
ကောင်းမှုတော်စေတီတော်ကြီးတွင် လေ့လာနိုင်မည့် ကမ္ဘာ့အကြီးဆုံး စည်တော်ကြီး။ကျော်ကိုကို/မြန်မာတိုင်းမ်
ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးကို ကောင်းမှုတော်စေတီတွင် လေ့လာနိုင်မည်
ကုက္ကိုင်ပင်တစ်ပင်တည်းဖြင့် ထွင်းထုထားသည့် မြန်မာရိုးရာတူရိယာ ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးကို စစ်ကိုင်းမြို့ရှိ စူဌာမဏီ ကောင်းမှုတော်စေတီတော်ကြီးတွင် လေ့လာနိုင်မည်ဖြစ်သည်။
ယင်းစည်တော်ကြီးကို ကသာခရိုင်အင်းတော်မြို့နယ် လက်ပံကုန်းကျေးရွာတွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက စတင်ထွင်းထုခဲ့ပြီး ဒီဇင်ဘာလတွင် ပြီးစီးခဲ့သည်။
အမြင့် ၅ ပေ ၄ လက်မ၊အရှည် ၁၀ ပေ ၈ လက်မ၊ မျက်နှာဝ ၄ ပေ ၆ လက်မ၊ လုံးဝန်းပတ် ၁၇ ပေ ၈ လက်မ၊အလေးချိန် ခန့်မှန်း ဝ ဒသမ ၂၅ တန်ခန့်ရှိသည်။
စည်တော်ကြီး၏အတွင်းပိုင်းတွင် ဗုဒ္ဓ၏တရားဒေသနာတော်များ ရေးသားထားပြီး စည်တော်ကြီးအပြင်ဖက် တစ်ဖက်တစ်ခြမ်းတွင် ဘုရားခြေတော်ရာ (၁၀၈) ကွက်ကို ထွင်းထုထားကာ စည်တော်မျက်နှာပြင်ကို နွားသရေဖြင့် ပြုလုပ်ထားသည်။