လူဖြစ်ခွင့်၊ လူဖြစ်ခွင့် ၊ ဒီခေတ် ဒီအခါကြီးမှာ မိဘတွေရဲ့ စွန့်ပစ်ခြင်းကို ခံရတဲ့ ကလေးတွေအတော် သနားစရာကောင်းပါတယ် ။ ကလေးတစ်ယောက်ကို လူလောကကြီးကို ခေါ်သွင်းခဲ့ပြီးမှ တာဝန်မယူချင် စွန့်ပစ်ထားတဲ့ မိခင်တွေအများကြီးတွေ့နေရပါတယ်။
လူငယ်ဘဘာဝ ချစ်ကြိုက်ပြီးခါမှ တာဝန်ယူစိတ်ကင်းမဲ့ တဲ့ လူတစ်ချို့၊ ခေါင်းရှောင်ချင်တဲ့ လူတစ်ချို့ကြောင့် ကလေးတွေဟာအပြစ်မဲ့ သေဆုံးကြရတယ် ။ ကံကောင်းထောက်မလို့ ကယ်ဆယ်ချင်တဲ့ လူနဲ့တွေဆုံခဲ့ရင်အသက်ရှင်လျှက်ကျန်ပြီး မိဘမဲ့ ဘဝကို ရောက်ကြရတယ်။
ထိုင်းနိုင်ငံမှာ မွေးကင်းစ ကလေးအရွယ် ကို စက္ကူပုံးထဲ့ ထည့်ပြီး စွန်ပစ်ခဲ့လို့ ဘုန်းကြီး တစ်ပါးက ခေါ်ယူမွေးစား ခဲ့ရတဲ့ ဆိုတဲ့ သတင်းဟာ ဖေ့စ်ဘုတ် တစ်ခွင်မှာပြန့်နှံခဲ့ပါတယ်။ ကလေးကို စွန့်ပစ်ခဲ့တဲ့ မိခင်ကို ပတ်ဝန်းကျင်က မတာဝန်ယူစိတ်ကင်းမဲ့တဲ့ လူ လို့အမျိုး မျိုးပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
ကလေးဟာ ဘုန်းကြီက မွေးစားပြုစုစောက်ရှောက်လာခဲ့ရာအခုဆိုရင် ဒီကလေးဟာ သူတော်ကောင်းတို့၏ ကယ်ဆယ်မှုကြောင့် ကလေးဟာအသက် ရှင်ကျန်ပြီး လူလောက ကိုအကျိုးပြုတဲ့ ဘုရားသားတော်အဖြစ် သင်္ကန်းစည်းခွင့်ရခဲ့ပါတယ်။ ကိုယ်ရင်လေးဟာ ကျန်းကျန်းမာမာ ဝဝ ဖီးဖီးကြီးဖြစ်နေပြီး တစ်ရွှာလုံး ကအချစ်တော်လေး ဖြစ်နေခဲ့ပါတယ်။
တာဝန်မယူချင်တဲ့ မိဘများက ကိုယ်လွတ်ရုံးခဲ့ပေမဲ့ ကလေးကအသက်မသေဘဲ ရှင်သန်ရာ ရတဲ့အပြင် တစ်ရွှာလုံးက ချစ်ခင်ရတဲ့ ကိုရင်လေး တစ်ပါးဖြစ်ခဲ့ပါတယ်။