နေဝင်းဟာ တစ်နိုင်ငံလုံးက သိကြတဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။Underground ကနေ Snareအဖွဲ့အနေနဲ့
ပရိသတ်တွေလက်ခံအားပေးလာတဲ့အဆိုတော်တစ်ဦးဖြစ်ပြီး ခပ်မိုက်မိုက်နဲ့အကြမ်းစား Rapတွေကို သီဆိုတတ်တဲ့ Rapperအဆိုတော်တစ်ယောက်ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ Hip Hop မှာအဖွဲ့အကြောင်းပြောမယ်ဆိုရင်တော့ Snare က မပါမဖြစ်လောက်အောင် လူငယ်တွေအားပေးခြင်းခံရတာပဲ ဖြစ်ပါတယ်။အောက်ခြေဘဝကနေရုန်းကန်ပြီးအောင်မြင်လာတဲ့ နေဝင်းကတော့ ပရဟိတလေးတွေကို ရသမျှလုပ်ဆောင်လေ့ရှိသူပဲ ဖြစ်ပါတယ်။
နေဝင်းဟာ ခရီးသွား ဘလော့ဂါ (BLogger ) မလေး ဖြစ်တဲ့အိမ့်ချစ်ချောနဲ့ ချစ်သူသက်တမ်း (၁၀)နှစ်ကျော်ဖြတ်သန်းလာခဲ့ပြီပဲ ဖြစ်ပါတယ်။ နေဝင်းနဲ့အိမ်ချစ်ချော ကတော့အောင်မြင်မှုတွေမရရှိခင်တည်းက နားလည်မှုရှိရှိနဲ့ လက်တွဲခဲ့တဲ့ စုံတွဲပဲ ဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက်လိုအပ်တာမှန်သမျှ ပါရမီဖြည့်ပေးလေ့ရှိကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့အိမ်ချစ်ချော ဟာအိမ်မှာမသုံးဖြစ်တဲ့အရုပ်တွေကိုအိမ်တိုင်ရာရောက်အလှူခံခဲ့ပြီး လှိုင်သာယာနှင့် ရွှေပြည်သာရှိ ချို့တဲ့သော ကလေးများအတွက် သွားလှူဒါန်းကြမှာကို နေဝင်းလည်းပါဝင်အားဖြည့်ထားတယ်လို့သိရပါတယ်။
အရုပ်ပေါင်း (၇၅၀)ကျော်ရရှိခဲ့တာမို့အိမ့်ချစ်ချောတစ်ယောက် သူ့ရဲ့ Travel Kueen Page ကနေ ” TravelKueen နဲ့အရုပ်ပေါင်း (၇၅၀)၊ Yseali Women နှင့်အတူ TravelKueen ကအိမ်မှာ မသုံုးဖြစ်တော့တဲ့အမွှေးပွှအရုုပ်လေးများကိုုအိမ်တိုင်ရာရောက်အလှူလိုက်ခံခဲ့ပါတယ်။ ချောအလှူခံတဲ့ (၁၀) ရက်အတွင်း ရန်ကုန်ကအများဆုံးလှူပေးကြတဲ့သူတွေ၊ နယ်ကနေကားဂိတ်ကိုအချိန်မှီ ပို့လှူပေးကြတဲ့သူတွေနဲ့အရုပ်(၂၀၀) ကြီးတောင်လှူ ပေးတဲ့ Alibaba Amusement ၊အရုပ်လိုက်ယူ၊အရုပ်တွေရေပေးကြ၊ မိုးရေထဲသယ်ပေးကြတဲ့ OMG Clothing Myanmar က လူတွေကောအားလုံးကို ရင်ထဲက ကျေးဇူးအများကြီးတင်ပါတယ်။ချောဆီကအရုပ်ပေါင်း (၇၅၀) ရယ်၊ Yseali က လိုက်အလှူခံထားတဲ့အရုပ်ပေါင်း (၇၀၀) ကျော်ရယ် ၊စုစုပေါင်းအရုပ် (၁၅၀၀) နီးပါးကို ချောတို့က ခန့်မှန်းရက် ဇူလိုင်(၁၃)မှာလှိုင်သာယာနှင့် ရွှေပြည်သာရှိ ချို့တဲ့သော ကလေးများအတွက် သွားလှူဒါန်းကြမှာပါ ။ သွားလှူတဲ့နေ့ကြရင်လည်း မုဒိတာပွားနိုင်အောင် ပုံတွေအများကြီးတင်မယ်နော် “ဆိုပြီး ဝေမျှခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးလည်း နေဝင်းတို့စုံတွဲရဲ့ ပရဟိတအလှူလေးကို သာဓုခေါ်သွားပါဦးနော်။
Source : TravelKueen
Shwe Poe@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်
“အလှူခံခဲ့တဲ့ အရုပ်ပေါင်း (၁၅၀၀)ကျော် ကို ချို့တဲ့ တဲ့လှိုင်သာယာနဲ့ ရွှေပြည်သာက ကလေးများအတွက် သွားရောက်လှူဒါန်းမယ်ဆိုတဲ့ နေဝင်း နဲ့ အိမ့်ချစ်ချော တို့စုံတွဲလေး”
နေဝင်းဟာ တစ်နိုင်ငံလုံးက သိကြတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။Underground ကနေ Snare အဖွဲ့ အနေနဲ့
ပရိသတ်တွေလက်ခံအားပေးလာတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး ခပ်မိုက်မိုက်နဲ့ အကြမ်းစား Rapတွေကို သီဆိုတတ်တဲ့ Rapper အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ Hip Hop မှာအဖွဲ့အကြောင်းပြောမယ်ဆိုရင်တော့ Snare က မပါမဖြစ်လောက်အောင် လူငယ်တွေအားပေးခြင်းခံရတာပဲ ဖြစ်ပါတယ်။အောက်ခြေဘဝကနေရုန်းကန်ပြီး အောင်မြင်လာတဲ့ နေဝင်းကတော့ ပရဟိတလေးတွေကို ရသမျှလုပ်ဆောင်လေ့ရှိသူပဲ ဖြစ်ပါတယ်။
နေဝင်းဟာ ခရီးသွား ဘလော့ဂါ (BLogger ) မလေး ဖြစ်တဲ့ အိမ့်ချစ်ချောနဲ့ ချစ်သူသက်တမ်း (၁၀)နှစ်ကျော်ဖြတ်သန်းလာခဲ့ပြီပဲ ဖြစ်ပါတယ်။ နေဝင်းနဲ့အိမ်ချစ်ချော ကတော့ အောင်မြင်မှုတွေမရရှိခင်တည်းက နားလည်မှုရှိရှိနဲ့ လက်တွဲခဲ့တဲ့ စုံတွဲပဲ ဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက်လိုအပ်တာမှန်သမျှ ပါရမီဖြည့်ပေးလေ့ရှိကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အိမ်ချစ်ချော ဟာ အိမ်မှာမသုံးဖြစ်တဲ့အရုပ်တွေကို အိမ်တိုင်ရာရောက်အလှူခံခဲ့ပြီး လှိုင်သာယာနှင့် ရွှေပြည်သာရှိ ချို့တဲ့သော ကလေးများအတွက် သွားလှူဒါန်းကြမှာကို နေဝင်းလည်းပါဝင်အားဖြည့်ထားတယ်လို့သိရပါတယ်။
အရုပ်ပေါင်း (၇၅၀)ကျော်ရရှိခဲ့တာမို့ အိမ့်ချစ်ချောတစ်ယောက် သူ့ရဲ့ Travel Kueen Page ကနေ ” TravelKueen နဲ့ အရုပ်ပေါင်း (၇၅၀)၊ Yseali Women နှင့် အတူ TravelKueen က အိမ်မှာ မသုံးဖြစ်တော့တဲ့ အမွှေးပွှ အရုပ်လေးများကို အိမ်တိုင်ရာရောက်အလှူလိုက်ခံခဲ့ပါတယ်။ ချောအလှူခံတဲ့ (၁၀) ရက်အတွင်း ရန်ကုန်ကအများဆုံးလှူပေးကြတဲ့သူတွေ၊ နယ်ကနေကားဂိတ်ကို အချိန်မှီ ပို့လှူပေးကြတဲ့သူတွေနဲ့ အရုပ်(၂၀၀) ကြီးတောင်လှူ ပေးတဲ့ Alibaba Amusement ၊ အရုပ်လိုက်ယူ၊ အရုပ်တွေရေပေးကြ၊ မိုးရေထဲသယ်ပေးကြတဲ့ OMG Clothing Myanmar က လူတွေကော အားလုံးကို ရင်ထဲက ကျေးဇူးအများကြီးတင်ပါတယ်။ချောဆီကအရုပ်ပေါင်း (၇၅၀) ရယ်၊ Yseali က လိုက်အလှူခံထားတဲ့ အရုပ်ပေါင်း (၇၀၀) ကျော်ရယ် ၊စုစုပေါင်း အရုပ် (၁၅၀၀) နီးပါးကို ချောတို့က ခန့်မှန်းရက် ဇူလိုင်(၁၃)မှာလှိုင်သာယာနှင့် ရွှေပြည်သာရှိ ချို့တဲ့သော ကလေးများအတွက် သွားလှူဒါန်းကြမှာပါ ။ သွားလှူတဲ့နေ့ကြရင်လည်း မုဒိတာပွားနိုင်အောင် ပုံတွေအများကြီးတင်မယ်နော် “ဆိုပြီး ဝေမျှခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးလည်း နေဝင်းတို့စုံတွဲရဲ့ ပရဟိတ အလှူလေးကို သာဓုခေါ်သွားပါဦးနော်။
Source : TravelKueen
Shwe Poe@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်