ပဲခူးတိုင်းဒေသကြီး၌ ကိုယ်ပိုင်ကျောင်း ၂၉ ကျောင်း ထပ်တိုးလျှောက်ထား
mmtimes.com
|
2019-05-08



ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဘာသာရပ် သင်ကျူရှင်အချို့သည် ယခုပညာသင်နှစ်၌ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းအဖြစ် ၂၉ ကျောင်း ထပ်တိုးလျှောက်ထားလာကြောင်း သိရသည်။

"အခုနှစ်မှာ ကိုယ်ပိုင်ကျောင်း ထပ်တိုး လျှောက်ထားမှုကအရင်နှစ်ထက် ပိုမိုမြင့်တက် လာတယ်။အဓိကအားဖြင့် ဘာသာရပ်သင် ကျူရှင်တွေကနေ ကိုယ်ပိုင်ကျောင်းအဖြစ် ပြောင်းလဲလျှောက်ထားမှုတွေ ရှိလာလို့ပါ}} ဟု ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေး မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။


ပြေစာသာကိုင်ဆောင်ထား

ပဲခူးတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကကိုယ် ပိုင်ကျောင်းလျှောက်ထားမှုတွင် ပညာရေး ဝန်ကြီးဌာနက ချမှတ်ထားသည့် မူဝါဒအတိုင်းအခွန်ပေးဆောင်ရမည်ဖြစ်သည်။အခွန်ဦးစီး ဌာနစိစစ်မှုဖြင့် ပညာရေးဝန်ကြီးဌာနသို့ မြန်မာ့ စီးပွားရေးဘဏ်မှတစ်ဆင့် တိုက်ရိုက်အခွန်ပေး ဆောင်ရမည်ဖြစ်ပြီး တိုင်းဒေသကြီးပညာရေး မှူးရုံးအနေဖြင့် စာရင်းစစ်အစစ်ခံရန် ပြေစာ စာရွက်သာကိုင်ဆောင်ထားကြောင်း သိရသည်။

"ပညာရေးဝန်ကြီးဌာနက ကိုယ်ပိုင်ကျောင်းအဖြစ် ခွင့်ပြုပြီးတာနဲ့အခွန်ပေးဆောင်မှုက ဘဏ်ကတစ်ဆင့် တိုက်ရိုက်အခွန်ဆောင်ရ တာပါ။ ကျွန်မတို့အနေနဲ့ကအခွန်ပြေစာသာ ကိုင်ဆောင်ပြီး စာရင်းစစ်ခံတာပါ။ ငွေသား ကိုင်ဆောင်ခြင်း မရှိပါဘူး။အခွန်ပေးဆောင် မှုနှုန်းထားကိုလည်း ပြေစာရရှိပြီးတာနဲ့ ထုတ် ပြန်ပေးသွားမှာပါ" ဟုအဆိုပါ ပညာရေးတာဝန် ရှိသူက ပြောဆိုသည်။


ထပ်တိုးလျှောက်ထား

ပဲခူးတိုင်းဒေသကြီး၌ ၂၀၁၇-၂၀၁၈ ပညာ သင်နှစ်တွင် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ၆၅ ကျောင်း ဖွင့်လှစ်ခွင့်ပေးထားပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ၁၃ ကျောင်း ထပ်မံတိုးပေး ခဲ့ကြောင်း၊ ယခုပညာသင်နှစ် ၂၀၁၉-၂၀၂၀အတွက် ၂၉ ကျောင်း ထပ်တိုးလျှောက်ထား လာရာ ပညာရေးဝန်ကြီးဌာနက ခွင့်ပြုမှသာ လျှင်အတည်ပြုနိုင်မည်ဖြစ်သည်။

"ကိုယ်ပိုင်ကျောင်းတွေ လျှောက်ထားလာ တဲ့အခါမှာ ပညာရေးဝန်ကြီးဌာနက ချမှတ် ထားတဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ ကိုက်ညီမှသာ လျှောက်ထားခွင့်ပြုတာပါ။ ဒါကိုလည်း မြေပြင် ကွင်းဆင်းစစ်ဆေးပြီးမှ ထောက်ခံပေးတာပါ။ မြေနေရာဟာ ကိုယ်ပိုင်လား၊အငှားလား၊အထောက်အထားပြည့်စုံရဲ့လားဆိုတာ စစ် တယ်။ သဘာဝပတ်ဝန်းကျင် ထောက်ခံချက် တွေ၊ ချမှတ်ထားတဲ့အထောက်အထားတွေ ပြည့်စုံမှ ထောက်ခံပေးပြီးအခြေခံပညာဦးစီး ဌာနကိုတစ်ဆင့် ပညာရေးဝန်ကြီးဌာနထံတင် ပြတာပါ" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။


ကြပ်မတ်

ပဲခူးတိုင်းဒေသကြီးတွင် ပညာသင်နှစ် သုံးနှစ်တာကာလအတွင်း ကိုယ်ပိုင်ကျောင်း တစ်ခုမှ ကျောင်းသားတစ်ဦးအားအညိုအမည်း စွဲအောင် ရိုက်နှက်မှု၊အချို့ကိုယ်ပိုင်ကျောင်း၌ ကျောင်းသားအား ခွဲခြားဆက်ဆံမှုများ ပေါ် ပေါက်ခဲ့၍ ယင်းကဲ့သို့ ထပ်မံဖြစ်ပေါ်ခြင်းမရှိစေ ရန် ကြပ်မတ်လျက်ရှိကြောင်းသိရသည်။




Some text some message..