
                                                                                                        ယှိန်ကျန်ကြိုင်ဌက်ရဲ့ လှုပ်ရှားမှုကိုကြည့်ပြီး ထောင်ကာ ကကွက်ကိုဖန်တီးခဲ့တာဖြစ်တယ်လိုဆိုပါတယ်။ ဂဘုံးဒွမ်လိုခေါ်တဲ့ အသုဘမှာကပြတဲ့ အကကိုပါ ထောင်ကာအကမှာ ပေါင်းစပ်ထည့်သွင်းပြီး ဆန်းသစ်ခဲ့ကြပါတယ်။ ထောင်ကာ အကကို ကဖိုအတွက် အမျိုးသား၊ အမျိုးသမီး အတွဲလိုက် ဆယ်စုံလောက်လိုအပ်ပါတယ်။
                                                                                                

                                                                                                အိုးစည်၊ မောင်း၊ လင်းကွင်း၊ ပုလွေအစရှိတဲ့ တူရိယာပစ္စည်းတွေ တီးမှုတ်ပြီး မြိုင်မြိုင်ဆိုင်ဆိုင် ကခုန်ကြတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ပြည်နယ်အခမ်းအနားတွေမှာသာ ကကြတာများပေမယ့် အခုနောက်ပိုင်း ကောက်သစ်စားပွဲတော်တွေမှာလည်း ထောင်ကာ အကကိုထည့်သွင်းဖျော်ဖြေလာကြပြီ ဖြစ်ပါတယ်။
                                                                                                

                                                                                                ကကွက်ပေါင်း ရာချီရှိပြီးလူများများ ဝိုင်းဖွဲကလေ ပိုပြီးလှပလေဖြစ်တဲ့ ရိုးရာအကတစ်ခု ဖြစ်ပါတယ်။ ဂီတဆိုသည်မှာ လူမျိုးတစ်မျိုးစီ၏ အဓိကနေရာတွင်ပါရှိပြီး ကချင်ထောင်ကာ အကသည်လည်း ထိုကဲ့သိုပင် ကချင်လူမျိုးများကြား နေရာမရွေး၊ ပွဲတော်မရွေး ကပြနိုင်တဲ့ ရိုးရာဓလေ့တစ်ခုပဲ ဖြစ်ပါတယ်။