ရန်ကုန်စီးပွားရေးတက္ကသိုလ် မဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာ သင်တန်းဝင်ခွင့် လျှောက်လွှာ ခေါ်ယူခြင်း
edge.com.mm
|
2019-03-29




၁။ ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ (၂၀၁၉-၂၀၂၀) ပညာသင်နှစ်အတွက် ဖွင့်လှစ်မည့်အောက်ပါ မဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန် ဒီပလိုမာသင်တန်းတို့သို့ ဝင်ခွင့် လျှောက်ထားနိုင်ပါသည်။


မဟာဘွဲ့ သင်တန်းများ


(က) စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုုမဟာဘွဲ့ (MBA)


(ခ) ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပညာမဟာဘွဲ့ (MPA)


(ဂ) ဖွံ့ ဖြိုးရေးပညာမဟာဘွဲ့ (MDevS)


(ဃ)အသုံးချ စာရင်းအင်းပညာမဟာဘွဲ့ (MAS)


ဘွဲ့လွန်ဒီပလိုမာသင်တန်း


(က) စီမံအုပ်ချုပ်မှု ပညာဒီပလိုမာ (DMA)


၂။အဆိုပါ မဟာဘွဲ့ သင်တန်းများနှင့် ဘွဲ့လွန် ဒီပလိုမာသင်တန်းတို့အတွက်အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် -


(က)အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။


(ခ) တက္ကသိုလ်တစ်ခုခုတွင်အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရ။


(ဂ) သက်ဆိုင်ရာ သင်ရိုးနှင့်အညီ သတ်မှတ်ထားသောအချိန်အတိုင်း ပြည့်မီစွာ တက်ရောက်နိုင်သူ ဖြစ်ရမည်။


(ဃ) MAS သင်တန်းအတွက် (၁-၆-၂၀၁၉) ရက်နေ့တွင်အသက်(၂၅)နှစ်


ပြည့်ပြီးသူဖြစ်ရမည်။ လုပ်ငန်းခွင်တွင် လုပ်သက်အနည်းဆုံး (၂)နှစ် ၊


အတွေ့အကြုံရှိသူဖြစ်ရမည်။အခြေခံကွန်ပျူတာကျွမ်းကျင်သူဖြစ်ရမည်။


(င) DMA သင်တန်းအတွက် (၁-၆-၂၀၁၉) ရက်နေ့တွင်အသက်(၂၅)နှစ် ပြည့်ပြီး သူဖြစ်ရမည်။အဆိုပါသင်တန်းသို့အစိုးရဌာနများမှ ဘွဲ့ ရအရာထမ်းများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများတွင် စီမံခန့်ခွဲမှု တာဝန်ထမ်းဆောင်နေသော ဘွဲ့ရပုဂ္ဂိုလ်များ လျှောက်ထားနိုင်သည်။


၃။ သင်တန်းနှင့်သက်ဆိုင်သော စာရွက်၊ စာတမ်းများနှင့် သတ်မှတ်ထားသည့်


လျှောက်လွှာပုံစံများကို ဖော်ပြပါ ဌာနများ၌ (၁-၄-၂၀၁၉) မှ (၇-၅-၂၀၁၉)အထိ ရယူပြီး (၇-၅-၂၀၁၉) ရက် (အင်္ဂါနေ့) နောက်ဆုံးထား၍ ပြန်လည် တင်သွင်းလျှောက်ထားနိုင်ပါသည်။


(က) MBA သင်တန်းအတွက် စီမံခန့်ခွဲမှု ပညာဌာန (ပတ္တမြားဆောင်)၊ ပါရမီလမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်


(ခ) MPA သင်တန်းအတွက်အသုံးချဘောဂဗေဒဌာန (အခန်း-၁၁၂)၊ ရန်ကုန်စီးပွားရေး တက္ကသိုလ် (ကမာရွတ်နယ်မြေ)၊အင်းလျားလမ်း။


(ဂ) MDevS သင်တန်းအတွက် ဘောဂဗေဒဌာန (အခန်း၁၀၆)၊ ရန်ကုန်စီးပွားရေး တက္ကသိုလ် (ကမာရွတ်နယ်မြေ)၊အင်းလျားလမ်း။


(ဃ) MAS သင်တန်းအတွက် စာရင်းအင်းပညာဌာန (အခန်း-၂၁၂)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၊အင်းလျားလမ်း။


(င) DMA သင်တန်းအတွက် သင်တန်းရေးရာ ဌာန၊ ရန်ကုန်စီးပွားရေး တက္ကသိုလ် (ကမာရွတ်နယ်မြေ)၊အင်းလျားလမ်း။


၄။ သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲများကိုအောက်ပါနေရာများ၌ ကျင်းပပါမည်။


(က) MBA သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို (၁၂.၅.၂၀၁၉) တနင်္ဂနွေနေ့၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်(လှိုင်နယ်မြေ)၊ ပါရမီလမ်း။


(ခ) MPA, MDevS, MAS နှင့် DMA သင်တန်းများ၏ ဝင်ခွင့်ရေး စာမေးပွဲ- (၁၂.၅.၂၀၁၉) တနင်္ဂနွေနေ့၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) ၊အင်းလျားလမ်း။


၅။ သင်တန်း(၅)မျိုးလုံးအတွက် ဝင်ခွင့်စာမေးပွဲတွင် သတ်မှတ်အဆင့်မီသူ များအား လူတွေ့ စစ်ဆေး ရွေးချယ်၍ သင်တန်းသားဦးရေ ကန့်သတ်လက်ခံပါမည်။


၆။ MBA သင်တန်းအတွက် ဖုန်းအမှတ် (၀၁-၆၆၄၆၈၄)၊ MPA သင်တန်းအတွက် ဖုန်းအမှတ် (၀၉-၄၃၁၂၇၂၃၆)၊ MDevS သင်တန်းအတွက် ဖုန်းအမှတ် (၀၁-၅၁၀၂၁၃)၊ MAS သင်တန်းအတွက် ဖုန်းအမှတ် (၀၉-၂၆၅၆၁၆၆၇၇)၊ DMA သင်တန်းအတွက် ဖုန်းအမှတ် (၀၁-၅၂၆၆၁၃)တို့တွင်အသေးစိတ် မေးမြန်းစုံစမ်းနိုင် ပါသည်။





Some text some message..