သမိုင်းတစ်လျှောက်အချမ်းသာဆုံးဖြစ်နေသေးတဲ့အာဖရိကန်အရွှေဘုရင်ကြီး
shwemom.com
|
2019-03-13

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်လို့ တင်စားခံခဲ့ရတဲ့ Jeff Bezos တောင်မှ ဘုရင်ကြီး Mansa Musa ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ယှဉ်ရင် ခြေဖျားတောင် မမှီသေးပါဘူး

ဒီသမိုင်းကြောင်းတွေကိုတော့ California တက္ကသိုလ်မှ တွဲဖက်သမိုင်းပါမေက္ခတစ်ဦးဖြစ်တဲ့ Rudolph Butch Ware မှ BBC နဲ့ ဆွေးနွေးချက်များမှ ကောက်နုတ်ထားတာပါ။

Musa ဟာ ၁၂၈၀ ခုနှစ်လောက်တုန်းကအုပ်ချုပ်သူမိသားစုထဲမှာ မွေးဖွားလာခဲ့ပါတယ်။အဲဒီအချိန်တုန်းက ၁၃၁၂ ခုနှစ်အထိအာဖရိကကိုအုပ်စိုးခဲ့တဲ့ Musa ရဲ့အစ်ကို Mansa Abu-Bakr လက်ထက်ပဲဖြစ်ပါတယ်။

တစ်ရက်အစ်ကိုဖြစ်သူ သမုဒ္ဒရာထဲကို လှည့်ပတ်ပြီးစစ်ဆေးကြည့်ရှုရာမှ နန်းတော်ကို ပြန်မလာနိုင်ခဲ့တော့ပါဘူး။အဲဒီအချိန် Musa လည်းအရွယ်ရောက်နေပြီဖြစ်တာကြောင့်အစ်ကိုအစားနန်းတက်ကာ ဘုရင်အဖြစ်ခံယူခဲ့ပါတယ်။






ဘုရင်ဖြစ်တဲ့အတွက် နိုင်ငံပိုင်ဆိုင်ဆိုင်သမျှ သူ့ပိုင်ဆေတွချည်းပဲမို့ နန်းတက်တဲ့အခါမှာလည်း ချမ်းသာကြွယ်ဝမှုတွေကိုအသင့်ရရှိခဲ့ပါတယ်။ ဒီအပြင်အစ်ကိုဖြစ်သူလက်ထက်ကထက် ပိုပြီး ကြွယ်ဝလာအောင်အဓိကအားကိုးအားထားပြုတဲ့ စီးပွားရေးကတော့ ကုန်သွယ်ရေးပါ။ ရွှေကုန်သွယ်ရေးတွေအပြင်အခြားသော စားသောက်ကုန်ပစ္စည်းကုန်သွယ်ရေးတွေအထိ တိုးပွားနယ်ချဲ့ကာ နိုင်ငံရဲ့ ဝင်ငွေတော်တော်များများကို ရှာဖွေခဲ့ပါတယ်။

စီးပွားရေးချဲ့ထွင်တဲ့အပြင် Musa ဟာ နယ်မြေတွေကိုလည်းအာဖရိကအတွင်းက Mali နဲ့ Timbuktu ဒေသတွေအထိ စုစုပေါင်း ၂၄ မြို့ကို နယ်မြေချဲ့ထွင်ကာ လက်အောက်သို့ရောက်အောင် သိမ်းသွင်းခဲ့ပါတယ်။ Mali ဟာအဲဒီခေတ်တုန်းက ရွှေသိပ်ထွက်တဲ့ရွှေမြို့တော်ကြီးဖြစ်တာကြောင့် Mali မှာ တိမ်မြုပ်နေတဲ့ ရွှေတွင်းတွေအားလုံးဟာ Musaအပိုင်တွေချည်းဖြစ်ခဲ့ပါတယ်။

Musa ဟာ ဘာသာရေးကိုင်းရှိုင်းသူတစ်ဦးဖြစ်တာကြောင့် Mecca သို့ ဘုရားဖူသဘောမျိုးနဲ့သွားဖို့ Sahara ကန္တာရနဲ့ Egypt ကိုတောင် ဖြတ်သွားခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေလည်း ရှိခဲ့ပါတယ်။ ခရီးသွားရင်း ကိုင်ရိုမှာ (၃)လတာ စတည်းချခဲ့ပါသေးတယ်။ ဒီအတောအတွင်း တွေ့သမျှလူတွေကို ရွှေလက်ဆောင်ပေးတဲ့အတွက်အရှေ့အလည်ပိုင်းရွှေဈေးကွက်မှာ ဈေးကျမှုတွေဖြစ်ပေါ်ကာ ဈေးကွက်ယိုင်နဲ့မှုကြောင့်အီဂျစ်မှာစီးပွားရေးအရ ၁.၁ ဘီလီယံကျော်ဆုံးရှုံးမှုတွေ ရှိခဲ့ပါသေးတယ်။ နန်းတော်ကိုပြန်တဲ့အချိန်မှာတော့ စီးပွားရေးဆုံးရှုံးသွားတဲ့အီဂျစ်ကို ရွှေတွေတော်တော်များများ ချေးငှားပေးခဲ့ပါသေးတယ်။


Alamy

Musa ဟာအာဖရိကအနောက်ပိုင်းဒေသများကို ပညာရေးနဲ့ စတင်မိတ်ဆက်ပေးခဲ့တဲ့ ဘုရင်တစ်ပါးလည်းဖြစ်ပါတယ်။ စာသင်ကျောင်းတွေ၊ စာကြည့်တိုက်တွေနဲ့ ဘုရားကျောင်းတွေကို ဆောက်လုပ်ပေးတဲ့အပြင်အနုပညာနဲ့ ဗိသုကာပညာရပ်ကိုလည်းအားပေးမြှောက်စားခဲ့သူတစ်ဦးပါ။ စာပေနဲ့အနုပညာကို ဘယ်လောက်ချစ်မြတ်နိုးလိုက်သလဲဆိုရင် Egypt မှ Mecca သိုု့အပြန် ပရောဖက် Muhammad နဲ့ ကဗျာဆရာ Andalusian တို့ရဲ့စာပေတွေကို ရွှေ ၂၀၀ကီလိုဂရမ် (ယနေ့ပေါက်ဈေး ၆.၃ မီလီယံတန်ကြေးရှိ) နဲ့ လဲလှယ်ကာ ပြန်သယ်ခဲ့ပါတယ်။ Musa ရဲ့ ချမ်းသာကြွယ်ဝမှုကိုတွေကိုတော့ တိုင်းတာလို့ကိုမရနိုင်ပါဘူး။


Source: The Sun


Penny






Some text some message..