SEAMEO CHAT သင်တန်း ထပ်မံခေါ်ယူ
edge.com.mm
|
2019-03-29




အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများအဖွဲ့ ဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဓလေ့ဌာန SEAMEO CHAT မှ ဖွင့်လှစ်သင်ကြားပေးမည့် CHAT Communication in English Language Course, Basic Level I (2/2019) သင်တန်းကို ထပ်မံဖွင့်လှစ်မည် ဖြစ်ပါသည်။


သင်တန်းအမည် - CHAT Communication in English Language Course, Basic Level I (2/2019)


သင်တန်းဖွင့်လှစ်မည့်နေရာ - ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့်ရိုးရာဓလေ့ဌာန ပြည်လမ်း၊ ရန်ကုန်မြို့။


သင်တန်းဝင်ခွင့်အရည်အချင်း - သင်တန်းတက်ရောက်လိုသူများသည်အနိမ့်ဆုံးအခြေခံပညာအထက်တန်းအောင်မြင်ပြီး CHAT Communication in English Course ဝင်ခွင့်စာမေးပွဲတွင် သင်တန်းက လက်ခံနိုင်သော လူဦးရေနှင့်အညီ သတ်မှတ် ထားသောအောင်လက်မှတ်ရရှိသူများ ဖြစ်ရမည်။


သင်တန်းလက်ခံမည့်ပုံစံ - ၃-၄-၂၀၁၉ ရက် နံနက် ၉းဝဝနာရီတွင် SEAMEO CHAT Facebook တွင် ဖော်ပြ ထားသော Link မှ တစ်ဆင့် သင်တန်းဝင်ခွင့်ပုံစံ (Online Registration Form) ကို ဖြည့်သွင်းပြီး တင်သွင်း ရန်ဖြစ်ပါသည်။


(ဝင်ခွင့်စာမေးပွဲဖြေဆိုရမည့်အချိန်၊ နေ့ရက်၊ နေရာတို့ကို SEAMEO CHAT facebook တွင် လည်းကောင်း၊ SEAMEO CHAT ဌာနတွင်လည်းကောင်း ဖော်ပြထားမည်ဖြစ်ပါသည်။)








Some text some message..