တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုပြီးအမှတ်စာရင်းပြန်စစ်လိုသူများ လျှောက်ထားသည့် လျှောက်လွှာ ၅၀ဝ ကျော်ရှိ
myanmaplatform.com
|
2019-07-08



ရန်ကုန်၊ ဇူလိုင်

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုပြီးအမှတ်စာရင်းပြန်စစ်လိုသူများ လျှောက်ထားသည့် လျှောက်လွှာ ၅၀ဝ ကျော်ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ (၁၀)တန်းအောင်ခြင်းရှုံးခြင်းနှင့်ပတ်သက်၍အမှတ်စာရင်း ဂုဏ်ထူးရဘာသာများ၏ ရမှတ်စာရင်းများအား ပြန်လည်စိစစ်လိုသော လျောက်လွှာများသည် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ပါရမီလမ်းရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)တွင် ဇွန်လ ၁၀ ရက်နေ့ မှယခု ဇူလှိုင် ပထမပတ်ထိ လာရောက်လျှောက်ထားကြရာမှာ ယခုအခါ လျှောက်သူပေါင်း(၅၀ဝ)ဦး ကျော်ခန့်ရှိနေပြီးဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းပြန်စစ်ချင်သူ များအတွက် Complain From များကို ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ပါရမီလမ်းရှိ မြန်မာနိုင်ငံစာစစ်ဦးစီး ဌာန(ရန်ကုန်ရုံးခွဲ)နှင့် ရုံးအမှတ်(၅၂)နေပြည်တော်တို့တွင် ဝယ်ယူနိုင်ပြီး တစ်ဘာသာလျင်ကျပ် (၂၅၀ဝဝ) ခွဲဖြင့် လျှောက်ထားနိုင်ပြီး Complain From များတွင် လျှောက်ထားသူအမည်/ခုံအမှတ်/စိစစ်မည့် ဘာသာရပ်အချက်အလက်အပြည့်အစုံဖြင့် လျှောက်ထားနိုင်ကြောင်းသိရပါတယ်။

လျှောက်ထားသည့်နေ့မှ တစ်လကြာမြင့်မည်ဖြစ်ပြီး တက္ကသိုလ်ဝင် ဖြေဆိုပြီးအမှတ်စာရင်းတောင်းခံ Complain From များကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန မှတစ်ဆင့်အဆင့်မြင့်ပညာဦးစီးဌာန မှ သက်ဆိုင်ရာ တက္ကသိုလ် ပါမောက္ခ /ဌာနမှူးများကို ပြန်လည်စိစစ်စေပြီးအမှတ်စာရင်းကို ပါမောက္ခချုပ် မှတစ်ဆင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရမည်ဖြစ်ကြောင်း သိရပါတယ်။




Some text some message..