ကွင်းကောက် ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီကြီးတည်ထားရန် ငွေများလှူဒါန်း
mmtimes.com
|
2019-03-22



ဧရာဝတီတိုင်းဒေသကြီးအင်္ဂပူမြို့နယ် ကွင်းကောက်မြို့တွင်အောက်မြန်မာနိုင်ငံ တစ်ခုလုံး၏ ကျက်သရေဆောင်ဖြစ်စေမည့် "ဝိဇယသိဒ္ဓိ ကျောက်စိမ်းစေတီတော်" မြတ်ကြီးအား ကွင်းကောက်မြို့ရှိ ရှေးဟောင်းသမိုင်း ဝင် နန္ဒာလ၊ နန္ဒာမုနိ၊ နန္ဒသီရိစေတီတော်ကြီး သုံးဆူတို့၏ ပရိဝုဏ်အတွင်းရှိ "ဇေယျမင်္ဂလာ" ကုန်းတောင်ပေါ်(ယာပုံ)တွင် တည်ထားလျက်ရှိ သည်။


ရာခိုင်နှုန်း

စေတီတော်မြတ်ကြီးအား မြန်မာပြည်မှ ထွက်ရှိသည့် ကျောက်စိမ်းတန်ချိန် ၁၅၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းတည်ဆောက်ခဲ့ရာ ယခုအခါ ကျောက်စိမ်းတန်ချိန် ရာခိုင်နှုန်း ၅၀ ကျော် ပြီးမြောက်နေပြီဖြစ်သည်။


လှူဒါန်း

ထိုကျောက်စိမ်းစေတီတော်မြတ်ကြီးအား သဒ္ဓမ္မဂုဏ်ရည်ဆရာတော်ဦးဆောင်၍ ခုနစ်ရက်သားသမီးများကောင်းမှုဖြင့် တည်ထား ခြင်းဖြစ်ပြီးအလိုရှိအပ်သော ကောင်းကျိုးကို လျင်မြန်စွာရရှိပြည့်စုံစေရန် စိတ်ရည်သန်လျက် "ဝိဇယသိဒ္ဓိ" ဟု ဆရာတော်က ဘွဲ့တော်ဆက်ကပ် ပူဇော်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး မြန်မာ ပြည်အောက်ပိုင်းဒေသ တစ်ခုလုံးအတွက် ဂုဏ်တင့်စေမည့် ထိုစေတီတော်မြတ်ကြီးအား မြန်မာပြည်မြောက်ဖျားဒေသမှ တန်ဖိုးကြီးမား သည့် တွင်းထွက်ရတနာဖြစ်သော ကျောက်စိမ်း များဖြင့် တည်လျက်ရှိနေသဖြင့် ထူးကဲကြုံကြိုက် ခဲသော ကုသိုလ်ထူးများရရှိစေရန် ပြည်သူအများ လည်း သဒ္ဓါပွားများကာ လှူဒါန်းလျက်ရှိကြသည်။


တည်ဆောက်ရေး

ထိုသို့ ကုသိုလ်ရှင်များ ပါဝင်လှူဒါန်းလျက် ရှိရာ မတ် ၂၀ ရက်က ရန်ကုန်မြို့ ပုဇွန်တောင် မြို့နယ် လိပ်ကန်လမ်းတိုက် ၈အခန်း ဝ၀၃ နေ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဘေဘီဝင်း၊ ဦးသန်း မောင်၊ ဒေါ်စန်းရီ မိသားစုတို့က သာသနာ့ဗိမာန် တော်ကြီး တည်ဆောက်ရန်အတွက်အလှူငွေ ကျပ်သိန်း ၁၅၀ဝကို သဒ္ဓမ္မ ဂုဏ်ရည်ဆရာတော်ထံ ရေစက်သွန်းချလှူဒါန်းခဲ့သည်။ ထို့အတူ ရန်ကုန် မြို့နေ ဦးတင်ချို–ဒေါ်ဝင်းဝင်းကြည်၊ သမီးကြီး မအေးနန္ဒာချို၊ သမီးလတ်မဖြိုးဥမ္မာချို၊ သားငယ် ကိုဝဏ္ဏအောင် မိသားစုတို့က ဆန္ဒတော်ပြည့် ကျောက်စိမ်း ရုပ်ပွားတော်နှင့် တန်ဆောင်းတော်၊ ပင်မမုခ်ဦးကြီး၊ မဟာရံတံတိုင်းအတွက်အလှူ ငွေကျပ်သိန်း ၈၆၀ ကို ဆရာတော်ထံ ဆက်ကပ် လှူဒါန်းခဲ့သည်။

ရန်ကုန်မြို့နေ ဆရာမကြီး ဒေါ်သန်းသန်း ဆင့်မိသားစုက ဘုရားဖူးများနားနေဆောင်အတွက် ကျပ်သိန်း ၉၀ ကိုလည်းကောင်း၊ ဦးစိုးနိုင်–ဒေါ်ခင်ခင်ဖြူ မိသားစုက ကျပ်သိန်း ၉၀ ကိုလည်းကောင်း စုစုပေါင်း သိန်း ၁၈၀ လှူဒါန်းခဲ့သည်။ ရန်ကုန်မြို့နေ ဒေါ်ခင်သန်း ဝင်း မိသားစုတို့က သာသနာ့မြေ (ပေ ၄၀ _ ပေ ၆၀) မြေတစ်ကွက်အတွက်အလှူငွေကျပ် ၁၂ သိန်းတို့ကို ရေစက်သွန်းချလှူဒါန်းခဲ့သည်။

ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော်မြတ် ကြီးမှာ ဉာဏ်တော် ၃၇ ပေ၊ (ပန်းတင်ခုံနှစ်ထပ်) ဖြင့် တည်လျက်ရှိပြီး လုံးပတ်တော်တွင် ပွင့် တော်မူပြီး ဘုရားလေးဆူနှင့် ဗုဒ္ဓဝင်ရုပ်လုံး ရုပြွ်ကများ မြန်မာ့အနုလက်ရာ ပန်းများကို ကျောက်စိမ်းများဖြင့် ပုံဖော်အလှဆင်လျက် သပ္ပာယ်စွာ ဖူးမြော်နိုင်ရန် တည်ထားလျက်ရှိသည်။

ယခုအခါ ယင်းတည်ထားလျက်ရှိသည့် ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော်မြတ်ကြီးနှင့်အတူ နှစ်ပေါင်း ၄၀ဝ ကျော် သက်တမ်းရှိ သမိုင်းဝင် နန္ဒာလစေတီ၊ နန္ဒာမုနိစေတီ၊ နန္ဒ သီရိစေတီတော်တို့အား ဇေယျမင်္ဂလာကုန်း တော်ပေါ်တွင် တစုတဝေးတည်း ဖူးမြော်ကြည်ညို နိုင်ကြတော့မည်ဖြစ်သည်။




Some text some message..