မြန်မာနိုင်ငံမှ ဗမာတိုင်းရင်းသားမျိုးနွယ်ဝင် ယောလူမျိုးများ
mmload.com
|
2024-01-15

မြန်မာအစိုးရမှ တရားဝင်အသိအမှတ်ပြုထားသော ဗမာတိုင်းရင်းသား (9) မျိုးရှိသည်။ ၎င်းထဲတွင် ယောလူမျိုးများလဲ ပါဝင်၏။ ဂန့်ဂေါခရိုင် ရှိမြို့နယ်များတွင်‌ နေထိုင်ကြပြီး ပခုက္ကူမြို့တွင် လူဉီးရေ ငါးထောင်ခန့် နေထိုင်ကြသည်။ ‌ယောလူမျိုးများကို တောင်သားဟုလဲ ခေါ်ဆိုကြသေးသည်။ 


ယောလူမျိုးဟု ဆိုလိုက်လျှင် လူသိများထင်ရှားသည့်အချက်မှာ စုန်းကဝေ ပြုစားသည့် အတတ်ပညာ ပေါများသည့် ဌာနေဟု ဆိုကြသည်။ ‌ဆေးကောင်းဆေးစွမ်းများလဲ အင်မတန်ပေါ၏။ သို့သော် ထိုစုန်းအတတ်တို့သည် ယနေ့ခေတ်တွင် ပျောက်ကွယ်သလောက် ရှိနေပြီဖြစ်၏။ ချည်ငင်၊ ရက်ကန်းလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပြီး ယောလူမျိုးများ၏ ဝတ်စားဆင်ယင်မှုသည် ဗမာလူမျိုးများနှင့် ဆင်တူသည်။ သို့သော် အမျိုးသမီးများမှာမူ ဗမာအမျိုးသမီးများနှင့် အနည်းငယ်ကွဲပြားသော ပုံစံကို ဝတ်ဆင်ကြသည်။ 


ဘာသာစကားသည်လဲ ဆင်တူသော်ငြား ယောလူမျိုးများကမူ အသံနေ အသံထား ခပ်ဝဲဝဲပြောဆိုကြသည်။ ရှေးယခင်က နတ်ကိုးကွယ်မှုကို အလေးထားခဲ့ကြသော်လည်း ဒီကနေ့တွင် ဗုဒ္ဓဘာသာအပြင် အခြားအခြားသော ဘာသာရပ်များကိုလဲ ကိုးကွယ်လာကြပြီ ဖြစ်သည်။ 





Some text some message..