သက်သေ
byohls.com
|
2024-07-09

အမေရိကန်နိုင်ငံရဲ့ လျှို့ဝှက်စစ်လက်နက်တွေ စမ်းသပ်ရာ လုံခြုံရေးတင်းကြပ်လှတဲ့ Area 51 စစ်စခန်းရဲ့ လေယာဉ်ကွင်းကို တစ်ရက်မှာ လေယာဉ်ငယ်လေးတစ်စီးနဲ့ လူတစ်ယောက် ဆင်းသက်လာတယ်။ စခန်းလုံခြုံရေးတွေက အဲဒီလူကိုဖမ်းပြီး စစ်ဆေးရေးခန်းမှာ မျိုးစုံစစ်မေးကြသလို လေယာဉ်ကိုလည်း အသေးစိတ်စစ်ဆေးမှုတွေ လုပ်ကြတယ်။ အဲဒီလူက သူဟာ အနီးနားမြို့တစ်ခုကဖြစ်ကြောင်း၊ တခြားမြို့တစ်ခုကို အသွားမှာ လမ်းကြောင်းပြစက်ပျက်ပြီး လမ်းပျောက်သွားတာဖြစ်ကြောင်း၊ လေယာဉ်ဆီကုန်ကာနီးမှာ လေယာဉ်ကွင်းတစ်ခု တွေ့တာကြောင့် ဆင်းလိုက်တာဖြစ်ကြောင်း အစစ်ခံတယ်။ လုံခြုံရေးတွေက ၃ ရက်လောက် ပုံစံမျိုးစုံနဲ့စစ်၊ လေယဉ်ကိုလည်း အထပ်ထပ်စစ်တဲ့အပြင် သူရဲ့နောက်ကြောင်းရာဇဝင်ကိုပါ FBI ကိုစစ်ခိုင်းပြီးနောက်မှာ ဒီလူဟာ စပိုင်မဟုတ်ဘဲ သူပြောတဲ့အတိုင်း လမ်းပျောက်လာတာလို့ ကောက်ချက်ချလိုက်တယ်။ ဒါကြောင့် အဲဒီလူကို Area 51 ကို ရောက်ခဲ့တဲ့အကြောင်း၊ စခန်းမှာ တွေ့ခဲ့တဲ့အကြောင်းအရာတွေကို ဘယ်သူ့ကိုမှမပြောဘို့၊ ပြောခဲ့ရင် တစ်သက်လုံး ထောင်ထဲမှာ နေသွားရနိုင်တယ်လို့ ပြင်းပြင်းထန်ထန်သတိပေးပြီး လေယာဉ်နဲ့အတူ ပြန်လွှတ်ပေးလိုက်တယ်။ နောက်တစ်ရက်မှာ Area 51 ကို အဲဒီလေယာဉ်ငယ်နဲ့ အဲဒီလူ ပြန်ရောက်လာပြန်တယ်။ သူက လေယာဉ်ပေါ်ကဆင်းလာပြီး သူ့ကိုဖမ်းဖို့ အသင့်စောင့်နေတဲ့ လုံခြုံရေးတွေကို ပြောလိုက်တယ်။ “ခင်ဗျားတို့ ကျွန်တော့ကို လုပ်ချင်တာသာ လုပ်တော့ဗျာ။ လောလောဆယ်တော့ ပြီးခဲ့တဲ့ ၃ ရက်လုံး ကျွန်တော်ဒီမှာရှိနေကြောင်း လေယာဉ်ပေါ်မှာပါလာတဲ့ ကျွန်တော့မိန်းမကို သက်သေခံပေးဦး။”




Some text some message..