လိုအပ်သည့်ပြင်ဆင်ပြောင်းလဲမှုများဖြင့်အနာဂတ်ကောင်းအောင်ဆောင်ရွက်ရန်လိုဟု ကာကွယ်ရေးဦးစီးချုပ် ပြောကြား
mmtimes.com
|
2019-07-09

လိုအပ်သည့်ပြင်ဆင်ပြောင်းလဲမှုများဖြင့်အနာဂတ်ကောင်းအောင်ဆောင်ရွက်ရန်လိုဟု ကာကွယ်ရေးဦးစီးချုပ် ပြောကြား

အတိတ်ကို လက်ညှိုးထိုးဝေဖန်အပြစ်ရှာနေရန်မဟုတ်ဘဲအတိတ်၏အားနည်းချက်၊အားသာချက်သင်ခန်းစာများကိုဖော်ထုတ်ပြီး ပစ္စုပ္ပန်တွင် လိုအပ်သည့် ပြင်ဆင်ပြောင်းလဲမှုများနှင့်အနာဂတ်အတွက်ကောင်းအောင် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပသည့် ၂၀၁၈--၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော စစ်သည်များ၊ တပ်မတော်သား မိသားစုဝင်သားသမီးများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏သားသမီးများနှင့် ဘက်စုံပညာထူးချွန် လူငယ် များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား၌ ဂုဏ်ပြုအမှာစကားပြောကြား ရာတွင် ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။လူသားအရင်းအမြစ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာခေတ်၏ စိန်ခေါ် မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ တွင် သဘာဝသယံဇာတမည်မျှပင် ပြွေါကယ်ဝ သည်ဖြစ်စေ လူသားအရင်းအမြစ် ြွကယ်ဝမှု မရှိလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ကောင်းစွာ ဆောင် ရွက်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ယနေ့ကမ္ဘာ့ နိုင်ငံအသီးသီး တွင် လူသားအရင်းအမြစ်ပြွေါကယ်ဝစေရန်အတွက် မျိုးဆက်သစ် လူငယ်များအား ပညာရေးကဏ္ဍအထူးမြှင့်တင် ဆောင်ရွက်ပေးနေကြသည်ကို လေ့လာတွေ့ရှိ ရကြောင်း ပြောကြားသည်။


လေ့လာဆန်းစစ်

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအပေါ်အခြေခံပြီး မြန်မာ နိုင်ငံ၏ ပညာရေးအခြေအနေကို လေ့လာဆန်း စစ်ကြည့်သည့်အခါတွင် ၂၀ဝ၈-၂၀ဝ၉ ပညာ သင်နှစ်တွင် သူငယ်တန်း စတင်တက်ရောက် ခဲ့ပြီးသူများဖြစ်ပြီး ၁၂၁၈၈၀၈ ဦးရှိကြောင်း၊ မူလတန်းအောင်မြင်ပြီးအလယ်တန်းအဆင့် ပဉ္စမတန်းသို့တက်ရောက်နိုင်သူ ၇၁၂၉၅၈ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၅၈ ဒသမ ၅၀ ရာခိုင် နှုန်း တန်းစဉ် ကူးပြောင်းခဲ့သည်ကို တွေ့ရှိရပြီး ၄၁ ဒသမ ၅၀ ရာခိုင်နှုန်း ကျန်ခဲ့ကြောင်း၊အလယ်တန်းအဆင့်မှအထက်တန်းအဆင့် နဝမတန်းသို့တက်ရောက်နိုင်ခဲ့သူ ၅၆၂၇၃၁ ဦးရှိသည့်အတွက် စတင်ကျောင်းနေသူ ဦးရေ၏ ၄၆ ဒသမ ၁၇ ရာခိုင်နှုန်းရှိသည်ကိုတွေ့ရှိ ရပြီး ၅၃ ဒသမ ၈၃ ရာခိုင်နှုန်း ကျန်ခဲ့ကြောင်း၊ နဝမတန်းမှ တက္ကသိုလ်ဝင်တန်းတက်ရောက် နိုင်သူသည်လည်း ၄၉၃၈၃၇ ဦးသာရှိသဖြင့် စတင်ကျောင်းနေသူဦးရေ၏ ၄၀ ဒသမ ၅၁ ရာခိုင်နှုန်းသာရှိကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာ သင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုရာတွင် ကျောင်းတွင်း၊ ပြင်ပဖြေဆိုအင်အား စုစုပေါင်း ၈၅၁၅၂၄ ဦးရှိပြီးအောင်မြင်သူ ၂၆၇၆၉၆ ဦးအောင်မြင်ခဲ့သည့်အတွက်အောင်မြင်မှု ရာခိုင် နှုန်း ၃၁ ဒသမ ၄၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ထို့ ကြောင့် တန်းစဉ် ကူးပြောင်းနိုင်မှုမရှိဘဲ လျော့နည်းသွားသည့်အင်အားသည် မူလတန်း တွင် ၄၁ ဒသမ ၅ ရာခိုင်နှုန်း၊အလယ်တန်းတွင် ၁၂ ဒသမ ၃၃ ရာခိုင်နှုန်းရှိသည့်အတွက် ၁၀ နှစ်ကာလအတွင်းတွင် ပညာရေးအခြေအနေသည် မူလတန်းအဆင့်၊အလယ်တန်းအဆင့်ကိုကျော်လွန်ပြီးအထက်တန်းအဆင့်၊ တက္ကသိုလ်တက်ရောက်နိုင်သည့်အဆင့်ရှိသူအလွန်နည်းပါးနေသည်ကို တွေ့ရှိရသဖြင့် ဆယ်စုနှစ်များစွာမှာဆိုလျှင် နိုင်ငံအတွက် လိုအပ်သည့် ပညာတတ်အင်အားများစွာလိုအပ် ချက်ရှိနေသည်ကို သုံးသပ်တွေ့ရှိရမည်ဖြစ် ကြောင်း ထောက်ပြခဲ့သည်။


အလေးထားစေလို

ပညာရေးစနစ်များ မည်သို့ပင်ပြောင်းလဲ သင်ကြားသည်ဖြစ်စေ ကျောင်းသား ကျောင်းသူ များအနေဖြင့် သတ်မှတ်ထားသည့်အတန်း လိုက် ပညာရပ်များအားအမှန်တကယ် တတ် မြောက်ကြရန်လိုသည်ကို ဆရာဆရာမများအနေဖြင့်အလေးထားစေလိုကြောင်း၊အတိတ်ကို လက်ညှိုးထိုး ဝေဖန်အပြစ်ရှာနေရန်မဟုတ်ဘဲအတိတ်၏အားနည်းချက်၊အားသာချက် သင်ခန်းစာများကိုဖော်ထုတ်ပြီး ပစ္စုပ္ပန်တွင် လိုအပ်သည့်ပြင်ဆင်ပြောင်းလဲမှုများနှင့်အနာ ဂတ်အတွက် ကောင်းအောင်ဆောင်ရွက် ကြရန်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်။ မင်းဝဿန်




Some text some message..