Global English သင်တန်း မေလတွင် ခေါ်မည်
edge.com.mm
|
2019-03-29




၁။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့်အင်္ဂလိပ်ဘာသာစကားအမျိုးသားဗဟိုဌာနနှင့် ရန်ကုန်တက္ကသိုလ်၊အင်္ဂလိပ်စာဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Global English Course (2/2019) ကို ဖွင့်လှစ်မည် ဖြစ်ပါသည်။


၂။ Basic Level တက်ရောက်လိုသည့် သင်တန်းသူ/သားအသစ်များသည် ၁၀.၅.၂၀၁၉ ရက်နေ့ နံနက် ၀၉းဝဝနာရီတွင်အောက်ဖေါ်ပြပါ website link ၌ ဝင်ခွင့်ပုံစံဖြည့်စွက် လျှောက်ထား နိုင်ပါသည်။


ဦးစွာ ရောက်ရှိပြီး ပြည့်စုံသော လျှောက်လွှာများကို ဦးစားပေးအစီအစဉ်အတိုင်း သတ်မှတ်ဦး ရေပြည့်သည်အထိ လက်ခံမည်ဖြစ်ပါသည်။


တက်ရောက်ခွင့်ရသူများ၏အမည်စာရင်းကို ၁၄.၅.၂၀၁၉ ရက်နေ့ တွင်အဆိုပါ website link ၌ ထပ်မံကြေငြာပါမည်။


၎င်းအမည်စာရင်းတွင် ပါဝင်သူများသည် ရန်ကုန်တက္ကသိုလ်၊ ပင်လုံဆောင်၌ သတ်မှတ်ရက်တွင်း လူကိုယ်တိုင် လာရောက် သင်တန်းကြေးပေးသွင်းရမည်ဖြစ်ပါသည်။


Online registration လုပ်ရန် Website Link: register.ncel.edu.mm


၃။ ကျန် Level များကို တက်ရောက်မည့် သင်တန်းသူ/သားများသည် Online မှ လျှောက်ရန်မလိုဘဲ လူကိုယ်တိုင် သင်တန်း ပြန်လည်အပ်နှံ တက်ရောက်နိုင်ပါသည်။


ငွေလက်ခံမည့်နေရာ - ရန်ကုန်တက္ကသိုလ်၊ ပင်လုံဆောင် (Judson Church နှင့်ကပ်လျက်)


သင်တန်းပို့ချမည့်အချိန်


- Weekday (WD) – တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ (နံနက် ရးဝဝနာရီမှ ၉းဝဝနာရီ)


- Weekend (WE 1) – စနေ၊ တနင်္ဂနွေ၊ (နံနက် ၉းဝဝနာရီမှ ၁၂းဝဝနာရီ)


- Weekend (WE 2) – စနေ၊ တနင်္ဂနွေ (နေ့လည် ၁းဝဝနာရီမှ ၄းဝဝနာရီ)


ပညာအရည်အချင်း - မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနမှအသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။


လိုအပ်သောစာရွက်စာတမ်းများ - ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူ၊ မှတ်ပုံတင်မူရင်း၊ ဓါတ်ပုံ (၄)ပုံ ၊


နိုင်ငံဝန်ထမ်းဖြစ်ပါက - ဝန်ထမ်းကဒ် မူရင်းနှင့် မိတ္တူ၊ သက်ဆိုင်ရာ ကျောင်းရုံး၊ ဌာနမှ တာဝန်ခံအကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပြုစာ


လျှောက်လွှာဖြည့်ရာတွင် လိုအပ်မည့်အချက်အလက်များ ( in English )


1. Name


2. Father's name


3. NRC No.


4. Date of Birth


5. Occupation (Job)


6. Address


7. Phone No.


8. e-mail address


9. Degree (B.A/ B.Sc, etc.)


အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း ၀၉-၂၅၁၂၀၀၃၈၄၊ ၀၉-၉၅၅၃၂၉၁၀၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။





Some text some message..