ပါဆောင်ရွက်မှု အားနည်တာတွေဖြစ်လာတတ်ပါတယ်။
ဘာကြောင့်ပဲဖြစ်ဖြစ် SOP (Standard Operating Procedures ) ဆိုတာ လုပ်ငန်းအဖွဲ့အစည်းတိုင်းအတွက် ရှိကိုရှိသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ လုပ်ငန်းတွေလုပ်ဆောင်တဲ့အခါ သတ်မှတ်ထားတဲ့ စံနှုန်းသတ်မှတ်ချက်များအတိုင်းအဆင့်ဆင့်ဆောင်ရွက်နိုင်ရင် တိကျတဲ့ထုတ်ကုန် ၊ဝန်ဆောင်မှုတစ်ခုဖြစ်စေနိုင်တာမလို့ SOP ကို စနစ်တကျ ရေးဆွဲထားဖို့လိုအပ်ပါတယ်။
Credit – Original Uploader

၀န်ထမ်းအသစ်တွေအတွက် လေ့လာသင်ယူမှုအချိန်ကာလကို လျော့ချနိုင်ပါတယ်။ ကိုယ်က SOP သတ်မှတ် ထားတဲ့အတွက် လေ့လာသင်ယူမှုအချိန်မကြာစေပဲ လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ ပိုမိုလျင်မြန်စွာတိုးတက်ဖြစ်ထွန်းစေနိုင်ပါတယ်။
Standardized processes
စံချိန်စံညွှန်းမှီလုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက်နိုင်ပါတယ်။ ဝန်ထမ်းတစ်ဦးချင်းစီအလိုက် လုပ်ဆောင်ပေမယ့်လည်း သတ်မှတ်ချက်များအတိုင်းဆောင်ရွက်ရတာဖြစ်လို့ အားလုံးကသတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်များအတိုင်း လိုက်ပါဆောင်ရွက်နိုင်ပါတယ်။
Delegating jobs
တာဝန်ခွဲဝေမှုအပိုင်းအတွက်လည်း ကောင်းမွန်ပါတယ်။ ဘယ်သူကဆောင်ရွက်ရမယ့်အပိုင်းဖြစ်တယ်ဆိုတာကို သတ်မှတ်ထားတာဖြစ်တဲ့အတွက် လုပ်ဆောင်ရာမှာအဆင်ပြေစေနိုင်ပါတယ်။
Quality Control
အရည်အသွေးပိုင်းကို ထိန်းချုပ်ဆောင်ရွက်နိုင်ပါတယ်။ စံနှုန်းသတ်မှတ်ထားတဲ့အတွက် ဖြစ်စဉ် တစ်ခုချင်းစီအတိုင်းအတွက် အရည်အသွေးပိုင်းမှာ အားနည်းချက်တွေကို ထင်ရှားစွာမြင်နိုင်တာကြောင့် Quality Control ပိုင်းလည်း ကောင်းမွန်စေနိုင်မှာပါ။
SOP ရဲ့ အားနည်းချက်တစ်ချို့လည်း ရှိပါတယ်။ တစ်ချို့ လုပ်ငန်းဆောင်ရွက်ချက်တွေမှာ အဆင့်ဆင့်သတ်မှတ်ထားတဲ့အတွက် လက်တွေ့ အမှတ်မထင်ဖြစ်ပေါ်လာတဲ့ ပြဿနာရပ်တွေကိုကိုင်တွယ်ဖြေရှင်းရာမှာ အစီအစဉ်တကျလုပ်လို့မရနိုင်တဲ့အခြေအနေတွေဖြစ်လာတတ်ပါတယ်။
နောက်တစ်ခုကဝန်ထမ်းတိုင်း နားမလည်နိုင်တာတွေ ၊ မသိရှိတာတွေလည်းရှိတာကြောင့် လိုက်ပါဆောင်ရွက်မှု အားနည်တာတွေဖြစ်လာတတ်ပါတယ်။
ဘာကြောင့်ပဲဖြစ်ဖြစ် SOP (Standard Operating Procedures ) ဆိုတာ လုပ်ငန်းအဖွဲ့အစည်းတိုင်းအတွက် ရှိကိုရှိသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ လုပ်ငန်းတွေလုပ်ဆောင်တဲ့အခါ သတ်မှတ်ထားတဲ့ စံနှုန်းသတ်မှတ်ချက်များအတိုင်းအဆင့်ဆင့်ဆောင်ရွက်နိုင်ရင် တိကျတဲ့ထုတ်ကုန် ၊ဝန်ဆောင်မှုတစ်ခုဖြစ်စေနိုင်တာမလို့ SOP ကို စနစ်တကျ ရေးဆွဲထားဖို့လိုအပ်ပါတယ်။
Credit – Original Uploaderrd Operating Procedures (SOP)