ပညာရေးကောလိပ် PPTT သင်တန်းသားများအား ပညာသင်ထောက်ပံ့ကြေးပေးမည်
edge.com.mm
|
2019-03-29




လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) သင်တန်းသားများအားအစိုးရက တစ်လလျှင် ကျပ်သုံးသောင်း ပညာသင်ထောက်ပံ့ကြေး ပေးမည်ဟုအဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောသည်။


မူလတန်းပြအဖြစ် ခန့်အပ်မည့် လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာ သင်တန်း (PPTT) သင်တန်းသား ဦးရေကို ယခင်နှစ်ထက် နှစ်ထောင်တိုးကာ တစ်သောင်း ခေါ်ယူမည်ဖြစ်ပြီး သင်တန်း ဝင်ခွင့်ရ စာရင်းကို မတ်လ ၂၅ ရက်တွင်ကြေညာရန် စီစဉ်ထားသည်ဟု ၎င်းကဆို သည်။


သင်တန်းတက်ရောက်ခွင့်ရသူအားလုံးကို သင်တန်းကာလ စာတွေ့လေးလအတွက် တစ်လလျှင် ကျပ်သုံးသောင်းနှုန်း၊ စာသင်ကျောင်းများတွင် တန်းပြဆရာမအဖြစ် လက်တွေ့ဆင်းရမည့် နှစ်လတွင် ကျောင်းဖွင့်ရက် တစ်ရက်လျှင် ကျပ် ၁,၁၀၀ နှုန်း ပညာရေး ဘတ်ဂျက်မှ ထောက်ပံ့မည်ဖြစ် သည်။


‘‘ပညာရေးကောလိပ်က သင်တန်းသားဆရာ၊ ဆရာမ လောင်းတွေအတွက် ပညာရေး ဝန်ကြီးဌာနက ပံ့ပိုးပေးတဲ့သဘော ပါ။ တခြားဆရာအတတ်ပညာ ဒီပလိုမာ (D.TEd) သင်တန်း သားတွေကိုလည်း တစ်လသုံး သောင်းပညာသင်နှစ်ပြီးတဲ့အထိ ပံ့ပိုးပေးပါတယ်’’ ဟု ဒေါက်တာအောင်အောင်မင်းကပြောသည်။


PPTT သင်တန်းကိုတစ်နိုင်ငံ လုံးရှိပညာရေးကောလိပ်များ၌ ဧပြီလအတွင်း စတင်ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်း ဝင်ခွင့်ရွေးချယ်ခံ ရပြီး သင်တန်းမတက်ရောက်ပါ က လျော်ကြေးကျပ်သုံးသိန်းပေး ဆောင်ရန် ပညာရေး ဝန်ကြီးဌာန ကသတ်မှတ်ထားသည်။


ထို့အ ပြင် သင်တန်းပြီးဆုံးသည်အထိ မတက်ရောက်ပါက လစဉ်ပေးအပ်ထားသည့် ပညာသင်ထောက် ပံ့ကြေးများ ပြန်လျော်ရမည်ဟု သတ်မှတ်ထားသည်။


PPTT သင်တန်းသို့အသက် (၃၀) နှစ်ထက် မကြီးသည့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ များနှင့် ဝန်ထမ်းဖြစ်ပါက (၃၅) နှစ်ထက်မကြီးသူများကို သက် ဆိုင်ရာဌာန ဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲ ခွင့်ပြုချက်ဖြင့် လျှောက်ထားခွင့်ပြုခဲ့သည်။


PPTT သင်တန်းများကိုတစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ် များတွင် ဖွင့်လှစ်မည်ဖြစ်ပြီး စာ တွေ့လေးလ၊အခြေခံပညာ ကျောင်းများတွင် လက်တွေ့နှစ် လ တက်ရောက်ရမည်ဖြစ်သည်။


သင်တန်း တက်ရောက်စဉ် ပညာရေးကောလိပ်များ၌အ ဆောင်နေထိုင်ရမည် ဖြစ်ပြီး ကျောင်းစည်းကမ်း၊အဆောင် စည်းကမ်း၊ ကျောင်းဆောင်စည်း ကမ်းများ ချိုးဖောက်ပါကအရေး ယူခံရမည်ဖြစ်ကြောင်း ပညာရေး ကောလိပ်များက ကြေညာထား သည်။


မူလတန်းပြ ဆရာလိုအပ် ချက်ဖြည့်ဆည်းရန် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်း (PPTT) ကို ၂၀၁၄တွင် ပထမအကြိမ် စတင်ဖွင့်လှစ်ခဲ့သည်။


Source: 7day








Some text some message..