မြန်မာနိုင်ငံမှ ပကူးလူမျိုးများအကြောင်း
mmload.com
|
2023-12-18

ကရင်လို့ အများသိထားကြတဲ့ ကရင်လူမျိုးထဲမှာပဲ အခြားမျိုးနွယ်စုတွေ များစွာ ရှိပါသေးတယ်။ အဲ့ထဲမှာ ပကူးလူမျိုးတွေလဲ ပါဝင်နေတာ ဖြစ်ပါတယ်။ ကရင် ဘာာသာစကား အရ လှည့်လည်နေထိုင်တဲ့ လူမျိုးလို့ အဓိပ္ပာယ်ရပါတယ်။ 


ပကူးအမျိုးသားတွေရဲ့ ဝတ်စားဆင်ယင်ပုံက အစင်းအနည်းငယ်သာပါတဲ့ သင်တိုင်းအဖြူရောင်၊ ဘောင်းဘီအနက်၊ နက်ပြာခေါင်းပေါင်း နှင့်စလွယ်သိုင်း လွယ်အိတ်ကို ဆင်မြန်းကြပါတယ်။ အမျိုးသမီးတွေကတော့ သင်တိုင်းကို ပန်းဖော်ထားတဲ့ ခါးပတ်အနက်ရောင်နှင့် ခေါင်းစီးပုဝါတွေကို ဝတ်ဆင်ကြတာ ဖြစ်ပါတယ်။ 


စကောကရင်ထဲမှာ ပါဝင်တဲ့ မျိုးနွယ်စုဖြစ်ပြီး ယဉ်ကျေးမှုအားဖြင့် ထူးထူးခြားခြား ကွဲထွက်နေသည်မဟုတ်။ သို့ပေမယ့် အစွဲအလမ်းကြီးတဲ့ ပကူးလူမျိုးတွေက မိမိတို့ဘာသာ သီးခြားအဖြစ်ကွဲထွက်ပြီး လူမျိုးအမည်ကို သတ်မှတ်ခေါ်ဆိုခဲ့ကြတာပါ။ တောင်ငူခရိုင်၊ သံတောင်မြို့နယ်၊ မော်ချီမိုင်းဒေသ၊ ဘောဂလီ၊ စစ်စီးတောင်နှင့် ပြောင်သိုအရပ်တွေမှာ အများဆုံးနေထိုင်ကြတဲ့ လူမျိုးစုပဲ ဖြစ်ပါတယ်။ 





Some text some message..