အစ်မဖြစ်သူ ဖန်ဘင်းဘင်းနဲ့ သားအမိတွေပါလို့စွပ်စွဲခံရလို့ တရားစွဲရာ တရားခွင်အနိုင်ရသွားတဲ့ ဖန်ချန်ချန်
popolay.com
|
2019-01-07

ကမ္ဘာကျော်တရုတ်မင်းသမီး ဖန်ဘင်းဘင်းဟာ မောင်ဖြစ်သူ ဖန်ချန်ချန်နဲ့အသက်များစွာ ကွာဟတာကြောင့် မောင်နှမ မဟုတ်ပဲ သားအမိတွေပါလို့ စွပ်စွဲခံခဲ့ရတာပါ။









လက်ရှိမှာတော့ ဖန်ချန်ချန် ဟာအသက် (၁၈) နှစ်ရှိပြီ ဖြစ်ပြီး ဖန်ဘင်းဘင်းကတော့အသက် (၃၇) နှစ်ရှိပြီဖြစ်ပါတယ်။ သူတို့ မောင်နှမနှစ်ယောက်အသက် ကွာဟလွန်းတာကြောင့် ချန်းချန်ဟာ ဖန်ဘင်းဘင်းရဲ့ လူသိမခံပဲ မွေးထားတဲ့အမြှောင်သား တစ်ယောက်ဖြစ်ကြောင်း Wangအမည်ရှိတဲ့အင်တာနက်သုံးသူတစ်ယောက်က စွပ်စွဲပြောဆိုခဲ့တာပါ။








ဒီကိစ္စကို မခံမရပ်နိုင်ဖြစ်တဲ့ ဖန်ချန်ချန်ဟာအစ်မဖြစ်သူနဲ့ သားအမိတွေမဟုတ်ဘူးဆိုတာ သက်သေပြဖို့အဆိုပါ Wangအမည်ရှိသူကို တရားစွဲဆိုခဲ့ပါတယ်။ ဆေးစစ်ချက်များ၊ မှတ်ပုံတင်များကို တရားရုံးမှပြန်လည်ဆန်းစစ်ကြည့်တဲ့အခါမှာ ဖန်ဘင်းဘင်းဟာ ဖန်အိမ်တော်ရဲ့ သမီးကြီးအဖြစ်တည်ရှိပြီး၊ ဖန်ချန်ချန်ဟာအဖေဖြစ်သူ ဖန်ထောင်ရဲ့ သားအရင်းဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။







အမှုမှန်ပေါ်ပြီး ဖန်ချန်ချန်ဟာဒီအမှုမှာ သွားပုပ်လေလွှင့်ပြောဆိုသူ Wang ကိုအနိုင်ရရှိခဲ့ပါတယ်။ Wang ကိုပြစ်ဒဏ်အနေနဲ့ Weiboအကောင့်မှ စွပ်စွဲထားတဲ့ ပို့စ်များအားလုံးကိုဖျက်စေပြီး တရုတ်ယွမ် ၅သိန်း လျော်ကြေးပေးဆောင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် မဟုတ်မမှန်သတင်းကို ထုတ်လွှင့်ခဲ့ပြီးအသရေဖျက်ခဲ့တဲ့အတွက် Wang ရဲ့ Weiboအကောင့်မှာ ရက်(၉၀) တိတိ ဖန်ချန်ချန်ကို တောင်းပန်စာရေးရမှာဖြစ်ပါတယ်။








ဖန်ဘင်းဘင်းဟာ မောင်ဖြစ်သူ လူ့လောကကိုစဝင်ကတည်းက စွပ်စွဲခြင်းမျိုးစုံနဲ့ကြုံတွေ့ခဲ့ရတာပါ။ မောင်ဖြစ်သူကို သူမရဲ့အမြှောင်သားလို့ စွပ်စွဲတာ မခံနိုင်တဲ့အတွက် ငယ်စဉ်ကတည်းက တောင်ကိုးရီးယားကိုပို့ထားပြီး ပညာသင်စေခဲ့ပါတယ်။ ဖန်ချန်ချန်အဆိုတော်လုပ်ချင်လွန်းလို့ Idol Producer ပြိုင်ပွဲဝင်တဲ့အခါမှာလဲ မောင်ကို ချစ်ချင်တာ၊ ပံ့ပိုးပေးချင်တာတောင် ပေါ်ပေါ်ထင်ထင် မလုပ်ရဲခဲ့ပါဘူး။








အခုတော့ ဖန်ချန်ချန်ကစပြီး တရားစွဲလိုက်တဲ့အတွက်အမှုမှန်လဲပေါ်သွားပြီးသူတို့ နှစ်ယောက်က မောင်နှမအရင်းတွေဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပြီဖြစ်ပါတယ်။

IMAGE LINK URL HERE


လက်ရှိမှာတော့ ဖန်ချန်ချန်ဟာ တရုတ်နိုင်ငံ နာမည်ကြီးယောင်္ကျားလေးအဆိုတော်အဖွဲ့ Nine Percent မှာအဖွဲ့ဝင်တစ်ယောက်အဖြစ်အောင်မြင်စွာဆက်လက်ရပ်တည်နေဆဲပဲဖြစ်ပါတယ်။




Some text some message..