အစိုးရနည်းပညာအထက်တန်းကျောင်း သင်တန်းဝင်ခွင့် မေလအတွင်းခေါ်ယူမည်
edge.com.mm
|
2019-03-29




အဋ္ဌမတန်းအောင်မြင်ပါက တက်ရောက်နိုင်မည့်အစိုးရနည်းပညာအထက်တန်းကျောင်း သင်တန်း ဝင်ခွင့်ကို မေလအတွင်းခေါ်ယူ မည်ဖြစ်သည်။


တစ်နိုင်ငံလုံးရှိအစိုးရနည်း ပညာအထက်တန်းကျောင်း ၃၅ ကျောင်းတွင် နည်းပညာသင်တန်း များဖွင့်လှစ်မည်ဖြစ်ပြီးအဋ္ဌမ တန်းအောင်မြင်ထားသူများဝင် ခွင့်လျှောက်ထားနိုင်သည်။


အဆောက်အအုံ နည်း ပညာ၊အီလက်ထရွန်နစ် နည်း ပညာ၊ လျှပ်စစ်နည်းပညာ၊ မော် တော်ယာဉ်နည်းပညာ၊ စက် ပစ္စည်းအစိတ်အပိုင်းများ ထုတ် လုပ်ခြင်းနည်းပညာ၊ ရေခဲ သေတ္တာနှင့် လေအေးပေးစက် နည်းပညာ၊ သတ္တု ပစ္စည်းထုတ် လုပ်မှုနည်းပညာ၊ သုတနည်း ပညာသင်တန်းတို့ကိုအစိုးရ နည်းပညာအထက်တန်းကျောင်း များတွင် သင်ကြားမည်ဖြစ်ပြီးသင်တန်းကာလ ၂ နှစ် တက်ရောက် ရမည်ဖြစ်သည်။


အစိုးရနည်းပညာအထက် တန်းကျောင်းများတွင် သင်ကြား သည့် နည်းပညာဘာသာရပ် ရှစ် ခုအနက် တစ်ခုကိုကျောင်းသား၊ ကျောင်းသူများ ရွေးချယ်သင်ယူ နိုင်ပြီးသင်တန်း ဒုတိယနှစ် မအောင်မြင်ပါကလည်း တက္က သိုလ်ဝင်စာမေးပွဲကို ပြင်ပဖြေ ဆိုနိုင်သည်။


‘‘ရှစ်တန်းအောင်ရင် THS (အစိုးရနည်းပညာအထက်တန်း ကျောင်း) တက်လို့ရပါတယ်။ သင်တန်း ၂နှစ်တက်ပြီး ထူးချွန် ရင် A.G.T.I ဆက်တက်နိုင် တယ်။ A.G.T.I မှာထူးချွန်ရင် နည်းပညာတက္ကသိုလ်အထိဆက် သွားနိုင်တဲ့အခွင့်အလမ်းတွေ ပေးထားပါတယ်။ ဝင်ခွင့်ကနှစ် စဉ်မေလအောင်စာရင်းတွေ ထွက်ပြီးချိန်လောက်ခေါ်လေ့ရှိ တယ်’’ ဟုအစိုးရနည်းပညာအ ထက်တန်းကျောင်း ကျောင်းအုပ် ကြီးတစ်ဦးကပြောသည်။


သင်တန်းဝင်ခွင့် လျှောက် ထားနိုင်ကြောင်း နိုင်ငံပိုင်သတင်း စာများမှ ကြေညာမည်ဖြစ်ပြီး တက်ရောက်လိုသည့်အစိုးရနည်း ပညာအထက်တန်းကျောင်းတွင် သင်တန်း ဝင်ခွင့်လျှောက်ထားရ မည်ဖြစ်သည်။


သင်တန်းတက်ရောက်မည့် သူသည် နည်းပညာနှင့်သက်မွေး လုပ်ငန်းသဘောနှင့်လိုက်လျော ညီထွေဖြစ်ရမည့်အပြင် ကျန်း မာရေးကောင်းမွန်ပြီး လက်တွေ့ လုပ်ငန်းနှင့် စက်ရုံ၊ ကုမ္ပဏီများ သို့ကွင်းဆင်းဆောင်ရွက်နိုင်ရ မည်ဟု သတ်မှတ်ထားသည်။


တက်ရောက်ခွင့် ရသူများအားအစိုးရကတစ်လလျှင် ကျပ်သုံးသောင်း သင်တန်းကြေး ထောက်ပံ့မည်ဟု ပညာရေးဝန် ကြီးဌာနက ကြေညာထားသည်။


အစိုးရနည်းပညာအထက် တန်းကျောင်းများကို ပူတာအို၊ မြစ်ကြီးနား၊ ဗန်းမော်၊ လွိုင်ကော်၊ ဘားအံအပါအဝင် ၃၅ မြို့တွင် ဖွင့်လှစ်ထားသည်။


READ - SEAMEO CHAT သင်တန်း ထပ်မံခေါ်ယူ

source; 7day








Some text some message..