အံ့သြစရာကောင်းလွန်းတဲ့ လူသားကဏန်းပေါင်းစက် (ရုပ်သံ)
popolay.com
|
2019-03-13

Asia Got Talentအစီစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားတဲ့အသက် ၁၅ နှစ်အရွယ် ကျောင်းသားဖြစ်တဲ့ “လူသားကဏန်းပေါင်းစက်” က ပရိသတ်တွေနဲ့ ဒိုင်တွေအားလုံးကို “ဝိုး” လို့အာမေဋိတ်ပြုရတဲ့ထိ ကဏန်းပေါင်းစက်ထက် သာလွန်လျှင်မြန်စွာ တွက်ချက်ပြသွားခဲ့တာကို တအံ့တသြတွေ့ခဲ့ရပါတယ်။

သင်္ချာဆိုတာ ဘယ်လောက် ပျော်စရာကောင်းလဲဆိုတာ လက်တွေ့ပြချင်တယ်လို့ မလေးရှားနိုင်ငံက “ရာရွှင်းဆာရာဝါနာ” က ဆိုပါတယ်။ သူ့ရဲ့တင်ဆက်မှုမှာ ဒိုင်လူကြီးတွေ စိတ်ကြိုက်ရွေးချယ်တဲ့ ကဏန်းအတွဲတွေကိုအပေါင်း၊အနုတ်၊အမြောက်၊အစားအားလုံးနဲ့ ကဏန်းပေါင်းစက်ကအဖြေမထုတ်မီမှာ တတွက်တွက်နဲ့ ဆက်တိုက် ပြောသွားတဲ့အတွက် ဒိုင်တွေနဲ့ ပရိသတ်တွေအံ့သြခဲ့ရပါတယ်။







သူ့ကို ကြည့်ပြီး Myanmar’s Got Talent Season 4 မှာ ဝင်ရောက် ယှဉ်ပြိုင်သွားခဲ့တဲ့ ပြိုင်ပွဲဝင် “ရာရှင်းသန့်” ကိုတောင် သတိရမိသွားပါတယ်။ သင်္ချာပါရမီရှင်နှစ်ဦးရဲ့အမည်ကလည်း ထူးဆန်းစွာနဲ့ ခပ်ဆင်ဆင်တူတယ်နော် “ရာရှင်းသန့်” နဲ့ “ရာရွှင်းဆာရာဝါနာ”..။







ယခုလာမယ့် Myanmar’s Got Talent မှာလည်း သူတို့လို သင်္ချာပါရမီရှင် ထပ်မံပေါ်ထွက်လာဦးမလားဆိုတာ စိတ်ဝင်စားစရာပါ။





Some text some message..