ဦးတင်မောင် တက္ကသိုလ်ပညာသင်ဆု လျှောက်လွှာခေါ်ယူ
edge.com.mm
|
2019-03-13

Great Wall International Co.Ltd မှ ဦးတင်မောင် တက္ကသိုလ်ပညာသင်ဆု လျှောက်လွှာခေါ်ယူနေပြီနော်။

တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ပြီး နိုင်ငံတော်အကျိုးပြုပေးမည့်

(က) ဆေးတက္ကသိုလ်၊

(ခ) နည်းပညာတက္ကသိုလ်၊

(ဂ) ကွန်ပျူတာတက္ကသိုလ်၊

(ဃ) စိုက်ပျိုးရေး တက္ကသိုလ်၊

(င) သစ်တောတက္ကသိုလ်နှင့်

(စ) တိုင်းရင်းဆေး တက္ကသိုလ်များသို့ ပညာသင်ကြားရန် စီးပွားရေးအရအခက်အခဲရှိသော ကျောင်းသား/သူများကို ပေးအပ်မည် ဖြစ်ပါသည်။

၂၀၀၅ ခုနှစ်မှ စတင်ပြီး ၂၀၁၈ ခုနှစ်အထိ ဦးတင်မောင် တက္ကသိုလ်ပညာသင်ဆု ချီးမြှင့်ရေး ကော်မတီကို ဖွဲ့စည်းပြီး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၂၁၅) ဦးအား ဘွဲ့ရသည်အထိ ထောက်ပံ့ ပေးနိုင် ခဲ့ပါသည်။

ဘွဲ့ရပြီး ကျောင်းသား၊ ကျောင်းသူ (၁၈၅၇) ဦး ရှိပြီး ဖြစ်ပါသည်။




READ - နေ့သင်တန်းကျောင်းသားများ တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေး လျှောက်ထားနိုင်

ယခင်က ထောက်ပံ့ချီးမြှင့်ငွေကို ဆေးတက္ကသိုလ်ကျောင်းသား/သူတစ်ဦးကို (၁) လ (၅၀၀၀၀/-) ကျပ်အစား တိုးမြှင့်၍ (၇၀၀၀၀/-) ကျပ်ဖြင့်လည်းကောင်းအခြား တက္ကသိုလ်များကိုလည်း တစ်ဦးကို (၁) လ (၃၅၀၀၀/-) ကျပ်အစား (၄၅၀၀၀/-) ကျပ်ဖြင့်လည်းကောင်း ၂၀၁၉ ခုနှစ်မှ စတင်ချီးမြှင့် ထောက်ပံ့ပေးမည် ဖြစ်သည်။


၂၀၁၉ ခုနှစ်မှ စတင်၍ တက္ကသိုလ်အသီးသီးတက်ရောက်နေသည့် စီးပွားရေးချို့တဲ့သူ ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်လျှောက်လွှာပုံစံဖြင့် လျှောက်ထားလိုသူများ ( ၁၂.၄.၂၀၁၉ ) ရက်နေ့ နောက်ဆုံးထား၍ ပညာသင်ဆုချီးမြှင့်ရေးကော်မတီသို့ လျှောက်ထားနိုင်သည်။

လျှောက်လွှာနမူနာပုံစံနှင့် ပူးတွဲပါရှိရမည့် စည်းကမ်းချက်များကို မိမိတို့ တက်ရောက်နေသည့် တက္ကသိုလ်ရုံးများတွင် စုံစမ်းသိရှိနိုင်ပါသည်။

လျှောက်လွှာများကို (၁၂.၄.၂၀၁၉) ရက်နေ့ နောက်ဆုံးထားပြီးအောက်ပါလိပ်စာသို့အရောက်ပေးပို့ရန် -

ဦးတင်မောင်တက္ကသိုလ်ပညာသင်ဆုချီးမြှင့်ရေးကော်မတီ

၃၁ လမ်း၊ ၇၇-၇၈ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။


ဖုန်း ၀၂-၄၀၆၁၆၅၁၊ ၀၉-၂၆၅၃၈၉၉၅၁


*** မှတ်ချက် - ပညာသင်ဆု ချီးမြှင့်ရန် ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ မြောက်ပိုင်း)၊ ချင်းပြည်နယ်များသို့ ငွေပဒေသာပင် စိုက်ထူပေးထားပြီးဖြစ်၍ ယင်းပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ နှင့် သက်ဆိုင်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် စုံစမ်းလျှောက်ထားနိုင်ပါသည်။

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ပညာသင်ဆုချီးမြှင့်ရေးဗဟိုကော်မတီ သို့ လျှောက်ထားပေးပို့ပါရန်နှင့် လျှောက်လွှာများကို ပြည့်စုံစွာ ဖော်ပြပေးမှသာ စနစ်တကျ စိစစ်ရွေးချယ်နိုင်ရန် ဖြစ်ပါသည်။




READ -အခြေခံပညာအထက်တန်းကျောင်း ပညာသင်ဆုများ လျှောက်ထားနိုင်ပြီ



Some text some message..