ရန်ကုန်ပညာရေးကောလိပ်တွင်အချိန်ပိုင်းနည်းပြများကို တစ်ရက်လျှင် ကျပ် ၃၆၀၀ နှုန်းဖြင့် ခေါ်ယူသွားမည်
edge.com.mm
|
2019-03-12

ရန်ကုန်ပညာရေးကောလိပ်၏ ဝိဇ္ဇာသိပ္ပံဘာသာရပ်ဌာနများအတွက်အချိန်ပိုင်းနည်းပြ (ပုတ်ပြတ်) ယာယီကျပ် ၃၆၀၀ ကျပ်ဖြင့် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် လျှောက်လွှာများ ခေါ်ယူထားပြီး မြန်မာစာ၊အင်္ဂလိပ်စာ၊ ပထဝီ၊ စီးပွားရေးပညာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒအစရှိသည့် ဘာသာရပ်များ နှင့် ဘွဲ့ရရှိထားသူများ လျှောက်ထားနိုင်မည် ဖြစ်သည်။

"လက်ရှိမှာ လိုအပ်နေတဲ့ နေရာတွေကိုအမြဲတမ်း ဝန်ထမ်း မခန့်နိုင်သေးတဲ့အချိန်မှာ နေ့စားနဲ့ ခန့်ပြီး ယာယီဖြေရှင်းထားရတာပေါ့။ တင်ပြပြီးမှ လုပ်တာ။ နောက်ထပ်ဆရာတွေ ရောက်မလာခင်အချိန်အထိ လုပ်ခွင့်ရမှာ" ဟုပြောသည်။

အချိန်ပိုင်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်လိုသူများသည် မဟာဘွဲ့ရရှိပြီးသူများဖြစ်ရန် လိုအပ်ပြီးအသက် (၃၅) နှစ်အောက်၊ ပါရဂူဘွဲ့ရရှိပြီးပါကအသက် (၄၀) နှစ်ထက် မကျော်လွန်သူများ လျှောက်ထားနိုင်သည်။




READ - ဆေးဘက်ဆိုင်ရာအင်ဂျင်နီယာ ဒီပလိုမာသင်တန်း လျှောက်လွှာခေါ်ယူခြင်း

လျှောက်ထားသူများကို လူတွေ့နှုတ်ဖြေအစီအစဉ်များ ပြုလုပ်ပြီး ရွေးချယ်သွားမည် ဖြစ်သည်။

အဆင့်မြင့်ပညာဦးစီးဌာနမှ နည်းပြ သရုပ်ပြများကို မခန့်ထားပေးနိုင်သေးသည့်အချိန်တွင် တက္ကသိုလ်အသီးသီးတွင် လစ်လပ် နေသော နည်းပြသရုပ်ပြ ရာထူးနေရာများအတွက်အချိန်ပိုင်း နည်းပြ သရုပ်ပြများကို ခန့်ထားနေရမှုမှာ ရန်ကုန်နှင့် မန္တလေးတို့ရှိ တက္ကသိုလ်များတွင်အများဆုံး ခေါ်ယူနေရကြောင်း ၂၀၁၈-၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်အသီးသီးတွင် လစ်လပ်နေသော နည်းပြ သရုပ်ပြ ရာထူးနေရာများအတွက် နည်းပြသရုပ်ပြ တစ်ထောင်ကျော်ကို ခန့်ထားသွားမည် ဖြစ်သည်။

နည်းပြသရုပ်ပြ ရာထူးနေရာ လစ်လပ်မှုသည် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များအပြင် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် များတွင် ပါရှိနေကြာင်း၊ ယခင်နှစ်ကလည်း နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ် ၆၀ ကျော်အတွက် နည်းပြသရုပ်ပြ ၆၀၀ ကျော်ကို ခန့်ထားခဲ့သည်။




READ - UMFCCI Training Institute မှ မေလတွင် ဖွင့်လှစ်မည့် သင်တန်းများ

source: democracy





Some text some message..