မြန်မာဘုရင်များလက်ထက်မှ စတင်ခဲ့သော မြန်မာ့ရိုးရာ ရက်ကန်းပညာ
mmload.com
|
2024-03-18

ကိုယ့်မင်းကိုယ့်ချင်းနှင့်စိုးစံခဲ့သော မြန်မာဘုရင်များလက်ထက်တွင် ထုတ်လုပ်သော ရက်ကန်းထည်များကို အခြားမည်သည့်တိုင်းပြည်တွင်မှ မတွေ့နိုင်သည်ထိ ကိုယ်ပိုင်ဟန်ပန်ရှိခဲ့သည်။ ထိုခေတ်အခါက အမျိုးသားများစာပေမတတ်လျှင် မျက်ကန်းနှင့်တူ၍ အမျိုးသမီးများ ရက်ကန်းမခတ်တတ်လျှင် အကျိုးနှင့်တူသည်ဟု နှိင်းယှဉ်ခံရသည်ထိ အလွန်အရေးပါအရာရောက်ခဲ့သည်။


ယနေ့ခေတ်တွင် စက်လုပ်ချုပ်ထည်များ၊ နိုင်ငံခြားအထည်အလိပ်များ အရောင်စုံကူးသန်းရောင်းဝယ်လာကြသဖြင့် မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်းမှာ မှေးမှိန်လာသည်။ ထိုသိုဖြစ်ရသည့်အကြောင်းအရင်းမှာမူ မြန်မာ့ရက်ကန်းပညာကို အဆင့်မြင့်မားလာအောင် မမြှင့်တင်နိုင်ခြင်းကြောင့် နိုင်ငံခြားပစ္စည်းများကို အဓိကအားထားအသုံးပြုလာကြခြင်းဖြစ်သည်။


မြန်မာတို၏ရက်ကန်းထည်များသည် အမျိုးသမီးဝတ်အထည်ရရှိရန်အတွက် ရက်ကန်းခတ်လုပ်သူ ကျွမ်းကျင်အဆင့်ရှိပါက ကြာချိန်သုံးရက်၊ ပုံမှန်အလယ်အလတ် ရက်ကန်းခတ်သူအတွက် ကြာချိန်တစ်ပတ် အစရှိသည့် အထည်ထွက်နှုန်းနှေးသည့် ပြဿနာများသည်လည်း မြန်မာ့ရက်ကန်းအတွက် အဓိကခြိမ်းခြောက်မှုဖြစ်သည်။

မြန်မာ့ရိုးရာရက်ကန်းခတ်လုပ်ခြင်းကို ပညာအမွေဆင့်ယူသူများလည်း နည်းပါးလာကာ အဖိုးတန်ယဉ်ကျေးမှုတစ်ခု ပျောက်ကွယ်မည့်အရေးမှာ အလွန်စိုးရိမ်ဖွယ်ပင်ဖြစ်ပါသည်။




Some text some message..