
တစ်နိုင်ငံလုံးရှိ ပညာရေးကော လိပ်များကို ၂၀၁၉ ဒီဇင်ဘာတွင် လေးနှစ်သင်ပညာရေးဒီဂရီကော လိပ်အဆင့်တိုးဖွင့်မည်ဖြစ်ရာ ထို ဒီဂရီကောလိပ်များ၌အသုံးပြုမည့် သင်ရိုးညွှန်းတမ်းအသစ်များကို ဇန်နဝါရီလကုန်ကစကာ စမ်း သပ်သင်ကြားရန် စီစဉ်နေသည်။
ပညာရေးကောလိပ်များကို တစ်နှစ်ချင်းစီအဆင့်တိုးမြှင့်ရန် မူလက လျာထားသော်လည်း လက်ရှိအခြေအနေအရ ၂၀၁၉ ဒီဇင်ဘာတွင် ပညာရေးကောလိပ်အားလုံးကို B.A (Education), B.Sc (Education)ဘွဲ့ပေးမည့် ပညာရေးဒီဂရီကောလိပ်အဖြစ်အဆင့်တိုးပေးရန် စီစဉ်နေသည် ဟုအဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောသည်။
‘‘၂၀၁၉ မှာ ၂၅ ကျောင်းလုံးအဆင့်တိုးဖို့ လုပ်နေပြီ။အဲဒီအ တွက် သင်ရိုးက ပြီးပြီ။ သင်ရိုးကို စမ်းသပ်သင်ဖို့ကိုအခုစလုပ်နေ ပြီ’’ ဟု ဒေါက်တာအောင်အောင် မင်းက ဆိုသည်။
လေးနှစ်သင်ပညာရေးဒီဂရီ ကောလိပ်များတွင်အသုံးပြုမည့် သင်ရိုးညွှန်းတမ်းသစ်များကို မန္တ လေးပညာရေးကောလိပ်နှင့် ရန် ကင်းပညာရေးကောလိပ်၌ Pilot Projectအဖြစ် စမ်းသပ်သင် ကြားမည်ဟု ၎င်းကဆိုသည်။
အဆိုပါ ဒီဂရီကောလိပ်များ တွင်အသုံးပြုမည့်သင်ရိုးညွှန်း တမ်းအသစ်များကို UNESCO Stem Project (Strengthening Pre-Service Teacher Education in Myanmar)နှင့် ပညာရေး တက္ကသိုလ်၊ ပညာရေးကောလိပ် များရှိ ပညာရှင်များပူးပေါင်းပြီး ဆရာအတတ်ပညာတတ်ကျွမ်းမှု စံသတ်မှတ်ချက်အညွှန်းဘောင် ကိုအခြေခံရေးဆွဲထားသည်ဟု ဆိုသည်။
ပညာရေးဒီဂရီကောလိပ်အ ဖြစ်အဆင့်တိုးမြှင့်ပြီးပါက လေး နှစ်တက်ရောက်ရမည့် ပညာရေး ဘွဲ့သင်တန်းများ ဖွင့်လှစ်သင် ကြားမည်ဖြစ်ပြီး လက်ရှိပညာရေး ကောလိပ်များမှ လုပ်ငန်းခွင်ကြို ဆရာအတတ်ပညာလက်မှတ် (D.TEd)ရရှိထားသူများအား စာ ပေးစာယူသင်တန်းပုံစံဖြင့် B.A (Education), B.Sc (Education) ဘွဲ့ပေးရန် ပညာရေးဝန်ကြီး ဌာနက စီစဉ်နေသည်။
လက်ရှိတွင် တစ်နိုင်ငံလုံး၌ ပညာရေးကောလိပ် ၂၅ ခုရှိပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပါ က ပညာရေးကောလိပ်များဖွင့် လှစ်သည့် လုပ်ငန်းခွင်ကြိုဆရာအတတ်ပညာဒီပလိုမာ (D.TEd) သင်တန်း ဝင်ခွင့်လျှောက်ထားနိုင် သည်။ ၂ နှစ်တက်ရောက်ရသည့် လုပ်ငန်းခွင်ကြိုဆရာအတတ် ပညာဒီပလိုမာ (D.TEd) သင် တန်းပြီးဆုံးပါကအခြေခံပညာ ကျောင်းများ၌ မူလတန်းပြအဖြစ် ခန့်အပ်သည်။
ဆရာအတတ်ပညာသင်တန်းကို ၂ နှစ်သာ ပို့ချသဖြင့် နိုင်ငံတကာနှင့်အာဆီယံတွင်း နိုင်ငံများ၏ ဆရာအတတ်သင်တန်း ပို့ချမှုကာလနှင့် နှိုင်းယှဉ်ပါက တိုတောင်းခြင်းကြောင့် ပို့ချမှု ကာလနှင့် ဒီပလို မာ ပေးအပ်မှုအစီအစဉ်ကို ပြင်ဆင်၍ လေးနှစ် သင်ပညာရေးဒီဂရီကောလိပ်များအဖြစ်အဆင့်တိုးမြှင့်ခြင်းဖြစ် သည်ဟု ပညာရေးဝန်ကြီးဌာနသို့ တင်သွင်းထားသည့် လေးနှစ်သင် ပညာရေး ဒီဂရီကောလိပ်များအဖြစ်အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရေး ဒေါက်တာအောင်အောင်မင်း ၏ စာတမ်းတွင် ဖော်ပြထားသည်။
ပညာရေးဒီဂရီကောလိပ်အ ဖြစ်အဆင့်တိုးမြှင့်ပြီးပါက လေး နှစ်တက်ရောက်ရမည့်ပညာရေး ဘွဲ့သင်တန်းများ ဖွင့်လှစ်သင် ကြားမည်ဖြစ်ပြီး ဘွဲ့ရရှိပြီးပါက ရာထူးတိုးအခွင့်အလမ်းပိုမိုရရှိ နိုင်သည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီးက ၂၀၁၈ ဇူလိုင် ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့၌ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံစဉ်ပြော ကြားသည်။
၁၉၈၈ တွင် မြန်မာနိုင်ငံ ဆရာအတတ်သင်သိပ္ပံကျောင်းများကို ပညာရေးကောလိပ်အဖြစ်အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့သည်။
source: 7day